အလင်းရောင်ကိုပိတ်ဆို့ထားတဲ့ တရားခံ

ဂျွန်ဖရီးကို

ဖွံဖြိုးတိုးတက်တဲ့ လူမှုအသိုင်းအဝန်း တစ်ခု တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့ အရာဟာ ပညာရေး ပဲဖြစ်ပါတယ်။ အာဏာရှင် ပညာရေး ဒါမှမဟုတ် အလွတ်ကျက်ပညာရေး ကို ဆိုလိုနေတာတော့ မဟုတ်ပါ။ မိမိတို့ရဲ့ အတွေးအခေါ်၊  အသိအမြင်၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည် စတဲ့ အရာတွေကို ပိုမိုကောင်းမွန်လာအောင် သင်ယူ လေ့လာနိုင်တဲ့ အရည်အသွေးပြည့် ပညာရေးကို ဆိုလိုခြင်းပါ။

ယခုအချိန်မှာတော့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ တဖြည်းဖြည်း ရှိလာသလို ဆယ်စုနှစ်များစွာ နောက်ကျကျန်နေခဲ့ ရတဲ့ ပညာရေးစနစ် ကိုလည်း အပြောင်းအလဲများနဲ့ စတင်ဖို့ ခြေလှမ်းပြင်နေကြပါပြီ။

Right to Education : ပညာသင်ယူဖို့အခွင့်အရေး
မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၅၃ မျိုးခန့် နေထိုင်ပြီး လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးအရေအတွက် ဟာ ၁ သန်းကျော်ခန့် ရှိနေပါသေးတယ်လို့ နိုင်ငံအတွင်း ပညာရေးဆိုင်ရာ အကူအညီပေးနေတဲ့ အစိုးရမဟုတ် အဖွဲ့အစည်း Unicef ရဲ့ ၂၀၁၅ ခုနှစ် ပညာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မတူကွဲပြားတဲ့ ထုံးတမ်းဓလေ့ ယဉ်ကျေးမှုများကြားမှာ လူနေမှုဘဝ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်နေတဲ့ အရာတခုကတော့ ပညာသင်ယူခွင့်အရေးသည်သာ အဓိက ကျနေလိမ့်မယ်ဆိုတာ သံသယရှိဖို့မလိုပါဘူး။

Ateneo De Davao တက္ကသိုလ် ရဲ့ဒုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။
Ateneo De Davao တက္ကသိုလ် ရဲ့ဒုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။

“ပညာသင်ယူဖို့အခွင့်အရေး ဆိုတာဟာ မည်သူမဆို အသိအမြင်ဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖြစ်စေ၊ အဲ့ဒါတွေကို လွတ်လွတ်လပ်လပ် သင်ယူလေ့လာ နိုင်ဖို့ အခွင့်အလမ်းများ ပေးထားခြင်း လို့ ကျမအနေနဲ့ နားလည်ထားပါတယ်။” လို့ Ateneo De Davao တက္ကသိုလ် ရဲ့ဒုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan က ပြောပါတယ်။


Quality education: အရည်အသွေးရှိတဲ့ ပညာရေး

လတ်တလော မြန်မာ့ အခြေခံ ပညာရေး စနစ်ဟာ အလွတ်ကျက် ပညာရေး စနစ်တစ်ခု ဖြစ်ပြီး ယခုခေတ်ကာလနဲ့ ကိုက်ညီမှုမရှိတော့တာကို ပညာရှင်များကလည်းသတိမူ လာကြပါတယ်။ ပညာသင်ယူခွင့်ရရှိပေမယ့်လည်း အရည်အသွေးရှိတဲ့           ပညာရေး ဖြစ်ဖို့ဆိုတာက နှစ်ပေါင်း ၆၀ ကျော် ကျင့်သုံးလာတဲ့ စနစ် တစ်ခုကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ခြေလှမ်းပြင်နေတဲ့ နိုင်ငံရဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။

Ateneo De Davao တက္ကသိုလ် ရဲ့ဒုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။
Ateneo De Davao တက္ကသိုလ် ရဲ့ဒုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။

“ကျမအနေနဲ့ အရည်အသွေးရှိတဲ့ ပညာရေး ဆိုတာကိုပြောရမယ်ဆိုရင်တော့ သင်ကြားနေတဲ့ ဘာသာရပ်တွေဟာ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီမှုလည်း ရှိသလို၊ ဘယ်သူမဆို လွတ်လပ်စွာ သင်ယူလေ့လာခွင့်ရပြီး၊ ကျမတို့ လူသားမျိုးနွယ်စု အတွက် အကျိုးပြုမယ့် ပညာရေး ပဲလို့ယုံကြည်ထားပါတယ်။” သူမ Doctor Lourdesita Sobrevege Chan ကပဲ ဆက်ပြောပါတယ်။

