spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အစိုးရအသိမှတ်မပြုသည့် မော်ချီးကျောင်းတွင် ကိုယ်ပိုင် သင်ကြားရေးစနစ်ဖြင့် သင်ကြားနေရ

Author

Date

Category

အစိုးရအသိမှတ်မပြုသည့် မော်ချီးကျောင်းတွင် ကိုယ်ပိုင် သင်ကြားရေးစနစ်ဖြင့် သင်ကြားနေရ

ထျိုးမြာ

အစိုးရအသိအမှတ်ပြုမခံရသော မော်ချီးကျောင်းတွင် ကျောင်းသားများ၏ ပညာရေးအတွက် ကို်ယ်ထူကိုယ်ထ စနစ်ဖြင့် ရရာ နည်းလမ်းရှာကြံပြီး စာသင်ပေးရသည်ဟု စာသင်ကြားပေးသော ဆရာမဒေါ်နော်ခါးရာက ပြောသည်။

“အခုသူတို့(အစိုးရကျောင်း) နည်းစနစ်တွေပြောင်းသွားတယ်လို့သိရတယ်လေး အဲ့ဒီတော့ ကျွန်မတို့လက်လမ်းမှီသလောက်ပေါ့။ ကဗျာတွေကိုဖုန်းနဲ့ပြန်ကူးပြီးတော့ သင်ပေးရတာပဲရှိတယ်။ ”ဟု ဒေါ်နော်ခါးရာ က လက်ရှိ သူငယ်တန်းကျောင်း၏ သင်ရိုးစနစ်အသစ်ကို ပြောပြသည်။

လက်ရှိအနေအထားအရ အန္တရာယ်ဇုန်အဖြင့်သတ်မှတ်ထားသော မော်ချီးတောင်ပေါ် ကျောင်းများအတွင်း သင်ကြားမှု မလုပ်နိုင်ပဲ ကျောင်းဝန်း အနီးရှိ မူကြိုကျောင်း နှင့် ကိုယ်ထူကိုယ်ထ နေရာများတွင်သာ သူငယ်တန်းမှ စတုတ္တတန်းအထိ စုပေါင်းသင်ကြားနေရသည်။

“ စာသင်ရတာလဲ နေရာက အခက်အခဲဖြစ်တယ်။ တစ်ခန်းထဲကို လေးတန်းပေါင်းသင်ရတယ်ဆိုတော့ ဆင်းဆင်းရဲရဲနဲ့ သင်ရတာပေါ့နော။ ရတဲ့နည်းနဲ့ နည်းလမ်းရှာပြီးတော့ သင်ပေးရတာပေါ့။ ” ဟုဆရာမကပြောသည်။

လက်ရှိတွင် စာသင်ကြားရေးအတွက်အကူအညီလိုအပ်နေပြီး အစိုးရနှင့် အခြားအဖွဲ့အစည်းများထံမှ အကူအညီ ရရှိရန် မျှော်လင့်နေကြောင်း ဒေါ်နော်ခါးရာက ပြောသည်။

မော်ချီး စာသင်ကျောင်းကိစ္စအပေါ် အစိုးရသစ်၏ဖြေရှင်းချက်နှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ထံ မော်ချီး(၁၃)ကုန်း ယူဘာခိုမှ ဦးဇော်သူရိန်ဝင်းက မေးခွန်းမေးမြန်းခဲ့သည်။

၎င်း၏မေးခွန်းအပေါ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက “ဒီအချိန်မှာ ကျွန်တော်တို့အတွက် အခက်အခဲတစ်ခုက တရားမဝင်လို့သတ်မှတ်ထားတဲ့နေရာကို တရားဝင်လို့သတ်မှတ်ထားတဲ့ ကျောင်းက ဆရာ/မတွေကို ကျောင်းကို ပြောင်းရွှေ့တင်ဖို့က အခက်အခဲဖြစ်ပါတယ်။” ဟူ၍ ပြန်လည်ဖြေကြားသည်။

မော်ချီးစာသင်ကျောင်းကိစ္စကို ပြည်ထောင်စု ပညာရေးဝန်ကြီး နှင့်ဆွေးနွေးပေးမည်ဖြစ်ပြီး လိုအပ်ပါက လွတ်တော်အထိ တင်ပြပေးမည်ဟုထပ်လောင်းပြောကြားသည်။

လတ်တလောတွင် အပြင်ပရဟိတ နှင့် တစ်နိုင်တပိုင် ကျောင်းဆရာ၊ဆရာများကို ထောက်ပံ့ပေးမည့် အစီအစဉ်ကိုလည်း ဆွေးနွေးထားကြကြောင်းဆိုသည်။

“ကလေးတွေကို ဒီအတိုင်းထားလိုက်မယ်ဆိုရင် ကလေးတွေရဲ့ပညာရေးက နှစ်အောက်ရမလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကိုယ်ထူကိုယ်ထအနေနဲ့ ဆောင်ရွက်ထားပါတယ်။ အဲ့ဒါကိုလည်း အစိုးရအနေနဲ့ အသိအမှတ်ပြုပေးစေချင်ပါတယ်။” ဟု မော်ချီး(၁၃)ကုန်း ယူဘာခိုမှ ဦးဇော်သူရိန်ဝင်းက ၎င်းကပြောသည်။

ကလေးများအတွက် ဖတ်စာအုပ်များကို ရွှေလွိုင်ကော်ပရဟိတ အဖွဲ့မှ ကူညီလှူဒါန်းပေးထားသည်ဟု သိရသည်။

spot_img
spot_img

Recent posts