spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၌ အမျိုးသမီးဘောလုံးပွဲစဉ် ထည့်သွင်းကျင်းပမည်

Author

Date

Category

ကယားပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနက် ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲအားထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်းလင်းလင်းဦး
ကယားပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနက် ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲအားထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အမျိုးသမီး ဘောလုံးပွဲစဉ်များမှာ ယခင်နှစ်များတွင် ပါဝင်ခြင်းမရှိခဲ့ဘဲ ယခု ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင်မှ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အလွတ်တန်းပြိုင်ပွဲအဖြစ် သတ်မှတ်ထားပြီး အမျိုးသားဘောလုံးပြိုင်ပွဲကိုမူ လူသစ်တန်းပြိုင်ပွဲအဖြစ် သတ်မှတ်ထားသည်။

ဘောလုံး ပွဲစဉ်များကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်း ၃ နာရီ ဗိုလ်လုပွဲစဉ်များ ကျင်းပအပြီး ဆုပေးအစီအစဉ်ကိုလည်း တစ်ပါတည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခင်နှစ်များက ပုံမှန်ကျင်းပပေးခဲ့ရှိသော အားကစားနည်း ၁၆ မျိုးကိုလည်း ဇန်နဝါရီ ရ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts