spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်များနေရပ်ပြန်ရန် ပြင်ဆင်မှုများ လိုအပ်နေဆဲဟု လူမှုအသင်းဖွဲ့များဆို

Author

Date

Category

နယ်စပ်တွင်နေထိုင်လျက်ရှိကြသော ကရင်နီဒုက္ခသည်များအနေဖြင့် နေရပ်သို့ ပြန်လည်အခြေချရန် ပြင်ဆင်မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်တချို့က ဆိုသည်။

ဖဲဘူး၊ စူးမယ်
နယ်စပ်တွင်နေထိုင်လျက်ရှိကြသော ကရင်နီဒုက္ခသည်များအနေဖြင့် နေရပ်သို့ ပြန်လည်အခြေချရန် ပြင်ဆင်မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်တချို့က ဆိုသည်။
ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သော ဒုက္ခသည် ပြန်လည်နေရာချထားရေး အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များက ကရင်နီဒုက္ခသည်များ နေရပ်သို့ ပြန်လည်အခြေချရန်အတွက် အစိုးရအနေဖြင့်လည်း ပြင်ဆင်မှုများ အဆင်သင့်မဖြစ်သေးကြောင်း ထောက်ပြ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
‘သူတို့ အာမခံချက် ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့ အပေါ်မှာ အများကြီး မူတည်တယ်။ အကယ်၍ ပြည်နယ်အစိုးရက တာဝန်ယူမယ်။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ဟာအပေါ်မှာ ဒီလိုစကားမျိုး ပြောနိုင်တယ်ဆိုတော့ အိုင်ဒီပီအတွက် ပြန်လာလို့ အဆင်ပြေမှာပါ။ ဒါပေမယ့်လို့ ဒီလိုပြန်လာလို့ရတယ်ဆိုတဲ့ စကားက တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ လက်လွတ်စပယ်ပြောမယ်ဆိုရင်တော့ ဘယ်သူမှ ယုံလို့မရဘူးလေ။’’ ဟု တောင်သူလယ်သမားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး မှ ကိုတူရယ်ကပြောသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်သို့ ပြန်လာရန်ကြိုဆိုကြောင်းနှင့် အကယ်၍ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများမှ စီမံဆောင်ရွက်ပေးရန် အသင့်ရှိနေသည်ဟု လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုညွှန်မှူးက ဦးလှသိန်းက ပြောသည်။

‘’ပြန်လာမယ်ဆို စိတ်ဆုံးဖြတ်ချက်သာထားပါ၊ ဆက်သွယ်ပါ။ ဒါဆိုရင်နေရာတွေ ကျနော်တို့ ကအဆင်သင့်ရှိပြီးသား တကယ်တမ်းလာဖို့သေချာပြီးဆိုရင်တော့ ကျနော်တို့က လုပ်ပေးစရာတွေအများကြီးကို နိုင်ငံတော်အစိုးရရော၊ NGO တွေရောပေါင်းပြီးတော့ လုပ်ဖို့တွေအများကြီးရှိပါတယ်။ လုပ်လည်းလုပ်ပေးမှာပါ။’’ ဟု ဦးလှသိန်းကဆိုသည်။
လက်ရှိနိုင်ငံရေးအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား တင်းမာမှုများရှိနေခြင်း၊ KNPP အဖွဲ့အနေဖြင့် အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးရသေးခြင်း စသည့်အချက်များက ဒုက္ခသည်များ ပြန်လာရန်အဆင်မပြေမှုများဖြစ်နိုင်သည်ဟု
Lain နည်းပညာ အထောက်အကူပြုအဖွဲ့ ဘုတ်အဖွဲ့ဝင် ကိုကျော်ထင်အောင်ကပြောသည်။
‘’ကျနော်တို့ ပြည်နယ်မှာ ကျတော့လည်း ပြင်ဆင်ထားမှု အားနည်းနေတဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာက ပြန်လာဖို့ အဆင်မပြေသေးတဲ့ ကာလ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကေအဲန်ယူ ၊ ဒီကေဘီအေ၊ ကေအမ်ပီစီ ကရင်သုံးဖွဲ့လုံး လက်မှတ် ထိုးထားပြီးတော့ ကရင် ဒုက္ခသည် စခန်းက ပြန်တဲ့ ဒုက္ခသည်တွေတောင် တချို့သော မူဝါဒ လိုအပ်ချက် ပြင်ဆင်မှု အားနည်းချက်တွေကြောင့် အခက်အခဲတွေ့တယ်ဆိုရင် ကျနော်တို့ ဒေသမှာ ကေအဲန်ပီပီကလည်း NCA မထိုးထားသေးတဲ့ ကာလ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီ ပူးပေါင်း ချိတ်ဆက် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေမှာ အားနည်းတယ်။’’ ဟု ကိုကျော်ထင်အောင်ကဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းမြန်မာနယ်စပ်၌ ကရင်နီ ဒုက္ခသည်စခန်း ၂ ခုရှိပြီး လူဦးရေ ၁သောင်းကျော်ရှိနေသေးသည်။

 

spot_img
spot_img

Recent posts