ဆရာဖြစ်သင်ကျောင်း အမှတ်စနစ်ဖြင့် ရွေးခြယ်သည့် အတွက် နယ်ခံဒေသစုံမပါနိုင်

စိုင်းလင်းလင်းဦး

လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာသင်တန်းကျောင်းသည် အမှတ်များသူကို ဦးစားပေးခေါ်ယူသည့်စနစ်ကြောင့် ပမာဏရွေးချယ်စာရင်းတွင် နယ်ခံဒေသစုံမပါလာကြောင်း ဘော်လခဲမြို့နယ်မှ လျှောက်ထားသူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီဒေသဖက်က ဆယ်တန်းအောင်ကလေးတွေက ဆရာဖြစ်သင်တန်းလျှောက်တာ မပါကျဘူး။ ပြည်မဖက်က လာလျှောက်တာတော့ ပါကြတယ်လို့ကြားတယ်။ အမှတ်စနစ်နဲ့သာ လုပ်လို့ကတော့ ဒီဖက်က ကလေးတွေ တစ်ယောက်မှတောင် ပါမှာမဟုတ်ဘူး။ သူတို့ပညာရေးအဆင့်က နှိပ်တယ်လေး သူများနဲ့ အမှတ်ချင်းယှဉ်မယ်ဆိုရင် ပါနိုင်တော့မှာမဟုတ်ဘူး။” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁/၁၆) ပထမနှစ် သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်သည့် လူစာရင်း၌ ခေါင်ပါးသည့်ဒေသမှ လျှောက်ထားသူအချို့ ပါဝင်လာခြင်းမရှိခြင်းကြောင့် ဝေဖန်နေကြခြင်းဖြစ်သည်။

သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်ထားသည့် လူစာရင်းအား အမှတ်စနစ်ဖြင့် ပြည်ထောင်စုအဆင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးရေးမှူးရုံးထံမှသိရသည်။

လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအား နိုင်ငံတစ်ဝှမ်းရှိ မည်သူမဆို လာရောက်လျှောက်ထားတက်ရောက်နိုင်သည့် စနစ်ဖြင့်သာကျင့်သုံးသဖြင့် လွိုင်ကော်တွင်ဖွင့်လှစ်မည့် ယင်းသင်တန်း၌ အခြားဒေသမှလာရောက်လျှောက်ထားသူများအချို့ ပါဝင်နေခြင်းသာဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဒေါ်နှင်းကြည်က ကန္တာရဝတီတိုင်း(မ်)သို့ နိုဝင်ဘာ ၂၂ ရက်နေ့က ပြောသည်။

“ကျမတို့ကတော့ မရွေးဘူး။ ဒါပေမယ့် ဒေသခံတွေ ဦးစားပေး ပါနေတာကို တွေ့ရမှာပါ။ ဒီမှာ လာလျှောက်ထားတဲ့ စာရင်းတွေကို တန်းစီပြီးတင်ပေးလိုက်တယ်။ သူတို့လည်း မှန်မမှန်ပြန်စစ်တယ်။ မူဘောင်အတိုင်းပေါ့ ကျား ဝိဇ္ဇာ ကျား/ဝိပ္ပံ မျိုးစုံရှိတယ်။”ဟု ဒေါ်နှင်းကြည်က ပြောသည်။

လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁/၁၆) ပထမနှစ်အား ယခု ၂၀၁၆-၁၇ ပညာသင်နှစ်တွင် လွိုင်ကော်ပညာရေးကောလိပ်၌ သင်ကြားရမည်ဖြစ်ပြီး ပမာဏရွေးချယ်ထားသူ ၂၀၃ ဦးအနက် အခြားပြည်နယ်နှင့်တိုင်းဒေသမှ ၃၂ ဦးပါဝင်တက်ရောက်ခွင့် ရထားခြင်းဖြစ်သည်။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *