spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဂတိလိုက်စားမှု အသိပေးတိုင်ကြားနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ၊ အဂတိလိုက်စားမှု အန္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့် အသိပေးတိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲလျက်ရှိသော ဘဏ္ဍာငွေများကို အကျိုးရှိပြီး ထိရောက်စွာ အသုံးပြုရေးနှင့် အလေအလွင့် အနည်းဆုံးဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၊ ထင်သာမြင်သာ ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ထိုအတွက် မမှန်မကန် လုပ်ဆောင်မှုများ ၊ အဂတိလိုက်စားမှုများကို အထောက်အထား အချက်အလက်များဖြင့် ပူးတွဲလျက် ပြည့်စုံစွာ ဖော်ပြပြီး တိုင်ကြားနိုင်သည်ဟု ဖော်ပြပါရှိပါသည်။

ထိုသို့ တိုင်ကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ရုံးခန်း အတွင်းရှိ email: minister_room@mohs.gov.mm သို့ဖြစ်စေ ၊ FAX: 067-411189 သို့ဖြစ်စေ၊ ၂၄ နာရီပတ်လုံး ဖုန်းဖွင့်ထားသည်ဖြစ်၍ ပေးပို့နိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခြင်း ၊ တိုင်ကြားခြင်းများနှင့် ပတ်သက်၍ ပေါက်ကြားခြင်းလုံးဝ(လုံးဝ) မရှိစေရန် စီစဉ်ပေးထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဆိုက်ဖြစ်သော www.mohs.gov.mm တွင် ဖော်ပြပါရှိပါသည်။

spot_img
spot_img

Recent posts