spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရမှ ပုဒ်မ ၁ဝ ဖြင့် အမှုဖွင့် တိုင်ကြားထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နှောင်မှ လွိုင်ကော်မြို့မရဲ့စခန်းသို့ ယနေ့ အမှုဖွင့်တိုင်ကြားသွားသည်ဟု လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးက ပြောသည်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အမှုစစ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ လွိုင်ကော်မြို့မ ရဲစခန်းမှူးက “ အမှူဖွင့်ထားတာတော့ရှိတယ် သူတို့ကို ဆင့်တော့မခေါ်ရသေးဘူး။ ဥပဒေအတိုင်းပေါ့ တရားလိုရှိတော့ တရားခံဖြစ်သွားတာပေါ့ စွပ်စွဲခံရသူ မဟုတ်တော့ဘူး။ သူတို့ရဲ့ နိုင်ငံသားလူ့အခွင့်အရေးဆိုင်ရာကို ထိခိုက်တယ်ဆိုပြီးတော့ ပုဒ်မ ၁ဝ နဲ့ အမှူဖွင့်ထားတာဖြစ်တယ်။ ကျတော်ကတော့ အချိန်နဲ့ တစ်ပြေးညီ အရေးယူဆောင်ရွက်ပေးတယ် အမှူဖွင့်ပြီးတော့ ကျတော် သူတို့ကို အမှူစစ်ရအုံးမယ် အဲဒါပြီးမှ ကျတော်တို့ တရားစွဲတင်ရမယ်။” ဟု ကန္တာရဝတီတိုင်း(မ်) မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က “နိုင်ငံရေးရာဇာဝတ်ကောင်များ ကရင်နီအမျိုးသားသစ္စာဖောက်များ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်ကြေငြာခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေငြာထားသည့် လူငယ် ၆ ဦးကို အစိုးရက ပုဒ်၁ဝ ဖြင့် အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

၎င်းလူငယ် ၆ ဦးမှာ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ခူးကြူးဖဲကေး၊ခွန်းသောမတ်စ်တို့ ဖြစ်ကြသည်။

Advertisement

ကိုစစ်မုန်း(ခ)ဒီးဒီက “ ကျတော်တို့ကို တရားဝင် ဆင့်ခေါ်တာတော့မရှိသေးဘူး။ ကျတော်တို့က ထူးထူးထွေထွေတော့ မရှိပါဘူး ကျတော်တို့ကတော့ ရင်ဆိုင်သွားမယ် အမျိုးသား အရေးလည်း ဖြစ်သလို သမိုင်းကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ သက်သေမှတ်တမ်းတစ်ခုလို့ပဲ ခံယူပါတယ်” ဟု ပြောပါသည်။

တိုင်ကြားခံထားရသည့်လူငယ်များကို ရဲစခန်းမှ အမှုစစ်သွားမည်ဖြစ်ပြီး မကြာမှီဆင့်ခေါ်သွားမည်ဟု ရဲစခန်းမှသိရသည်။

တရားစွဲသွားမည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်မှပြုလုပ်သွားသည့် လုပ်ရပ်အပေါ်နှင့် သက်ဆိုင်နေသည်ဟု သုံးသပ်ပြောဆိုသွားပါသည်။

“ ဒီလိုတရားစွဲတယ်ဆိုတာတော့ ဥပဒေကြောင်းအရ ရှိတယ်ဆိုရင်လည်း မပြောတတ်ဘူးပေါ့။ ဒါပေမယ့် လူငယ်တွေက ဒီလိုလုပ်ရတယ်ဆိုတာတော့ အကြောင်းမဲ့ လုပ်တာ မဟုတ်ဘူးလို့ မြင်တယ်။ ဖြစ်ပျက်နေတဲ့ ကြေးရုပ်ကိစ္စတစ်လျှောက်လုံးမှာ ဝန်ကြီးချုပ်နဲ့ အပေါင်းအပါတို့ရဲ့ လုပ်ရပ်အပေါ်မှာ လူငယ်တွေက မကျေနပ်ဖြစ်တာတို့ မခံမရပ်ဖြစ်နေတဲ့ ကိစ္စဖြစ်နေတဲ့အတွက် လူငယ်တွေ အဲလိုလုပ်နေတယ်လို့ ယူဆတယ်။ ဒါပေမယ့် လူငယ်ဖက်ကလည်း သူ့မှာ အခွင့်အရေးရှိတယ်လို့ ပြောလို့ရသလို တစ်ဖက်မှာ ဝန်ကြီးချုပ်နဲ့ သူ့အပေါင်းအပါတွေကလည်း သူတို့အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ အဲလောက်ထိ တရားစွဲသင့်မသင့်ဆိုတာတော့ ဥပဒေပညာရှင်တွေပဲ ပိုသိလိမ့်မယ်” ဟု ပြောပါသည်။

၂၀၁၉ မတ်လ ၂၅ ရက်နေ့တွင် ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ခူးကြူးဖဲကေး၊ခွန်းသောမတ်စ်တို့က ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့မှ အာဏာလုပ်ပိုင်ခွင့် ငွေကြေးအင်အားအသုံးပြု၍ ဌာနေတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များကို သွေးခွဲစည်းရုံးသွေးဆောင်ကာ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ထိုးကြွေး၍ အတင်းအဓမ္မ ခိုးကြောင်ခိုးဝှက် ဗိုလ်ချုပ်ကြေးရုပ်အား တည်ဆောက်ခဲ့ပါကြောင်း ဦးအယ်ဖောင်းရှိုလ်နှင့် ဦးမော်မော်တို့အား နိုင်ငံရေး ရာဇာဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူများကျေးဇူးကန်းသူများဖြစ်ကြောင်း ယင်းကြော်ငြာစာတမ်းတွင် ထည့်သွင်းရေးသားဖော်ပြထားရှိခဲ့ပြီး အဆိုပါ ကြေငြာစာတမ်းအား ပြည်နယ်အစိုးရအဖွဲ့ရုံး သို့ ပစ်စာအဖြစ်ရောက်ရှိလာခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးညီညီမင်းမှ ကယားပြည်နယ်အစိုးရအဖွဲ့ကိုယ်စား တရားစွဲဆိုနိုင်ရေးအတွက် ဦးသက်နှောင်အနေဖြင့် တရားလိုပြုလုပ်တိုင်တန်းရန် ညွန်ကြားသဖြင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်အား ထိခိုက်အောင် လက်မှတ်ရေးထိုးကြေငြာခဲ့သူများဖြစ်သော လူငယ်၆ဦးအား ဥပဒေအရအရေးယူပေးပါရန် လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နှောင်မှ တရာလိုပြုလုပ်တိုင်တန်းမှုဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး ဦးညီညီမင်းကို ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ၆ လမှ အများဆုံး ၃နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။

spot_img
spot_img

Recent posts