spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကန္ဒရဝတီစော်ဘွားနယ်တွင် ၃ ကြိမ်မြောက် ကေ့ထျိုးဘိုးပွဲတော် ကျင်းပ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကန္ဒရဝတီစော်ဘွားအုပ်ချုပ်ခဲ့သည့် နယ်မြေများတွင်ရှိသည့် ဒေသခံများစုပေါင်းကာ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါပဲ့ဒူ(ခေါ်)စော်ဘွားကျေးရွာတွင် ဧပြီလ ၂၆ရက်နေ့မှ ၃ဝရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

̏ ကျနော်တို့ ကန္ဒရဝတီနယ် ၅နှစ်တစ်ကြိမ် ကေ့ထျိုးဘိုးလုပ်ရတဲ့ရည်ရွယ်ချက်က ၅နှစ်တစ်ကြိမ်ကျနော်တို့ ကျွဲတစ်ကောင်ကို ပူဇော်ပသမှုပြုတာပေါ့။ ကျွဲပူဇော်တာက အရင်ကဆို တောစောင့်၊ တောင်စောင့်တွေကို ပူဇော်တာကကြက်တွေ၊ ဝက်တွေနဲ့ပဲလုပ်တယ်။ ၅နှစ်တစ်ကြိမ် ကျွဲနဲ့ပူဇော်ပေးတဲ့သဘောက ဒေသအသီးသီး၊ နေရာအသီးသီးကို မောင်းထုကြေညာတဲ့သဘောမျိုးပေါ့။ ကျနော်တိုု့ အရင်တုန်းက ကန္ဒရဝတီစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့နယ်တွေကို သိမြင်စေချင်တယ်။ ပြန်လည်ပေါင်းစည်းခေါ်ယူပြီး စော်ဘွားတွေရဲ့နယ်ပယ်က ဒီနေရာတွေပဲဆိုတာ သိစေချင်လို့ဖြစ်တယ်။˝ ဟု ဒေါဖုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရီရယ်ကပြောသည်။

ယခုလို ကန္ဒရဝတီနယ်ရှိ ကျေးရွာများစုပေါင်းကာ ကေ့ထျိုးဘိုးပွဲကျင်းပလာခြင်းမှာ (၃)ကြိမ်တိုင်တိုင်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကန္ဒရဝတီနယ်ကို ရှေးယခင်က စော်ဘွားစပ်ခွန်လီ၊ စော်ဘွားစပ်လဝီစသည့် စော်ဘွားများ အုပ်ချုပ်ခဲ့သည်ဟု သိရသည်။

̏ကျနော်တို့ ကိုယ့်ကိုယ်ကို ကယားလီဖုလို့ ပြောတဲ့သူတွေဟာ လူဦးရေအားဖြင့်နည်းတယ်။ အများကြီးမရှိဘူး။ ဟိုးဂေဘားဒေသ၊ ကရင်ဒေသ၊ ကချင်ဒေသမှာက သူတို့လူဦးရေတွေ များကြတယ်။ သူတို့က ဖွံ့ဖြိုးတိုးတက်တာမြန်တယ်။ ကျနော်တို့ကယားပြည်နယ်က လူဦးရေနည်းပြီး တိုးတက်ချမ်းသာတာတွေ မရှိနိုင်သေဘူး။ ဘာလို့မဖွံ့ဖြိုးတိုးတက်နိုင်သေးလဲဆိုရင် ကျနော်တို့အချင်းချင်းမတည့်ကြဘူး။ တစ်ယောက်ပြောစကားကို ကျန်တစ်ယောက်က နားမဝင်ဘူး။ အဲဒါကြောင့်ဖြစ်တယ်။˝ ဟု ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက ပြောသည်။

ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲသည် ကယားပြည်နယ်သူ/သားများ နှစ်စဉ်ကျင်းပနေသည့် ပွဲတော်တစ်ခုဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန် မိုးရေကို ပေးနေသည့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြစ်ချောင်းအင်းအိုင်စောင့်နတ်များနှင့် လယ်ယာစောင့်နတ်တို့ကို ပူဇော်ပသကြခြင်း ဖြစ်သည်။

၎င်းပွဲတော်ကို ကန္ဒရဝတီနယ်အတွင်းရှိ ကျေးရွာဒေသခံများ လာရောက်ကြပြီး အကပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပြုလုပ်ခဲ့ကြသည်။

spot_img
spot_img

Recent posts