spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူငယ်မူဝါဒ ရေးဆွဲရေးအတွက် ပြည်နယ်ကိုယ်စားပြု လူငယ်သုံးဦးရွေးချယ်ရာတွင် ဌာနေတိုင်းရင်းသား တစ်ဦးသာ ပါဝင်

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် တစ်ချို့ပူးပေါင်းကာ ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လူငယ်များနှင့် မြို့နယ်အသီးသီးမှ ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖိတ်ခေါ်ပြီး ကယားပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ပေါ်ထွက်နိုင်ရေးကို ဇန်နဝါရီလ ၆ ရက်နေ့က ရွေးချယ်စေခဲ့သည်ဟု သိရသည်။

ထိုသို့ ရွေးချယ်လိုက်သောပုံစံကို မြန်မာနို်င်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီမှ စစ်ကိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ် ကိုဇော်သူရိန်ထွန်းက ယခုလို ရှင်းပြသွားပါသည်။

“တက်လာတဲ့လူငယ် (၂၇၂) ယောက် ပေါ့နော။ သူတို့ကပဲ အချင်းချင်း ရွေးလိုက်တာပါ။ ရွေးကိုရွေးရမယ်ဆိုပြီး ကျနော်တို့ကလည်း ဘာမှမပြောသလို ပြည်နယ်အစိုးရကလည်း မပြောပါဘူး အဲ့ဒါလူငယ်တွေရဲ့သဘောထားကို ကျနော်တို့မေးပါတယ်။ ရွေးမလားဆိုပြီးတော့ အဲ့မှာတက်လာတဲ့လူငယ်တွေက သူတို့က ပြည်နယ်တစ်ခုတည်းပဲ ကျန်တော့တယ် ကျန်တဲ့တိုင်းနဲ့ပြည်နယ် (၁၃) ဦးကပါနေတယ်ဖြစ်တဲ့အတွက် သူတို့အမြန်ပါချင်တယ်ဆိုတဲ့တွက် သူတို့ကိုယ်စားလှယ် ရွေးချင်ပါတယ်ဆို့လို့ သူတို့ကိုယ်တိုင် ဆန္ဒပြုတဲ့အတွက် ကျနော်တို့က ရွေးချယ်ဖို့ လုပ်ပေးခဲ့ခြင်းဖြစ်တယ် ” ဟု သူကပြောပါသည်။

ယခုရွေးချယ်လိုက်သော ကိုယ်စားလှယ်သုံးဦးသည် ဌာနေတိုင်းရင်းသား တစ်ဦးသာ ပါဝင်ခြင်းကိုကြည့်ခြင်းအားဖြင့် မြန်မာနို်င်ငံ မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်တစ်ချို့ကလည်း ကယားပြည်နယ်၏အကြောင်းကိုမသိဘဲ facilitate လုပ်ပြီး ရွေးလိုက်ခြင်းဖြစ်သည်ကို သိသာထင်ရှားနေသည်ဟု ကရင်နီလူငယ်မူဝါဒရေးဆွဲရေး ကော်မတီဝင် ကိုဖိလစ်စိုးအောင်က ဇန်နဝါရီလ(၇)ရက်က လွိုင်ကော်မြို့နယ်၊ နောင်ယားရပ်ကွက်၊ ကရင်နီပြည် လူငယ်များသမဂ္ဂရုံး၌ ပြုလုပ်သည့် ကရင်နီပြည်လူငယ်မူဝါဒရေးဆွဲရေး ကော်မတီနှင့် ရှမ်းတောင်လူငယ ်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသွားပါသည်။

“ဒါသည်ကျနော်တို့ ပြည်နယ်အတွင်းရေးကို လာရှုပ်တာဖြစ်တယ်။ ကျနော်တို့ပြည်နယ်မှာ ရှိတဲ့ကျနော်တို့ ပြည်နယ်ကိုယ်စားပြုမှုကို ကျနော်တို့ပြည်နယ်သားတွေ ကိုယ်တို်ယ် ရွေးချယ်ခွင့်ရှိပါတယ်” ဟု သူကပြောသွားပါသည်။

