ျမန္မာတပ္မေတာ္နွင့္ KNPP ပဋိပကၡေၾကာင့္ KNPP တပ္သား ၄ ဦး ေသဆံုး၊ အရပ္သား ၁ ဦး ေပ်ာက္ဆံုးေနဆဲ 

အခင္းျဖစ္ပြားခဲ့ေသာ ၇ မိုင္ KNPP ကင္းစခန္းကို ဒီဇင္ဘာလ ၂၂ ရက္ေန႔က ေတြ႕ရစဥ္ (ဓါတ္ပံု/ကႏၱာရဝတီတိုင္း(မ္))

ကႏၱာရဝတီတိုင္း(မ္)

တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ၇ မိုင္ရိွ KNPP ကင္းစခန္းတာဝန္က် တပ္သား ၄ ဦး ေသဆံုးခဲ့ကာ ယင္းစခန္းတြင္ရိွေနေသာ အရပ္သား ၁ ဦး ေပ်ာက္ဆံုးေနဆဲျဖစ္ေၾကာင္း KNPP ၏ အတြင္းေရးမွဴး(၂) ခူဒယ္နီယာယ္က ဒီဇင္ဘာ ၂၂ ေန႔က ေျပာၾကားလုိက္သည္။

လိြဳင္ေကာ္ၿမိဳ႕အထြက္ ရွားေတာသြားလမ္း ေကအဲန္ပီပီ၏ ကင္းစခန္းအား ဒီဇင္ဘာလ ၂၀ ရက္ေန႔ ၈ နာရီဝန္းက်င္ခန္႔က တပ္မေတာ္အင္အား ၆၀ ခန္႔က လာေရာက္ ဝိုင္းဝန္းပိတ္ဆို႔ရာက ကင္းစခန္းတာဝန္က် KNPP တပ္သား ၄ ဦးႏွင့္ အရပ္သား ၁ ဦးႏွင့္ အဆက္အသြယ္ျပတ္ေတာက္ၿပီး ေပ်ာက္ဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ေကအဲန္ပီပီဆက္ဆံေရးရံုး(လိြဳင္ေကာ္)က ဆိုသည္။

ဒီဇင္ဘာလ ၂၁ ရက္ေန႔မွသာ ေကအဲန္ပီပီ၏ တာဝန္ရိွသူမ်ားမွ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(လိြဳင္ေကာ္)ႏွင့္ ဆက္သြယ္ညိွႏိွဳင္းခဲ့ၿပီးမွ ၇ မိုင္ ကင္းစခန္းတာဝန္က် KNPP တပ္သား ၄ ဦး မည္သုိ႔ေသဆံုးခဲ့ေၾကာင္း အတည္ျပဳႏိုင္ျခင္း မရိွေသးသည့္အျပင္ အရပ္သား ၁ ဦးမွာ ယေန႔အထိ ေပ်ာက္ဆံုးေနဆဲျဖစ္သည္။

ဒကစ၏ အဆိုအရ အခင္းျဖစ္ပြားၿပီး KNPP တပ္သား ၄ ဦး ေသဆံုးခဲ့ကာ ၎တို႔၏ ရုပ္အေလာင္းအား တပ္မေတာ္မွ မီးသၿဂိ ၤဳလ္လိုက္ကာ အရိုးအိုးမ်ားကို မိမိတို႔အား ျပန္လည္ေပးအပ္ခဲ့သည္ဟု ခူဒယ္နီယာယ္က ေျပာသည္။

KNPP အရိုးအိုး ဓါတ္ပံု – KNPP ဆက္ဆံေရးရံုး(လိြဳင္ေကာ္)

အခင္းျဖစ္ပြားၿပီးေနာက္ အဆိုပါေနရာသို႔ KNPP မွ သြားေရာက္စစ္ေဆးခဲ့ရာတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ လကၡာဏာမ်ား မေတြ႕ရသည့္အျပင္ မီးသၿဂိ ၤဳလ္ထားေသာ အေနအထားမ်ားလည္း မေတြ႕ရိွခဲ့ရေၾကာင္း အတြင္းေရးမွဴး(၂) ခူဒယ္နီယာယ္က ေျပာသည္။

“က်ေနာ္တို႔ ခံစားရတာကေတာ့ မတရားဘူး။ တကယ္လို႔ တိုက္ပြဲျဖစ္လို႔ က်တယ္ဆိုရင္ေတာ့ တိုက္ပြဲျဖစ္ရင္ အက်အဆံုးေတာ့ ရိွမွာပဲေလ။ စစ္တပ္မွာလည္း သူတို႔ ဥပေဒရိွတာပဲ။ ဥပမာ ဘာမွ ခုခံမႈမလုပ္ဘဲနဲ႔ လာတဲ့လူတစ္ေယာက္ကို သူတို႔ သတ္ပိုင္ခြင့္မရိွဘူး။ သူတို႔ ဥပေဒကို သူတို႔ ခ်ိဳးေဖါက္တာပဲလို႔ က်ေနာ္ျမင္တယ္။”ဟု ၎က ဆိုသည္။

