spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်များမှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေ

Author

Date

Category

ပြန်လည်အခြေချနေထိုင်မည့် ဒုက္ခသည်များနေရာအတည်တကျနေထိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်နိုင်ရန် အခက်အခဲရှိနေသည်ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။

“ဒုက္ခသည်စခန်းကနေပြီးတော့ပြန်လည်အတည်တကျနေထိုင်တာမျိုးတော့မရှိသေးဘူး။ သွားလိုက်ပြန်လိုက်ဆိုတာမျိုးရှိတယ်။သူတို့ပြန်လည်အခြေချနေထိုင်ဖို့ခက်ခဲတယ်။” ဟု ဒေါ်ဝင့်ဝါထွန်းကပြောသည်။

နယ်စပ်ဒုက္ခသည်စခန်းတွင် နေထိုင်သူများအနေဖြင့် အတည်တကျပြန်လည်နေထိုင်တာမျိုးမရှိသေးသော်လည်း တောင်ယာလုပ်ကိုင်စိုက်ပျိုးလိုသူတချို့က ဒုက္ခသည်စခန်းနှင့်ကျေးရွာများသို့ အသွားအပြန်ပြုလုပ်၍ စိုက်ပျိုးနေကြသည်။

မယ်စဲမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဒုက္ခသည်စခန်းမှ ပြန်လည်လာရောက်နေထိုင်သူ တချို့ရှိနေသော်လည်း မှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေသည်ဟု ဖွံ့ဖြိုးရေးလုပ်ငန်း သွားရောက်ဆောင်ရွက်နေသည့် လူငယ်တစ်ဦးက ပြောပါသည်။

“မိသားစုတစ်စုပြန်လာနေတာရှိတယ်။သူတို့မှ အိမ်ထောင်စုလည်းမရှိ မှတ်ပုံတင်လည်းမရှိဘူး။ လဝက ရုံးကလည်းမလုပ်ပေးဘူးပြောတယ်။”ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် အစိုးရရက်တစ်ရာစီမံချက်တွင် မှတ်ပုံတင်များ ၊ အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခဲ့သော်လည်း ဒုက္ခသည်စခန်းမှ တရားဝင်ထွက်လာသူရှိ၊မရှိဆိုသည် အချက်အလက်အသေးစိတ်ကို မသိရှိနိုင်သေးကြောင်း သိရသည်။

ရှားတောမြို့နယ်သည် ယခင်က ကယားပြည်နယ်အတွင်းတွင် တတိယ လူဦးရေအများဆုံးဖြစ်ခဲ့သည့်မြို့နယ်ဖြစ်ပြီး ယခုအခါ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှကောက်ခံထားသည်လူဦးရေစာရင်းအရ ခြောက်ထောင်ကျော်သာရှိကာ ကယားပြည်နယ်အတွင်း လူဦးရေအနည်းဆုံးမြို့အဖြစ် ရပ်တည်နေသည်။

spot_img
spot_img

Recent posts