spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ပြင်ဆင်ဖြည့်စွတ်ရန် ကြိုးပမ်း

Author

Date

Category

ထျိုးမြာ

အစိုးရသစ်လက်ထက် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဥပဒေကို ပြင်ဆင်ရေးဆွဲရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဥပဒေ၏ အားနည်းချက်၊ လိုအပ်ချက်များကို တွေ့ရှိခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ရန် စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ဥပဒေများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့အစီအစဉ်တွင် ဥပဒေပြု ရေးဆိုင်ရာကော်မတီက ပြင်ဆင်ရေးဆွဲထားသော ဥပဒေနှင့် ပတ်သက်သည့် အဆိုပါအစီရင်ခံစာကို တင်သွင်းဖတ်ကြားခဲ့သည်။

စည်ပင်သာယာရေးနှင့် သက်ဆိုင်သော အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လွှတ်တော်ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံကာ ပြင်ဆင်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်အတည်ပြုမည်ဖြစ်ပြီး သုံးသပ်ချက်များထွက်လျှင် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသွားမည်ဟု သိရသည်။

၂၀၁၃ ခုနစ်တွင် ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သော ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့များဥပဒေအား ပြင်ဆင်သည့်ဥပဒေအဖြစ် ပြဌာန်းအတည်ပြုရန် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ အခန်း (၃ ,၄, ၅,၆, ၇, ၈,၉,၁၀,၁၁) အတွင်းရှိ ပုဒ်မ၊ ပုဒ်မခွဲများအား အခန်းလိုက် ပြင်ဆင်ဖြည့်စွက်ချက်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

spot_img
spot_img

Recent posts