သို့သော်လည်း ကိုယ်စားပြုသောကိုယ်စားလှယ်ဟူသည် အသက် ၁၆နှစ်မှ ၃၅ နှစ်အကြားတွင်ရှိသော လူငယ်မျုားပါဝင်သည့် ရွေးကောက်ပွဲတစ်ခုလုပ်ပြီး အသက်၁၆နှစ်မှ ၃၅နှစ် အကြားတွင်ရှိ သောလူငယ် ၇၅% ကျော်၏ မဲပေးထောက်ခံပေးသော လူငယ်ကသာ တစ်ကယ့် လူငယ်ကိုယ်စားလှယ် စစ်စစ်ဖြစ်သောကြောင့် ယခု ရွေးချယ်လိုက်သော ကယားပြည်နယ် လူငယ်သုံးဦးသည်လည်း မည်သည့်အဖွဲ့မှ ကိုယ်စားပြုမှု မရှိကြောင်းပြောပါသည်။

အခြားသောတိုင်းနှင့် ပြည်နယ်များကဲ့သို့ ပါဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကိုယ်စားလှယ်ကိုယ်စားပြုမှု ဖြစ်ခြင်းမဖြစ်ခြင်းထက် အဓိကသည် မိမိပြည်နယ်၏အကျိုး၊ မိမိနိုင်ငံ၏အကျိုးကို စဉ်းစားရမည်ဖြစ်ပြီး အသံကသာ အဓိကဖြစ်သည်ဟု ကိုဇော်သူရိန်ထွန်းက ဆိုပါသည်။

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီတွင် ကယားပြည်နယ် ကိုယ်စားပြု လူငယ်ပါဝင်နိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ကယားပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများသည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်ခန်းမတွင် ကရင်နီပြည်လူငယ် မူဝါဒရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ဇန်နဝါရီလ(၅)ရက်နေ့က လာရောက်တွေ့ဆုံခဲ့သော်လည်း ကရင်နီပြည် လူငယ်မူဝါဒရေးဆွဲရေးကော်မတီမှ တောင်းဆိုသောအချက်သုံးချက်ကို တစ်ဘက်မှ လက်ခံပေးခြင်းမရှိသောကြောင့် ကယားပြည်နယ် ကိုယ်စားပြု လူငယ်မရွေးချယ်နိုင်ခဲ့ပေ။

၎င်းတို့ တောင်ဆိုထားသော အချက်သုံးချက်မှာ ကော်မတီအသီးသီး၏ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ပေးရန်၊ ရင်းကော်မတီ အသီးသီး၏ လုပ်ငန်းလမ်းညွန်များကို လူငယ်များနှင့်အတူရေးဆွဲရန်နှင့် မြန်မာ့လူငယ်ရေးရာ မူဝါဒရေးဆွဲရေးဖြစ်စဉ်တွင် တိုင်းရင်းသား လူငယ်ပေါင်းစုံ ပါဝင်လာစေရန်ဟူ၍ဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များက မြန်မာနိုင်ငံ လူူငယ်မူဝါပေါ်ထွက်နိုင်ရေးကို ဆက်လက် အကောင်အထည် ဖော်သွားရန် ပြည်နယ်ကိုယ်စားပြု လူငယ်များဖြစ်သော ခွန်းကိုရီ၊ နှင်းနုဝေနှင့် ခွန်းအုန်းကျော်တို့ကို ရွေးခြယ်ခဲ့ကြသည်။

ရွေးချယ်ထားသောကိုယ်စားလှယ်သုံးဦးကို ကယားပြည်နယ်ရှိလူငယ်များ၏ အချက်များကို အချင်းချင်းညှိနှိုင်းကြပြီး မူကြမ်းတွင်ထည်သွင်းပေးနိုင်ရန် ၎င်းတို့ကော်မတီအနေနှင့် အကြံပြု တောင်းဆိုထားသည်ဟုလည်း သိရသည်။

spot_img
spot_img

Recent posts