spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကယားတွင် အဂတိလိုက်စားမှုတိုင်ကြားစာ အနည်းဆုံးဟုဆိုသော်လည်း ဒီထက်မကရှိကြောင်း ဒေါက်တာဒေါ်ခင်စည်သူပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင် အဂတိလိုက်စားမှုတိုင်ကြားစာ အနည်းဆုံး(၁၄)စောင်သာရှိသည် ဟုဆိုသော်လည်း ပြည်သူများတိုင်ကြားမှု ဒီထက်မက ရှိကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးသွားပါသည်။

“ဒါတွေကို အာရုံစိုက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ငါးအကောင်ကြီးကြီးတွေရော ငါးငယ်လေးတွေ ကယားမှာ ရှိနေပါသေးတယ်။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်းပြီး လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ယနေ့ မေလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့ တွင် အသိပေးတင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

အဓိက အဂတိလိုက်စားမှုဖြစ်လာရခြင်းအကြောင်းမှာ တရားဝင်လစာခံစားမှုနည်းသည့်အတွက် အဂိတိလိုက်စားမှုများရှိလာခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ လောဘကြီးလွန်းပြီး ချမ်းသာလိုစိတ်များခြင်းဖြစ်သည်ဟု ကောက်ယူထားသည့် စစ်တမ်းအရ လွှတ်တော်တွင် တင်ပြသွားပါသည်။

ပြည်သူဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး အတွက်လည်းအဓိက အတားအဆီးတခုဖြစ်သည့်အတွက် ဝန်ထမ်းများအဖွဲ့ဝင်များလစာနည်းခြင်းကို မည်ကဲ့သို့ကုစားမည်ဆိုသည်မှာ အရေးတကြီးဆောင်ရွက်ရမည့်အချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အရေးယူဆောင်ရွက်မှုအားနည်းနေခြင်းဖြစ်သည့်အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်အဖွဲ့သည်လည်း ဆက်လက်တည်ရှိလိုအပ်နေသေး ကြောင်း လွှတ်တော်တွင် ဆွေးနွေးတင်ပြသွားခဲ့သည်။

အဂတိလိုက်စားမှု အများဆုံးတွေ့ရသည့်ဌာနများမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားစုဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တရားစီရင်ရေးက အများဆုံးဖြစ်သည် ဟု ဆိုပါသည်။

spot_img
spot_img

Recent posts