Federal Education: ဖယ်ဒရယ် ပညာရေး
တဖက်မှာ လည်း ပြည်တွင်းစစ်၊ ပဋိပက္ခတွေကြောင့် အခွင့်အရေးများဆုံးရှုံး နေရတဲ့ စစ်ဘေးရှောင် တိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ပညာရေးက လည်း နိုင်ငံရေး ဂယက်ရိုက်ခတ်မှုတွေ အကြားမှာ စိန်ခေါ်မှုများ နဲ့ ရင်ဆိုင်နေရပါတယ်။ ဒုက္ခသည်တွေကို နေရပ်ဆီ ပြန်ပို့ဖို့ နှစ်နိုင်ငံ တံခါးပိတ် ဆွေးနွေးမှုများ နဲ့ ၎င်းတို့ကို ပံ့ပိုးပေးနေတဲ့ NGOs, UNHCR တို့မှ လူသားချင်းစာ နာမှု အထောက် အပံ့လျော့ကျ လာခြင်းများ စတဲ့ အရာတွေကလည်း အဓိက ပါဝင်နေပါတယ်။

ကရင်နီပညာရေးဝန်ကြီး ဦးအောင်ဆန်းမြင့်
ကရင်နီပညာရေးဝန်ကြီး ဦးအောင်ဆန်းမြင့်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်းရဲ့ကရင်နီပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ က “ပထမ အချက်အနေနဲ့ ကြည့်မယ်ဆိုလို့ ရှိရင် ဒီ (မြန်မာ) အစိုးရဖက်က ရှင်းလင်းတဲ့ မူပေါ်လစီဆိုတာ ဘာမှ မရှိသေးဘူး။ ဒီဒုက္ခသည် ပညာရေး အတွက် ဖြစ်စေ၊ တခြား အခြေချ ပြန်လည် နေထိုင်ဖို့ အတွက်တောင် ဘာမှ ဆွေးနွေးထားတာမရှိသေး တဲ့အခါကျတော့ ကျမတို့ ဘယ်ကနေစပြီး ပြင်ဆင်ရမလဲ ဆိုတဲ့ အခက်အခဲတွေ အများကြီး ရှိတယ်ပေါ့။”လို့ ဆိုပါတယ်။

ကရင်နီ ပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ အား ကရင်နီ ပညာရေးညီလာခံ တွင်တွေ့ရစဉ်
ကရင်နီ ပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ အား ကရင်နီ ပညာရေးညီလာခံ တွင်တွေ့ရစဉ်

နှစ်ဖက်အစိုးရရဲ့ ဒုက္ခသည်အရေးဆွေးနွေးမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် ဒုက္ခသည်ပညာရေးစနစ်ကို    ပြင်ဆင်မှုပြုလုပ်တဲ့ အခါ အဟန့်အတား တစ်ခုဖြစ်နေပါတယ်။ လတ်တလော ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခု ရှိပြီး လူဦးရေ ၁၂၀,၀၀၀ ကျော်ခန့် နေထိုင်လျက်ရှိနေပါတယ်။

တဆက်တည်းမှာပဲ ၂၁ ရာစု ပင်လုံညီလာခံ မှာ တိုင်းရင်းသားတွေအနေနဲ့ ပညာရေး ကို ဖယ်ဒရယ်ပညာရေး အဖြစ်သွားလို   ကြောင်း ဆန္ဒပြုဆွေးနွေးမှုများ ရှိခဲ့ပါတယ်။ ပြည်နယ်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖြစ်စေ၊ ရုပ်ဝတ္ထုအရင်းအမြစ်ဖြစ်စေ  ပညာရေးအတွက် ပြည်နယ် မှ လွတ်လပ်စွာ မျှဝေ သုံးစွဲခြင်းလို့ ဆိုနိုင်ပါတယ်။

“ဖယ်ဒရယ်ပညာရေးလို့ ပြောလိုက်တာနဲ့ အဓိက ကတော့ ကျနော်တို့ ပြည်နယ်မှာ ပညာရေးနဲ့ပတ်သက်လို့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ၊ ကိုယ်ပိုင်စီမံခန့် ခွဲခွင့်တွေ ကျနော်တို့ တိုင်းရင်းသားတွေစီတိုင်းမှာ ရှိရမယ်။” ဟု ကရင်နီ ပညာရေး ဝန်ကြီး               အောင်ဆန်းမြင့် က ပြောပါတယ်။

ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်တွင် ပြုလုပ်သော ကရင်နီပညာရေးညီလာခံ
ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်တွင် ပြုလုပ်သော ကရင်နီပညာရေးညီလာခံ

ပညာသင်ယူခွင့်အရေး ဟာ ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ အခြေခံ ကျသည့် လူ့အခွင့်အရေး တခုလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံဟာ အာဏာရှင် အုပ်ချုပ်တဲ့ စနစ်မှ ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းလာတာ ၇ နှစ်အတွင်းရောက်ရှိလာပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ်ပြောင်းလဲရာမှာ အဓိက ကျတဲ့ အရည်အချင်း ရှိသော ပညာရေး သင်ယူခွင့် မရှိခဲ့ဘူးဆိုရင်တော့ တရားမျှတမှုနဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆိုတဲ့ အရာတွေ က ဘာအဓိပ္ဗာယ် မှ ရှိတော့မှာ မဟုတ်ပါ။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *