spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်တွင် H1N1 ရောဂါ ဖြစ်ပွားသူ မရှိသေး

Author

Date

Category

ထျိုးမြာ

ရာသီ်တုပ်ကွေးရောဂါ တစ်ခုဖြစ်သော Seasonal Influenza A (H1N1) မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားနေသော်လည်း ကယားပြည်နယ်တွင် ဇူလိုင် ၂၆ ရက်နေ့အချိန်အထိ H1N1 ရောဂါ ဖြစ်ပွားသော လူနာ မတွေ့ရှိရသေးကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က အတည်ပြုသည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအချို့၌ ဖြစ်ပွားနေသော Seasonal Influenza A (H1N1) ရာသီတုပ်ကွေးရောဂါကို ကယားပြည်နယ်အတွင်း ဇူလိုင်လ(၂၇)ရက်နေ့အထိ အဆိုပါ ရောဂါလက္ခဏာရှိသောလူနာအား မတွေ့ရှိရသေးကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က အတည်ပြုပြောကြားသည်။

လက်ရှိတွင် သံသယရှိသော လူနာမရောက်လာသေးသော်လည်း မိမိတို့အနေနှင့် ရောဂါဖြစ်ပွားလာပါက ဆေးရုံရှိ ဝန်ထမ်းများနှင့် အခြားလူနာများကို မကူးစက်စေရန်နှင့် လူနာများကို သီးသန့်ဆေးကုသမှုခံယူနိင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဒေါက်တာရန်နိုင်မောင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

“သူတို့ကို တည်းခြားခွဲထားဖို့လိုအပ်ပြီလို့ ကျနော်တို့ အထူးကုတွေက ဆုံးဖြတ်တယ်ဆိုရင် ကျနော်က သီးခြားခွဲတဲ့လူနာဆောင်ကို ကျနော်စီစဉ်ပြီးပြီ။ ကျနော်တို့ဆီမှာ သီးခြားကုသတဲ့ လူနာဆောင်စီစဉ်ပြီးပြီ။ အဲ့ထဲမှာ လူနာနှစ်ယောက် သုံးယောက်လောက်တော့ အေးဆေးထားလို့ရတယ်။ တစ်ကယ်လို့ အများကြီးဖြစ်လာပြီဆိုရင် လူနာအများကြီးထားလို့ရမယ့် နေရာတစ်နေရာကိုတော့ ကျနော်လုပ်မှာပဲ ”ဟု ၎င်းက သည်။

“ဒီနေ့ (၂၇-၇-၂၀၁၇) ရက်နေ့မှာ လွိုင်ကော်ဆေးရုံကြီးမှာရှိတဲ့ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသထောက်ကူဝန်ထမ်းများ၊ ဆေးရုံစီမံအုပ်ချုပ်မှု အဖွဲ့များ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပြီး သံသယလူနာများ ရောက်ရှိလာရင် သီးခြား စမ်းသပ်ခန်း နဲ့ ကုသခန်းများ စီစဉ်ပြီးပြီ။ သီးခြားကုသပေးနိုင်တဲ့ လူနာဆောင်လည်း စီစဉ်ပြီးပြီ၊ အဲ့ထဲမှာ လူနာ ၂ ယောက်၊ ၃ ယောက်လောက်တော့ အေးအေးဆေးဆေး ထားလို့ရတယ်၊ တကယ်လို့ အမျာကြီးရောက်လာလို့ရှိရင်လည်း အဆင်ပြေအောင် ကျွန်တော်တို့ စီစဉ်ပေးမှာပါ၊ ဗဟိုအဆင့် ဆေးရုံကြီးများကို လူနာ လွဲပြောင်း ညွန်းပို့ရမယ် ဆိုရင်လည်း လူမှုရေးအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး Ambulance တွေ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ရာသီ်တုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm09 ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်အရ ရာသီတုပ်ကွေးရောဂါသည် Influenza Type (A)၊ Type (B) နှင့် Type (C) ဗိုင်းရပ်စ်ရောဂါပိုးများကြောင့် ဖြစ်ပွားပြီး ၎င်းတို့အနက် Influenza Type (A)၊ Type (B) သည် ပိုမိုကူးစက် ပျံ့နှံ့လေ့ရှိကြောင်း သိရှိရပါသည်။

