ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်စာဖြန့်ဝေသူ ၂ ဦးကို ထပ်မံ တရားစွဲဆို

တရားရုံး၏ ဆင့်ခေါ်စာ(ဓါတ်ပုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၏ မြို့နယ် ၂ ခုတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် လူ ၈ ဦးအား တရားစွဲဆိုထားပြီးနောက် ဖါးဆောင်းမြို့နယ်အာဏာပိုင်က နောက်ထပ် လူ ၂ ကို ထပ်မံတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ခွန်း​ကောရီယိုနှင့် ကိုဘွဲ့ထူးတို့ နှစ်ဦးက ဖား​ဆောင်းမြို့နယ်​တွင် ကရင်​နီပြည်​သမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ကြောင်းစာရွက်​များ ဖြန့်​​ဝေခဲ့ခြင်းနှင့် ပတ်သက်၍ ရာဇသတ်​ကြီး ပုဒ်​မ ၅၀၅ (ခ)ဖြင့် အာဏာပိုင်​က တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ လူ၂ ဦးအား တရားရုံးသို့ လာရောက်ရန် ဖား​ဆောင်းမြို့နယတရားရုံးက သြဂုတ်​လ (၁၀) ရက်​​နေ့တွင် ဆင့်ခေါ်ထားသည်။

စွပ်စွဲခံရသူ ၂ ဦးအနက် ခွန်းကောရီယိုသည် စာရွက်​ ဖြန့်​​ဝေခဲ့ရာတွင် ပါဝင်ခဲ့ခြင်းမရှိဟု ၎င်းက ငြင်းဆိုသည်။

ဓါတ်ပုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ

Comments

comments