ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးသွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံး

မူအက်စတာ

ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကို ပြုပြင်သွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျ သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကိုတက်ရောက်ပြုပြင် သွယ်တန်းနေစဉ် ပေါင်းလောင်းကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်နေ မျိုးလှိုင်ဝင်း(၂၅)နှစ်၊ အေဘယ်ဝင်းနားကုမ္ပဏီဝန်ထမ်း ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှ ပြုတ်ကျကာ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ ဒီးမော့ဆိုမြို့မ ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ အရ တာဝန်ရှိသူများမှ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *