အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်ကို အမျိုးသမီးထုတွေ ဘာပြောချင်ကြလဲ

ဒီဇင်ဘာလအတွင်းမှာ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဌာနဆိုင်ရာတွေ ၊ လူမှုအသင်းအဖွဲ့တွေက နေရာတိုင်းမှာ အခန်းအနားတွေ လှုပ်ရှားမှုတွေ ပြည်နယ်တွင်းမှာ ပြုလုပ်သွားခဲ့ကြပါတယ်။

ကန္တာရဝတီတိုင်း(မ်)အနေနဲ့ ကရင်နီအမျိုးသမီးထုတွေ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာတွေ တင်ပြတောင်းဆိုချင် ကြသလဲဆိုတာနဲ့ ပတ်သက်လို့ အမျိုးသမီးတချို့ကို ကန္တာရဝတီတိုင်း(မ်)မှ လိုက်လံမေးမြန်းထားချက်တချို့ပြန်လည် ဖော်ပြထားတာဖြစ်ပါတယ်။

ကရင်နီပြည် အမျိုးသမီးအစည်းအရုံးမှ လုံခြုံအိမ်တွင် ကြီးကြပ်သူဖြစ်တာဝန်ယူနေသူ မော်ဗျားမြာဦး


ကရင်နီပြည် အမျိုးသမီးအစည်းအရုံးမှ လုံခြုံအိမ်တွင် ကြီးကြပ်သူဖြစ်တာဝန်ယူနေသူ မော်ဗျားမြာဦး

” ခုဏကပြောသလိုဘဲပေါ့ ဒီလိုမျိုးအကြမ်းဖက်မှုဆိုတာက တစ်ဦးတစ်ယောက်ထဲလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးဆိုတော့လည်း အုပ်ချုပ်ရေးပိုင်းရော လွှတ်တော်ပိုင်းရောအများကြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တယ်။ ကျမတို့ တရားစီိရင်တဲ့အပိုင်းမှာဆိုရင် ခုဏကပြောသလိုမျိုး ထိရောက်တဲ့ ပြစ်ဒဏ်တွေချဖို့လိုတယ်။ နောက်တစ်ခုက အမျိုးသမီးနဲ့ကလေးတွေကို တကယ့်ကိုထိထိရောက်င်္ရောက်နဲ့အရေးယူဖို့လည်း အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်ပေးတဲ့ဥပဒေကလည်း အမြန်ဆုံးပြဌာန်းဖို့လိုတယ်။ တချို့ဥပဒေတွေကရှိတယ်ဒါပေမယ့် ခုလောလောဆယ် ကျမတို့ပြန်ကြည့်လိုက်မယ် ပြစ်မှုဆိုင်ရာဥပဒေထဲမာဆိုရင်တော့ အမျိုးသမီးတွေကာကွယ်ပေးမှုက အားနည်းနေသေးတဲ့ဟာမျိုးတွေရှိတယ်။”

မယ်စဲမြို့နယ် နမ့်ပလိန်ကျေးရွာ ဒေါ်တင်တင်နွဲ့

မယ်စဲမြို့နယ် နမ့်ပလိန်ကျေးရွာ ဒေါ်တင်တင်နွဲ့

“အခုလိုသင်တန်းပေးတဲ့နေရာမှာ သင်တန်းပေးတဲ့နေရာမှာဆိုလို့ရှိရင် ပြည်နယ်အစိုးရကို ဒီလိုသင်တန်းမျိုးပေးချင်တယ် ဒီကျေးရွာကိုခွင့်ပြုမိန့် ဒီကျေးရွာမျာလုပ်ဖို့ခွင့်ပြုမိန့် အစိုးရကိုခွင့်ပြုမိန့်တောင်းရတယ်။ အဲလိုမျိုးတွေဟာ ဒီလိုမျိုးဆို ခွင့်ပြုမိန့်တောင်းရတယ်။ မလုပ်နဲ့ဆိုကိုယ်က မလုပ်ရဘူး ဒါကအဆိုးလုပ်တာမဟုတ်ဘူး၊ ဒီအမျိုးသမီးတွေအတွက် ကလေးငယ်တွေအတွက် လူထုလည်းသိတယ်။ ပြည်နယ်အစိုးရလည်း သိတော့သိမှာပဲ ဒါပေမယ့်တော့ ခွင့်ပြုမိန့်တချို့တနေရာတွေမှာ မပေးတာရှိတယ်။ အမှန်ဆိုဒါတွေ မပိတ်ပင်သင့်ဘူးပေးသင့်ရမှာပေါ့။”

