spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်၏ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုအပိုင်း ခြေလှမ်း စတင်နေပြီဟု ဆို

Author

Date

Category

ကရင်နီသူ

ကယားပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုသည် လက်ရှိတွင် ခြေလှမ်းစတင်နေပြီဟု ပြော၍ရနေပြီဖြစ်ကြောင်း အာရှဖောင်ဒေးရှင်းမှ မန်နေဂျာ ဂျိန်း က ပြောသည်။

̏ ကျွန်တော်တို့ဆွေးနွေးတဲ့အထဲမှာ အစိုးရဘက်မှာ ဘဏ္ဍာရေး ပွင့်လင်းမြင်သာဖို့၊ လွှတ်တော်အစိုးရ ပူးပေါင်းမှုတွေ ပိုပြီးများများလုပ်နေရဦးမှာ ဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေ ပိုပြီးများများ လုပ်ပြီးတော့ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ခိုင်မာတောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာကဏ္ဍကို ဝိုင်းပြီးတော့ လုပ်ရအောင်လို့ ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မှတ်ချက်စကားကတော့ ကယားပြည်နယ်က ကနဦးအနေနဲ့ တော်တော်ကိုကောင်းမွန်တဲ့ ခြေလှမ်းကို လှမ်းနေပြီလို့ ဒီလိုမြင်ပါတယ်။ ˝ဟု ၎င်းကပြောသည်။

ပြည်နယ်အစိုးရအနေနှင့် ပြည်နယ်အတွင်း သုံးစွဲသည့် ဘဏ္ဍာရေးများပွင့်လင်းမြင်သာရန်နှင့် ဘဏ္ဍာငွေများ စီမံခန့်ခွဲရေးအပိုင်းကို ယခုထက် များများလုပ်ရန် လိုအပ်နေသေးကြောင်း ၎င်းကထောက်ပြသည်။

ကယားပြည်နယ် အစိုးရ၏ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်နိုင်ဦးက ဤသို့ပြောသည်။

̏မြေယာကိစ္စဖြစ်ဖြစ် ဘာကိစ္စဖြစ်ဖြစ်၊ မှတ်ပုံတင်ရုံးသွားတာဖြစ်ဖြစ်၊ မြေစာရင်းရုံးကအစ ထွေ/အုပ်ကိုလုပ်တာကအစ အကုန်လုံးကို ကျွန်တော်ပြောထားပြးီပြီ။ ပြည်သူလူထုကို ချပြပါမယ်၊ အဲ့အချိန်မှာမှ အချိန်ယူပြီးတော့ ဘယ်ကဏ္ဍက၊ ဘယ်ညွှန်/မှူးက ငွေဘယ်လောက်စားထာတယ် ဆိုတာ အသံဖိုင်ပါလာလို့ရှိရင် ထိထိရောက်ရောက် ပြုတ်အောင်အရေးယူလို့ရတယ်။ ကျွန်တော် အကတိတင်ပေးလို့ရတယ်၊ လွှတ်တော်မှာစွပ်စွဲပြစ်တင်လို့ရတယ်။ ကျွန်တော်မကောင်းရင်လည်း ကျွန်တော့်ကို တိုင်လို့ရပါတယ်˝ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

နောက်အချက်မှာ အရပ်ဖက်အဖွဲ့အစည်းများသည် အစိုးရနှင့်ဌာနဆိုင်ရာများနှင့် လက်တွဲလုပ်ဆောင်နေသည့် ဘဏ္ဍာရေးစီမံခန့်ခွဲသုံးစွဲမှုများကို ပြည်သူပါဝင်သည့် ဘဏ္ဍာရေးစိစစ်သည့် အခြေအနေမျိုးသွားရန်လိုကြောင်း သုံးသပ်သွားခဲ့သည်။

နောက်ဆုံးအချက်အနေဖြင့် အနေဖြင့် အရပ်ဖက်အဖွဲ့များအနေနှင့် လက်ရှိ ဌာနဆိုင်ရာတွင် ဖြစ်ပျက်နေသည့် အခင်းအကျင်း၊ စည်းမျဉ်းစည်းကမ်းများနှင့် အခက်အခဲမျာကို သုံးသပ်ကာ သိရန်လိုအပ်သည့် အချက်များကို ထပ်မံသိရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ထောက်ပြသွားခဲ့သည်။

ကယားပြည်နယ်ရှိ အစိုးရ၊ လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းမျာ၊ ပြည်သူများသည် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုနှင့် ဘဏ္ဍာရေးဆိုင်ရာများတွင် အခြား တိုင်း/ပြည်နယ်ထက် စိတ်ဝင်စားမှုအားကောင်းနေသည့် ပြည်နယ်ဖြစ်နေသည်ကို တွေ့ရကြောင်း အာရှဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မှတ်ချက်ပေးသွားခဲ့သည်။

ပြည်သူ့ဘဏ္ဍာ၊ ပြည်သူရွေးချယ်တင်မြောက်ထားသည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် လျို့ဝှက်ထားရန်မရှိကြောင်းနှင့် အတတ်နိုင်ဆုံးဖော်ပြပေးသွာမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမော်မော်က ပြောကြားခဲ့သည်။

̏ကျွန်တော်တို့ အစိုးရရဲ့ ဘဏ္ဍာရေးအကြောင်း လွှတ်တော်က ဥပဒေကြမ်းအတည်ပြုပြီးရင် ကျွန်တော်တို့ပြည်နယ်မှာ LEDဆိုင်းဘုတ်သုံးခုရှိတယ်။ တောင်ဈေးမှာတစ်ခု၊ နောင်ယားကန်မှာတစ်ခု၊ အစိုးရရုံးမှာတစ်ခု အဲ့ဒီနေရာတွေမှာ ချပြလိုက်မယ်။ ဒါဆိုရင် ပြည်သူကတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရသည် ဘာမှမကွယ်ဝှက်ဘူးဆိုတာ နားလည်မှာပါ ခုဏကပြောတဲ့ အဖြေတစ်ခုက ပွင့်လင်းမြင်သာမှုရဲ့ အစိတ်အပိုင်းတစ်ခုပေါ့နော။ ˝ ဟု ၎င်းကပြောသည်။

နိုင်ငံတကာ၏ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုတွင် တောင်အာဖရိကနိုင်ငံသည် ဘတ်ဂျက်ပွင့်လင်းမြင်သာဆုံးနိုင်ငံဖြစ်ပြီး ရမှတ် ၈၉%ဖြစ်သည်။ နိုင်ငံတကာတွင် ဘတ်ဂျက်ပွင့်လင်းမြင်သာမှု အနည်းဆုံနိုင်ငံမှာ ဘိုလီဗီးယားနိုင်ငံဖြစ်ပြီး ရမှတ် ၁ဝ%သာ ရှိကြောင်း နိုင်ငံတကာစံနှုန်းနှင့် အလေ့အထများ၊ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုစာအုပ်တွင် ရေးထားသည်ကို တွေ့ရသည်။

spot_img
spot_img

Recent posts