Influenza Type (A) ဗိုင်းရပ်ပိုးတွင် မျိုးကွဲများစွာရှိပြီး ၎င်းတို့အနက် Influenza A(H1N1) နှင့် A(H3N2)မျိုးကွဲတို့မှာ ရာသီတုပ်ကွေးရောဂါအဖြစ် ပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါ ကပ်အသွင်ဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးအနေဖြင့် တစ်နှစ်လျှင် လူဦးရေ (၃)သန်းမှ (၅) သန်းအထိ ရောဂါပြင်းထန်စွာဖြစ်ပွားပြီး လူဦးရေ (၂၅၀,၀၀၀)ဦး မှ (၅၀၀,၀၀၀)ဦးအထိ နှစ်စဉ် သေဆုံးလျက် ရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါသည် မိုးရာသီနှင့် မိုးအကုန် ဆောင်းအကူး ကာလများတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါသည်။

ရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပြီး ရောဂါပျိုးရက်မှာ (၁)ရက်မှ (၃)ရက်ခန့် ကြာမြင့်ပါသည်။ ရောဂါလက္ခဏာများမှာ အဖျားရှိခြင်း (အပူချိန် ၃၈C ံ နှင့်အထက်)၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းစသည်တို့ဖြစ်ပွားပြီး ရောဂါပြင်ထန်လာလျှင် အဖျားကြီးလွန်းခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်သေဆုံးသည် အထိ ဖြစ်ပွားနိုင်ပါသည်။

တုပ်ကွေးရောဂါသည် ကပ်အသွင်ဖြစ်ပွားပါက လူတိုင်းတွင် ရောဂါဖြစ်ပွားနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၂) နှစ်အောက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများတွင် ရောဂါကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန်တတ်လေ့ရှိပါသည်။

ထို့အပြင် ရောဂါပိုးများသည် လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နည်းအနေဖြင့် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို အုပ်၍ နှာချေ/ချောင်းဆိုးရန် တိုက်တွန်းအပ်ပါသည်။ (လက်ကိုုင်ပုဝါ၊ တစ်ရှုးနှင့် တစ်ခါသုံး ပါးစပ်နှားခေါင်းစည်းတို့ အသုံးပြုနိုင်ပါသည်။)

ရောဂါပိုးများသည် လက်တွင် ကပ်ငြိနေနိုင်သခြင့် ချောင်းဆိုး၊ နှာချေးပြီးချိန်နှင့် ရောဂါလက္ခဏာ ရှိသူများအား ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း စနစ်တကျ ရေနှင့် ဆပ်ပြာတို့ဖြင့် လက်ဆေးရန် လိုအပ်ပါသည်။ တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ လူထူထပ်သောနေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။

စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် နေထိုင် လုပ်ကိုင်သူများအားလုံး၏ ကျန်းမားရေးအခြေအနေအား စောင့်ကြပ်ကြည့်ရှုသင့်ပြီး လူတစ်ဦးဦးတွင် တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အမြန်ဆုံးဆက်သွယ် ဆောင်ရွက်၍ ကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

၂၀၁ရ ခုနှစ် ဇူလိုင်လအတွင်းတွင် ချင်းပြည်နယ်၊ ရန်ကုန်မြို့တို့တွင် ရာသီ်တုပ်ကွေးရောဂါ Seasonal Influenza A(H1N1)ရောဂါဖြစ်ပွားသော လူနာအချို့ ဆေးရုံကြီးများတွင် လာရောက်ကုသခံယူကြပြီး ရောဂါလက္ခဏာရှိသူအချို့ သေဆုံးသည့်အထိ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၂ရ ရက်နေ့ မွန်းလွှဲ ၂ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acuteespiratory Illness) ဖြင့် လူနာ (၅၀)ဦးအား ဆေးကုသမှုပေးခဲ့ပြီး Seasonal Influenza A(H1N1) pdm 2009 – Positive လူနာစုစုပေါင်း (၃၀)ဦး ရှိခဲ့ကာ ၎င်းတို့အနက် ၆ ဦးအထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

spot_img
spot_img

Recent posts