ကောင်းသောသိုးထိန်းမြန်မာဖောင်ဒေးရှင်း Sister Benedicta

ကောင်းသောသိုးထိန်းမြန်မာဖောင်ဒေးရှင်း Sister Benedicta

“ကျေးရွာတွေမှာ ဒီလျောကြေးတွေနဲ့ ပြီးသွားတာအဲဒီကိစ္စကို ကျမတို့ကလေးမလုပ်ပေးနိုင်ဘူး။ လျောကြေးတွေနဲ့ ပြီးသွားတဲ့ကိစ္စကို မြို့နယ်အဆင့်ပြည်နယ်အဆင့် အဲဒီကနေသူတို့တွေဆီကနေ ကျေးရွာတာဝန်ရှိတဲ့သူတွေက လိုက်ပြီးကြည့်ရှုပြီးတော့ ဒီဟာမျိုးတွေမဟုတ်ပဲနဲ့ တကယ် မှန်ကန်တဲ့ တရားစီရင်ရေးမှာလေး သူတို့ကရှိနေဖို့ အဲလိုမျိုး လုပ်တဲ့အခါကျရင် ကျား၊မအကြမ်းဖက်မှုတွေလျော့ ကျသွားမယ်လို့ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုလျောကြေးနဲ့ပြီးသွားတဲ့အခါဆို လျောကြေးက ဘယ်သူမဆိုပေးနိုင်တယ်လေး အဲဒါကြောင့်ဒီလိုမဖြစ်စေချင်ဘူး။”

ကယားပြည်နယ်ဥပဒေချုပ်ရုံး ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း

ကယားပြည်နယ်ဥပဒေချုပ်ရုံး ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း

“ဒီလိုအမှုမျိုးတွေကို ထောင်ဒဏ်အနှစ် ၂၀ အထိချမှတ်နိုင်တဲ့အာဏာရရှိထားသော စက်ရှင်တရားသူကြီးအာဏာရရှိထားသော ခရိုင်တရားရုံးများမှာ တရားစွဲတင်လေ့ရှိပါတယ်။ ဒါကြောင့် အခုဆိုရင်လည်း ပညာပေးဆိုင်းဘုတ်များလည်းရပ်ရွာတွေမှာ ထူထောင်ထားပါတယ်။ သက်ငယ်မုဒိမ်းမှု ဖြစ်မယ်ဆိုရင် ထောင်ဒဏ်အနှစ်နှစ်ဆယ်ထိချမှတ်နိုင်တယ်ဆိုတာမျိုးပေးထားပါတယ်။ ဒီလိုပေးထားတယ်ဆိုတာ ထိရောက်ဟန့်တားထားတဲ့ ပစ်ဒဏ်တွေရှိတယ်ဆိုတာ ဆော်အော်ထားခြင်းဖြင့် ကျူးလွန်တဲ့ပုဂ္ဂိုလ်များ မကျူးလွန်ရလေအောင် ကြိုတင်ကာကွယ်တဲ့ဟာမျိုးဖြစ်သလို ကျူးလွန်တဲ့ တရားခံတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပစ်ဒဏ်များ အစီအမံများဖြစ်ပါတယ်။”

လိုပူကျေးရွာမှ ဒေါ်မှုတာ

လိုပူကျေးရွာမှ ဒေါ်မှုတာ

“တောင်းဆိုချင်တာက ဝက်မွေးချင်တယ်။ တတ်တာကလည်း ဝက်မွေးတာတခုပဲ ကျန်တာ ဘာမှမတတ်ဘူး။ ပိတ်ဆံလည်းအရင်းအနှီးမရှိတော့ ဘာမှမလုပ်နိုင်ဘူးပေါ့နော်။ သူများတွေကတော့ စီးပွားရေးတခုပြီးတခု လုပ်တတ်တာပေါ့နော်။ ကျမအနေနဲ့တော့ ဝက်ပဲမွေးချင်တယ်။”

Comments

comments