တောင်ကွဲဘုရားဝန်းထဲ ဈေးသည် ၁ ဦးကို လူ ၃ ဦးက ဓါးဖြင့်ဝိုင်းခုတ်

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့၊ တောင်ကွဲစေတီတော် ဘုရားဝန်းအတွင်း ရိုးရာအထည်ဆိုင်ဖွင့်လှစ်ရောင်းချသူ မင်္ဂလာရပ်ကွက်နေ ဦးကိုကိုလေး (အသက် ၅၀နှစ်)ကို လူငယ်သုံးဦးမှ ဆိုင်ကယ်ဖြင့်တိုက်ပြီး အသင့်ပါလာသော ဓားဖြင့် ဆိုင်တွင်းသို့ ဝင်ခုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်သည် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအခင်းတွင် ဦးကိုကိုလေးသည် ညာဘက်လက်မှ လက်ညှိးပြတ်တောက်ခဲ့ပြီး ဘယ်ဘက်လက်မှ လက်သန်းပြတ်တောက်သွားကြောင်း ဒဏ်ရာရသူအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည့် ရွှေလွိုင်ကော်ပရဟိတအသင်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

ပြစ်မှုကျူးလွန်ခဲ့သူများကို ယနေ့မှာပင်  ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း လွိုင်ကော်မြို့မရဲစခန်းက ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားသည်။

သို့သော် အမှုဖွင့်အရေးယူရန် ကာယကံရှင် ဦးကိုကိုဦး မိသားစုမှထံမှ အတည်ပြုချက်မရရှိသေးကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

Comments

comments