ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ ထောပတ်သီးကို ဈေးကွက်တွေမှာ စမ်းသပ်ရောင်းချနေပြီ

ရှမ်း-ကယားနယ်စပ်က ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ ထောပတ်သီးကို ဈေးကွက်တွေမှာ စမ်းသပ်ရောင်းချနေပြီလို့ ပြောပါတယ်။

ဦးပန်း ထောပတ်သီးစိုက်တောင်သူ “လက်ရှိ ဒီပြည်တွင်းဈေးကွက်မှာလည်း ပွဲရုံမှာပေါ့နော။ တော်တော်လေးဈေးကောင်းတယ်။ နောက်နယ်စပ်မှာ တာချီလိတ်နယ်စပ်မှာလည်း ကျွန်တော်တို့ စပြီးတော့ ထိုးဖောက်နေပြီပေါ့နော်။ ရှမ်းတောင်ထောပတ်အစုအဖွဲ့ နဲ့ပေါင်းပြီးတော့ ပို့ပြီ။ အခု ဟိုပုံးမှာတောင်မှ အလုံးသေးတဲ့ဟာကို တစ်ကီလိုကို ၄၀၀၊ နောက်ဒီအလုံးကြီးခါကျတော့ ၃ လုံး တစ်ကီလိုရှိတဲ့ခါကျတော့ ၈၀၀ ရှိတဲ့ခါကျတော့ ဈေးကောင်းတယ်။”

Comments

comments