spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လျှပ်စစ်မီးရရှိရန် ငွေကောက်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း မော်ချီးတောင်ပေါ်ရပ်ကွက် မီးမရသေး

Author

Date

Category

စိုင်းလင်းလင်းဦး

ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရပ်ကွက်အတွက် လျှပ်စစ်မီးသွယ်ပေးရန် ငွေကောက်ယူထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မီးမသွယ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများက မော်ချီးတောင်ပေါ်ရပ်ကွက် တွင်နေထိုင်သူများထံမှ ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၃၀၀၀ဝ သွင်းထားခဲ့ကြပြီးဖြစ်သည်။

“အလင်းတန်းကျေးရွာနဲ့ အောက်ရွာနဲ့ လိုခါးလိုမှာ မီးတွေရကြပြီ ဒီတောင်ပေါ်က သူတို့ အန္တရာယ်ဇုန်မို့လို့လားမသိဘူး အခုထိ မပေးသေးဘူး။ ဓါတ်တိုင်တော့ လာထောင်ထားပြီးပြီ၊ အရင်တစ်နှစ်ကတည်းက။”ဟု ငွေသွင်းထားသော အိမ်ထောင်စုထဲက တစ်ဦးဖြစ်သူ ဦးသိန်းသန်းဦးက ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်ခင်ကတည်းကပင် တောင်ပေါ်ရပ်ကွက်တွင် လျှပ်စစ်ဓါတ်အား မီးသွယ်တန်းရန်စီစဉ်ထားသော်လည်း အောက်တိုဘာလ ၁၁ ရက်နေ့က မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းကြောင့် မီးသွယ်တန်းရန် ရပ်တန့်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထိုသို့ ရပ်တန့်ထားသော်လည်း ငွေပေးသွင်းထားသူအချို့ကိုသာပြန်လည်ပေးအပ်ပြီး ငွေပြန်မရသေးသည့် သူများ များစွာကျန်ရှိနေသည်ဟုသိရသည်။

လက်ရှိ တောင်ပေါ်ရွာ၊ ဇီး/၁၆ ကုန်းနှင့် ၁၃ ကုန်းရပ်ကွက်တွင် ယခင်အင်္ဂလိပ်ခေတ် သတ္တုတူးဖေါ်စဉ်ကတည်းက ပြုလုပ်ထားသည့် ရေအားလျှပ်စစ်မှ အခကြေးငွေဖြင့်ပေးချေကာ လျှပ်စစ်မီးအား အချိန်ပိုင်းသာ သုံးစွဲနေကြရသေးသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းတွင် ကျေးရွာ ၅ရ ရွာရှိရာ ဓာတ်အားစနစ်ဖြင့် မီးလင်းရန် ၄၄ ရွာ ကျန်ရှိသေးသည်ဟု လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

spot_img
spot_img

Recent posts