spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသမီး ငြိမ်းချမ်းရေးညီလာခံမှ အကြံပြုချက်များကို သက်ဆိုင်ရာများသို့ စည်းရုံးလှုံ့ဆော်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ငြိမ်းချမ်းရေးအတွက် ကရင်နီအမျိုးသမီးညီလာခံမှ ထွက်ရှိလာသည် အကြံပြုချက်များကို သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းတွင်ပါဝင်သည့် သူများကို ဆက်လက်စည်းရုံးလှုံ့ဆော်သွားမည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) မှ မမီးမီးက ပြောပါသည်။

အမျိုးသမီးများသည် ပဋိပက္ခကာလအတွင်း ဓားစားခံဖြစ်တဲ့အပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း ပါဝင်ပတ်သက်ခွင့် နည်းနေသေးသည့်အတွက် အမျိုးသမီးအသံ၊ အမျိုးသမီးပါဝင်ခွင့် စသည့် အခွင့်အရေးများမရရှိသေးကြောင်း ဆိုပါသည်။

မမီးမီးက “နိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ရဲ့အသံတွေမပါဘူး။ ဒီလူတွေကိုကာကွယ်ပေးမယ့် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က မဟုတ်နေဘူးဆိုရင် အဓိပ္ပါယ်ပြည့်ဝတဲ့ငြိမ်းချမ်းရေး process မဟုတ်ဘူးပေါ့နော။ အမျိုးသမီးတွေပါဝင်ခြင်းအားဖြင့်လည်း ဒီမိုကရေစီအရပြောမယ်ဆိုရင်လည်းတရားဝင်မှုရှိတယ်။” ဟု ပြောပါသည်။

ညီလာခံမှထွက်ရှိလာမည့် အကြံပြုချက်များကို သက်ဆိုင်ရာအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်သည်ဟု သိရသည်။

ညီလာခံကိုမေလ၁၃ရက်နေ့ကနေ၁၅ရက်နေ့အထိ ၃ ရက်ကြာ လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စုမောဒူဒီးဘိုးဟိုးရွာမှာကျင်းပပြုလုပ်သွားခြင်းဖြစ်သည်။ 

ကယားပြည်နယ်အတွင်းရှိ မြို့နယ်ရမြို့နယ်ထဲမှ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

Advertisement

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်မှုအရမ်းနည်းနေသည့်အတွက် အမျိုးသမီးများပါဝင်မှုများလာပါက အောင်မြင်လာနိုင်မည်ဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က သုံးသပ်ပြောဆိုသွားပါသည်။

၎င်းက “ဘာဖြစ်လို့လဲဆိုရင်အမျိုးသားနဲ့ အမျိုးသမီးရဲ့စဉ်းစားတွေးခေါ်မှုတွေကအရမ်းကွာခြားတယ်။ အမျိုးသားတွေရဲ့တွေးခေါ်စဉ်းစားမှုတွေက ပိုပြီးတော့ကြမ်းတမ်းတယ်။ အမျိုးသမီးတွေက အရာအားလုံးကို အကောင်းဆုံးဖြစ်ဖို့အမြဲတမ်း ပိုပြီးတော့တွေးခေါ်တတ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပဲမြင်ပါတယ်။”ဟု ပြောပါသည်။

ညီလာခံတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီကိုယ်စားလှယ်၊ပြည်နယ်အခြေစိုက် လူမှုအသင်းအဖွဲ့များနှင့် ကျေးရွာကိုယ်စားလှယ် စုစုပေါင်း ၄၅ဝ ဦး တက်ရောက်ခဲ့ကြသည်။

spot_img
spot_img

Recent posts