အဆိုပါအခင္းျဖစ္ပြားခဲ့ေသာ ကင္းစခန္းႏွင့္ အနီးဆံုးေနရာရိွ ေဈးဆိုင္၏ ဆုိင္ရွင္ကို ကႏၱာရဝတီတိုင္း(မ္)မွ သြားေရာက္ေမးျမန္းခဲ့ရာတြင္လည္း ဒီဇင္ဘာ ၁၉၊ ၂၀ ရက္ေန႔အတြင္း ယင္းေနရာမ်ား၌ တိုက္ခိုက္ပစ္ခတ္သံမ်ား တစံုတရာမၾကားမိေၾကာင္း ျပန္လည္ေျဖၾကားသည္။

အဆိုပါ KNPP တပ္သား ၄ ဦးေသဆံုးမႈ ႏိုင္ငံေရးျဖင့္ အေကာင္းဆံုးေျပလည္ႏိုင္မည့္နည္းလမ္းျဖင့္ အေျဖရွာမည္ဟု ခူဒယ္နီယာယ္က ဆက္ေျပာသည္။ 
“က်ေနာ္တို႔ အေကာင္းဖက္သြားတဲ့ အစီအစဥ္ပဲ စီစဥ္ထားတယ္။ အစိုးရအေပၚလည္း အမ်ားႀကီးမူတည္ပါတယ္။ အစိုးရက ျပစ္မႈက်ဴးလြန္တဲ့သူကို ဘယ္လို အေရးယူေဆာင္ရြက္မလဲေပါ့။ ဒါကေတာ့ ဥပေဒလမ္းေၾကာင္းအတိုင္းပဲ။”ဟု ခူဒယ္နီယာယ္က ေျပာသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ကယားျပည္နယ္လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးျမင့္ေဝသို႔ ကႏၱာရဝတီတိုင္း(မ္)မွ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာ ယင္းကိစၥအား တပ္အပ္မေျပာႏိုင္ေသးေၾကာင္း၊ ျပည္နယ္အစိုးရမွ တစံုတရာသတင္းထုတ္ျပန္ျခင္းမရိွေသးေၾကာင္း ဒီဇင္ဘာလ ၂၂ ရက္ေန႔ နံနက္ ၈ နာရီက ေျဖၾကားသည္။

“တပ္မေတာ္နဲ႔ ျပည္နယ္ဝန္ႀကီးနဲ႔ ေကအဲန္ပီပီနဲ႔ သူတို႔ဖာသာ ညိွႏွိဳင္းရွင္းလင္း တိုင္ပင္ေဆြးေႏြးတိုင္ပင္ၿပီးေတာ့ ျပည္နယ္တစ္ခုလံုးမွာ နဂိုမူလအတိုင္းပဲ သြားလာလုပ္ရွားရတဲ့ အဆင့္မွာပဲ ဒီအတိုင္းပဲရိွတယ္။”ဟု လံု/နယ္ဝန္ႀကီး ဗိုလ္မွဴးႀကီးျမင့္ေဝက ေျပာၾကားသည္။

ယင္းကိစၥမတိုင္ခင္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ ရွားေတာၿမိဳ႕မွ ျပန္လာေသာ ဒကစ၏ ရိကၡာယာဥ္မ်ားတြင္ သစ္မ်ားသယ္ေဆာင္သည္ဟု ေဒသခံမ်ား သတင္းေပးခ်က္အရ အဆိုပါ ၇ မိုင္ဂိတ္မွ KNPP တပ္သားမ်ားမွ စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ အဆိုပါ ကင္းစခန္းကို တပ္မေတာ္မွ ဝင္ေရာက္စီးနင္းခဲ့ျခင္းျဖစ္သည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ဒကစ(လိြဳင္ေကာ္)၏ တာဝန္ရိွသူအနက္ တစ္ဦးျဖစ္ေသာ ဗိုလ္မွဴးမ်ိဳးမင္း(၀၉၅၀၄၈၀၃၈)ထံသို႔ ကႏၱာရဝတီတိုင္း(မ္)က ဖုန္းျဖင့္ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မြန္းတည့္ ၂ နာရီက ၃ ႀကိမ္တိတိ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းပိတ္ထားသည္။

အဆိုပါ ၇ မိုင္ ေကအဲန္ပီပီ ကင္းစခန္းသည္ ၂၀၁၂ ခုႏွစ္ ျပည္နယ္အဆင့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးထားၿပီးေနာက္ တရားမဝင္ သစ္ေတာထြက္ပစၥည္းမ်ားႏွင့္ မူးယစ္ေဆးဝါးမ်ားကို စစ္ေဆးမႈျပဳလုပ္ေနျခင္းျဖစ္သည္။

Unicode

မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံး၊ အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ

