spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကယန်းလူမျိုးအမည်မှန် မှတ်ပုံတင်ပြောင်းလဲရန် လိုလား

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နေထိုင်သည့် ကယန်းကျေးရွာ (၁၅) ရွာမှ ကယန်းလူမျိုး (၁၀၀၀) ကျော်၏ နိုင်ငံသားစိစစ်စ်ရေးကဒ်ပြား(ဝါ) အမျိုးသားမှတ်ပုံတင်တွင် ကယန်းလူမျိုးအမည်ကို အခြားလူမျိုးအမည်များဖြင့် မှားယွင်းဖော်ပြထားသည့်အတွက် ကယန်းလူမျိုးအမည်မှန်ကို ပြန်လည်ပြောင်းလဲရန် လိုလားနေကြသည်။

ယခုကဲ့သို့ ကယန်းလူမျိုးမှတ်ပုံတင်အမည်မှန် ပြောင်းလဲရေးအတွက်လုပ်ဆောင်နေသည့် ကယန်းမျိုးဆက်သစ်လူငယ်၏ တွဲဖက်အတွင်းရေးမှူး(၂) ခွန်းသောမတ်က “ ကိုယ့်လူမျိုးကို ကိုယ်ပြန်ပြီး ဖော်ထုတ်တဲ့နေရာမှာ ဒီမှတ်ပုံတင်ကလည်း အရေးကြီးတာပေါ့နော်။ သက်သေတစ်ခုအနေနဲ့ တည်ရှိနေတယ်ပေါ့။ ဆိုတော့ အမှန်ပြန်ဖြစ်ဖို့က သိပ်ကိုအရေး ကြီးတယ်။” ဟုပြောသည်။

၎င်းကိစ္စအပေါ် ကယန်းမျိုးဆက်သစ်လူငယ်နှင့် ကယန်းလထာမျိုးနွယ်စုဗဟိုကော်မတီတို့မှ ပင်လောင်းမြို့နယ်
မြို့နယ်ဦးစီးမှုနှင့် သုံးကြိမ်တွေ့ဆုံညှိနှိုင်းထားပြီး အောက်တိုဘာလ ဒုတိယပတ်က နောက်ဆုံးအကြိမ်တွေ့ဆုံစဉ်တွင် မြို့နယ်ဦးမှူးမှစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလကုန်တွင် အကြောင်းပြန်ပေးမည်ဖြစ်ဟု ပြောဆို ထားကြောင်း ၎င်းက ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ်နှင့် ကယန်းလထာမျိုးနွယ်စုဗဟိုကော်မတီတို့ ပူးပေါင်းကောက်ယူထားသည့် လူဦးရေ (၁၀၀၀)  ကျော်၏ မှတ်ပုံတင်တွင် ကယန်းလူမျိုးကို အခြားလူမျိုးနာမည်များဖြင့် ဖော်ပြထားသကဲ့သို့ ကယန်းမျိုးနွယ်စု တစ်ခုဖြစ်သည့် လထာမျိုးနွယ်စုကိုလည်း လူမျိုးတစ်မျိုးအဖြစ် မှားယွင်းဖော်ပြထားသည်ဟု ဆိုသည်။

“ဘာမှ မစိစစ်ဉ်ဆောင်ရွက်သေးနိုင်ပါဘူးဗျာ။ ဒီလကုန်မှာပဲ သူတို့လည်းလာလိမ့်မယ်။ အဲ့ကျမှ အသေးစိပ်ပြောမယ်လေ။ လောလောဆယ် ဘာမှမလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ ကွင်းဆင်းနေကြလို့” ဟု ပင်လောင်းမြို့နယ် မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်က ပြောသည်။

မှတ်ပုံတင်တွင် လူမျိုးအမည်မှားယွင်းနေသည့် လူဦးရေစာရင်းကို ကောက်ယူရာတွင် ကာယံကံရှင်၏ အိမ်ထောင်စုစာရင်း၊ မှတ်တင်နံပါတ်နှင့် အမှန်တကယ်ပြောင်းလဲလိုသည့် လက်မှတ်များပါ တစ်ပါတည်း ကောကာက်ယူခဲ့ကြောင်း ခွန်းသောမတ်က ဆိုသည်။

အဆိုပါ မှတ်ပုံတင်ပြန်လည်  ပြောင်းလဲနိုင်ရန်ရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ပြီး မှတ်ပုံတင် ပြောင်းလဲလိုသည့်
လူဦးရေစာရင်းနှင့် အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲအပ်ထားပြီး ဖြစ်သည့်အတွက် ယခုကိစ္စအပေါ် စေတနာထားရန်နှင့် ဝန်ဆောင်မှုကို ပိုပြီးတိုးမြှင့်သင့်ကြာင်း ၎င်းက ဆိုသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ရှိသည့်အပေါ်တွင် လုပ်ပေးလိုစိတ်မရှိပါက အဆိုပါကိစ္စ
အပေါ် သတင်းစာရှင်းလင်း ပွဲပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ထပ်ပြီးအလေးထားဆောင်ရွက်ပေးမှုမရှိပါက တောင်းဆိုမှုများကို
တိုးမြှင့်လုပ်ဆောင်သွားရန်ရှိကြောင်း ဆိုသည်။

ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်က “လူတစ်ယောက်မှာ သူ့မှတ်ပုံတင်မမှန်ကန်ဘူးဆိုရင် သူက ဒီမှာနိုင်ငံသားအခွင့်အရေးရတာပဲ။ သူရဲ့ နာမည်မှန်တွေ၊ သူရဲ့ မိဘနာမည်မှန်တွေ၊ သူရဲ့ လူမျိုးနာမည်မှန်တွေသူပြန်လည် ဖော်ပြခွင့်ရှိတာပဲလေ။”ဟု ပြောသည်။

ယခုကဲ့သို့ လူဦးရေစာရင်းပြုစုထားပြီး လူမျိုးအမည်မှန်ပြောင်းလဲပေးရန် တောင်းဆိုသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအတွက်
အခက်အခဲမရှိနိုင်သော်လည်း ဌာနဆိုင်ရာအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုပြုလုပ်ပါက လုပ် ငန်းကိုပိုပြီး သွက်လက်စေ မည်ဟု ၎င်းက ဆိုသည်။

ကယန်းလူမျိုးအမည်မှန် မှတ်ပုံတင်ပြန်လည်ပြောင်းလဲလိုသည့်  လူဦးရေ (၁၀၀၀)ကျော်သည် ပင်လောင်းမြို့နယ် ဘန်းဘာကျေးရွာအုပ်စုရှိ စင်းဆင်း၊ ထီပေါင်း၊ လုံးကဲ(ဟောင်း)၊ ဆောင်ခဲ၊ သပြေကုန်းကျးရွာအုပ်စုရှိ ကံလှ၊ လုံးကဲ၊ တလိုင်းမ၊ ဘန်းရင်း၊ ထိန်ပင်ကျေးရွာအုပ်စုရှိ ကသောင်း၊ လုံးထို၊ လက်ဆွဲ၊ ကိုးကွေ့၊ ကလတီ၊ လုံးပျဉ်ကျေးရွာအုပ်စုရှိ တောင်စလုံး၊ မြောက်စလုံးကျေးရွာတို့တွင် နေထိုင်သည့် ကယန်းလူမျိုးများဖြစ်ပြီး ကယန်းလထာမျိုးနွယ်စုများ ဖြစ်သည်။

spot_img
spot_img

Recent posts