စစ်လေ့ကျင့်ရေးကျောင်းအနီး တောင်ယာ၌ ဗုံးသီး ၂ လုံး တွေ့ရှိ

နော်ဒွေးအယ်ခူ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ၊ လောဂျာကျေးရွာအနီးရှိ ​တောင်​ယာစိုက်​ခင်းတွင်း မပေါက်ကွဲ​သေးသည့်​ ဗုံးသီးနှစ်​လုံးကို စက်​တင်​ဘာလ ၂၃ ရက်​​နေ့တွင် ​တွေ့ရှိခဲ့​ကြောင်း ​လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးတီရယ်​ ထံမှသိရှိရသည်။

ကျောင်းသားက​​​လေးနှစ်​ဦးမှေ​တာင်ယာခင်းတွင် ​​​နွားသွား​ကျောင်း​နေစဉ်​ ​​အမှတ်၁၄ တန်းမြှင့်​စစ်​​သင်တန်း​​ကျာင်းမှ ​လေ့ကျင့်​ပစ်​ခတ်​ခဲ့​သော အဆိုပါ ဗုံးသီးကို​တွေ့ရှိခဲ့ကြောင်း အုပ်​ချုပ်​​ရေးမှူးက ​ပြောသည်။

လေ့ကျင့်ရေးကျောင်းအနီး တောင်ယာခင်းတွင် ကျရောက်လာသည့် လက်နက်ကြီးအစိတ်အပိုင်းများ(ဓါတ်ပုံ-နော်ဒွေးအယ်ခူ/ကန္တာရဝတီတိုင်းမ်)

၎င်းက “အ​ကြောင်းကြား​ပေးတယ်​ ဒီမနက်​မှသွားကြည့်​ရတယ် သွားကြည့့်ပြီး​တော့ ​အမှတ်​အသား​တွေနဲ့ လုပ်​ထားတယ်​” ဟု​ပြောသည်​။

ယခင်​က စစ်​​ရေး​လေ့ကျင့်​မည်​ဆိုပါက စစ်​သင်တန်း​​ကျောင်းမှ တာဝန်​ရှိသူတို့သည်​ ကျေးရွာ​အုပ်​ချုပ်​​ရေးမှူး ကို အသိ​ပေး​သော်​လည်း ယခု​နောက်​ပိုင်းတွင်​ အသိ​ပေးခြင်းမရှိ​​သဖြင့်​ ရွာသူရွာသားများမှ စိုးရိမ်​ထိတ်​လန့်​​နေရသည်။

စစ်​ရေး​လေ့ကျင့်​​သော​နေရာသည် နေ့စဉ်​သွားလာ​နေ​သော ​တောင်​သူများ ရှိသဖြင့်​ ​စစ်​​​လေ့ကျင့်​​ရေး​ကျောင်းမှ ယခုလို စစ်​​ရေး​လေ့ကျင့်​ပစ်​ခတ်​​နေမှုများသည် မဖြစ်​သင့်​​ကြောင်း လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသဲရယ်​ က ဆိုသည်

” ဒီဟာ​တွေက တကယ်​တမ်း ဒီလိုပဲဆက်​လုပ်​သွားမယ်​ဆိုရင်​ ကျွန်​​တော်​တို့အတွက်​ အများကြီးထိခိုက်​နစ်​နာမှုရှိတာ​ပေါ့ ကျွန်​​တော်​တို့​တောင်​သူလယ်​သမား​တွေ အလုပ်​သွားတဲ့​နေရာမှာ ​နောက်​ပီး​တော့ ယမ်းက​နေ ​ပေါက်​ကွဲပီး​တော့မှ ထွက်​လာတဲ့အနံ့ အသက်​​တွေကလည်း တစ်​ဖက်​တစ်​လှမ်းက​နေ ​ကျန်းမာ​ရေးရှု​ထောင့်​က​နေ ကြည့်​မယ်​ဆိုရင်​ ထိခိုက်​မှုရှိလာနိင်​တဲ့ အ​နေအထားမျိုး ရှိလာမယ်​ဆိုရင်​​တော့ မ​ကောင်း​တော့ဘူး​ပေါ့​နော ဒီအ​ပေါ်မှာလည်း ပြည်သူလူထုတစ်​ယာက်လုံးအ​နေနဲ့ သိသင့်​တာ​ပေါ့ ​နောက်​ ဒီလိုကျန်းမာ​ရေးရှု​ထောင့်​က​နေဆိုလို့ရှိရင်​လည်း သုတေသနပြုပီး​တော့ ဒါမဖြစ်သင့်ဘူးဆိုရင်​လည်း
တာဝန်​ရှိတဲ့ပုဂ္ဂိုလ်​​တွေကလည်း အ​လေးထား​ဆောင်​ရွက်​​​ပေးဖို့ ကျွန်​​တော်​အ​နေနဲ့  အကြံပြုတာ​ပေါ့” ဟု ဦးသဲရယ်​က ဆိုသည်

လေ့ကျင့်ရေးကျောင်းအနီး တောင်ယာခင်းတွင် ကျရောက်လာသည့် လက်နက်ကြီးကို ဒေသခံနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့မှာ သွားရောက်ကြည့်ရှုစစ်ဆေးနေစဉ်(ဓါတ်ပုံ-နော်ဒွေးအယ်ခူ/ကန္တာရဝတီတိုင်းမ်)

အမှတ်၁၄ တန်းမြှင့်​​​စစ်​သင်​တန်း​ကျောင်းမှ ​လေ့ကျင့်​ပစ်​ခတ်​ခဲ့​သော လက်​နက်​ကြီး လက်​နက်​ငယ်​များမှ မ​ပေါက်​ကွဲ​ဘဲ ကျန်​ခဲ့​သော ဗုံးသီးများကို မကြာခဏ ​တွေ့ရတတ်​ပြီး က​လးများမှာ မသိရှိဘဲ သွားကိုင်မိ​​သော​ကြောင့်​ ​ပေါက်ကွဲမှုများ ဖြစ်​ပွားခဲ့​ရကြောင်း ၎င်းထံမှ သိရသည်​။

လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးမှ အဆိုပါ ဗုံးသီး​တွေ့ရှိမှု​ကို သက်​ဆိုင်​သည့်​ အမှတ်​ ၁၄ တန်းမြှင့်​စစ်​သင်​တန်း​ကျောင်းကို အသိ​ပေးသွားပြီး ဖယ်ရှားခိုင်းမည် ​​​​ဖြစ်​​ကြောင်း သိရသည်​။

Comments

comments