spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အသုုံးအနှုန်း အာဏာပိုုင်ခွင့်မပြု၍ ပြောင်းလဲသုုံးနှုန်းရ

Author

Date

Category

ယနေ့ ဩဂုုတ် ၉  ရက်နေ့တွင်ကျရောက်သည့် နှစ် ၇ဝ ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟူသော စာသားကို အသုံးပြုခွင့်မရ၍ အဖွဲ့အစည်းပေါင်းစုံ စုပေါင်း ဆုတောင်းပွဲ ဟူသော စာတန်းသာ အသုံးပြုခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ(၉)ရက်နေ့တွင် ကျရောက်သော နှစ်(၇၀)ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ တွေ့ဆုံပြောဆိုမှုကြောင့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ စာသားကို အသုံးပြုခွင့်မရခဲ့ဟုု ဆိုုသည်။

ဒီမော့ဆိုမြို့နယ်၊ မြလဲ(ခ)မန်းလားကျေးရွာတွင် ပြုလုပ်သော ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အသုုံးအနှုန်းအစား အခမ်းအနားတွင် အဖွဲ့အစည်းပေါင်းစုံစုပေါင်း ဆုတောင်းပွဲ စသည့် စာတန်းသာ အသုံးပြုခွင့်ရခဲ့သည်။

“ကျွန်တော်တို့က နဂိုအတိုင်းစီစဉ်ထားပြီးတော့ ကျွန်တော်တို့ဒီမှာ ပြည်သူလူထုအားလုံးကို ဖိတ်ထားတဲ့ ဖိတ်စာတိုင်းပါပဲ နှစ်(၇၀)မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားပေါ့ ကျွန်တော်တို့ မုဒ်ဦးမှာ တင်ဖို့စီစဉ်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရကနေပြီးတော့ အဓိက နယ်လုံတွေပေါ့ တပ်မတော်တွေပေါ့ ဒါတွေက ဒီခေါင်းစဉ်တွေမလုပ်ပါနဲ့တဲ့ တခြားခေါင်းစဉ်နဲ့ထိုးပေးပါ ဆိုပြီးတော့ ခေါ်တာပေါ့ ကျွန်တော်တို့ဖြစ်မြောက်ရေးကော်မတီကို ခေါ်ပြီးတော့ ကြပ်တဲ့သဘောပေါ့”ဟု ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးချစ်ထွန်း က အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။

“ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ “ဟူသော ခေါင်းစဉ်တပ်ခြင်းသည် သမိုင်းအကြောင်းအရာဖြစ်ပြီး ပွဲကျင်းပရာတွင်လည်း တိုင်းပြည်နှင့် ပြည်နယ်ကို နစ်နာစေသော အချက်အလက်များ မပါဝင်ကြောင်း ၎င်းကဆိုသည်။

“ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီလိုမျိုးနေရာမှာ လူထုနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ရှိဖို့တော့လိုပါတယ်။ အဝေးကနေပြီး စာနဲ့ကန့်လန့်တာမျိုး၊ ခြိမ်းခြောက်တာမျိုးတော့ မကောင်းဘူးပေါ့”ဟု ဦးချစ်ထွန်းက သုံးသပ်ပြောဆိုသည်။

အခမ်းအနားကို တက်ရောက်သူ ဒေသခံလူငယ်တစ်ဦးကလည်း စာတန်းပြောင်းလဲရခြင်း အကြောင်းအရင်းကို မသိရသော်လည်း ၎င်းအနေနဲ့ စိတ်မကောင်းကြောင်း ဆိုသည်။

“အစကတော့ ထင်တာပေါ့ ရှေ့မှာရောက်လို့ရှိရင် ကရင်နီခုခံတော်လှန်ရေးနေ့လို့ထင်ခဲ့တာပေါ့ ဒါပေမယ့် အမှန်တကယ်ရောက်သွားတော့ ကျွန်တော်ဘာတွေ့လဲဆိုရင် မြင်ရတဲ့အချိန်မှာ တစ်မျိုးခံစားရတာပေါ့။ စိတ်မကောင်းဘူးပေါ့။ဘာကြောင့်သုံးခွင့်မပြုတာလဲ ဆိုတဲ့မေးခွန်းလည်း မေးစရာဖြစ်လာတယ်” ဟု၎င်း၏အမြင်ကို ပြောဆိုသည်။

ယခုနှစ်ပြုလုပ်သော နှစ်(၇၀)ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကရင်နီပြည်တွင်းရှိ အဖွဲ့အစည်းများမှ ပထမဆုံးအကြိမ် စုပေါင်းကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်သည်။ အဆိုပါအခမ်းအနားကို ပြည်တွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၊ ကရင်နီပြည်ရှိ တိုင်းရင်းသားပေါင်းစုံများ၊ အရပ်ဖက်အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံတိုင်းရင်းသား များ ပါဝင်တက်ရောက်ခဲ့ကြသည်။

spot_img
spot_img

Recent posts