ကန္တာရဝတီတိုင်း(မ်)

တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၇ မိုင်ရှိ KNPP ကင်းစခန်းတာဝန်ကျ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ယင်းစခန်းတွင်ရှိနေသော အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ဒီဇင်ဘာ ၂၂ နေ့က ပြောကြားလိုက်သည်။

လွိုင်ကော်မြို့အထွက် ရှားတောသွားလမ်း ကေအဲန်ပီပီ၏ ကင်းစခန်းအား ဒီဇင်ဘာလ ၂၀ ရက်နေ့ ၈ နာရီဝန်းကျင်ခန့်က တပ်မတော်အင်အား ၆၀ ခန့်က လာရောက် ဝိုင်းဝန်းပိတ်ဆို့ရာက ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦးနှင့် အရပ်သား ၁ ဦးနှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီဆက်ဆံရေးရုံး(လွိုင်ကော်)က ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ ကေအဲန်ပီပီ၏ တာဝန်ရှိသူများမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဆက်သွယ်ညှိနှိုင်းခဲ့ပြီးမှ ၇ မိုင် ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦး မည်သို့သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် အရပ်သား ၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဒကစ၏ အဆိုအရ အခင်းဖြစ်ပွားပြီး KNPP တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့၏ ရုပ်အလောင်းအား တပ်မတော်မှ မီးသဂြိ င်ု္လ်လိုက်ကာ အရိုးအိုးများကို မိမိတို့အား ပြန်လည်ပေးအပ်ခဲ့သည်ဟု ခူဒယ်နီယာယ်က ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ KNPP မှ သွားရောက်စစ်ဆေးခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခာဏာများ မတွေ့ရသည့်အပြင် မီးသဂြိ င်ု္လ်ထားသော အနေအထားများလည်း မတွေ့ရှိခဲ့ရကြောင်း အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောသည်။

“ကျနော်တို့ ခံစားရတာကတော့ မတရားဘူး။ တကယ်လို့ တိုက်ပွဲဖြစ်လို့ ကျတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် အကျအဆုံးတော့ ရှိမှာပဲလေ။ စစ်တပ်မှာလည်း သူတို့ ဥပဒေရှိတာပဲ။ ဥပမာ ဘာမှ ခုခံမှုမလုပ်ဘဲနဲ့ လာတဲ့လူတစ်ယောက်ကို သူတို့ သတ်ပိုင်ခွင့်မရှိဘူး။ သူတို့ ဥပဒေကို သူတို့ ချိုးဖေါက်တာပဲလို့ ကျနော်မြင်တယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သော ကင်းစခန်းနှင့် အနီးဆုံးနေရာရှိ ဈေးဆိုင်၏ ဆိုင်ရှင်ကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ဒီဇင်ဘာ ၁၉၊ ၂၀ ရက်နေ့အတွင်း ယင်းနေရာများ၌ တိုက်ခိုက်ပစ်ခတ်သံများ တစုံတရာမကြားမိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါ KNPP တပ်သား ၄ ဦးသေဆုံးမှု နိုင်ငံရေးဖြင့် အကောင်းဆုံးပြေလည်နိုင်မည့်နည်းလမ်းဖြင့် အဖြေရှာမည်ဟု ခူဒယ်နီယာယ်က ဆက်ပြောသည်။
“ကျနော်တို့ အကောင်းဖက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ။”ဟု ခူဒယ်နီယာယ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေသို့ ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယင်းကိစ္စအား တပ်အပ်မပြောနိုင်သေးကြောင်း၊ ပြည်နယ်အစိုးရမှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဖြေကြားသည်။

“တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးနဲ့ ကေအဲန်ပီပီနဲ့ သူတို့ဖာသာ ညှိနှိုင်းရှင်းလင်း တိုင်ပင်ဆွေးနွေးတိုင်ပင်ပြီးတော့ ပြည်နယ်တစ်ခုလုံးမှာ နဂိုမူလအတိုင်းပဲ သွားလာလုပ်ရှားရတဲ့ အဆင့်မှာပဲ ဒီအတိုင်းပဲရှိတယ်။”ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောကြားသည်။

ယင်းကိစ္စမတိုင်ခင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များတွင် သစ်များသယ်ဆောင်သည်ဟု ဒေသခံများ သတင်းပေးချက်အရ အဆိုပါ ၇ မိုင်ဂိတ်မှ KNPP တပ်သားများမှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါ ကင်းစခန်းကို တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သော ဗိုလ်မှူးမျိုးမင်း(ဝ၉၅၀၄၈၀၃၈)ထံသို့ ကန္တာရဝတီတိုင်း(မ်)က ဖုန်းဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၂ နာရီက ၃ ကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်။

အဆိုပါ ၇ မိုင် ကေအဲန်ပီပီ ကင်းစခန်းသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးနောက် တရားမဝင် သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။

Comments

comments