spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ခရီးသည်တင်ယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင်ခဲသတ္တု ပိဿာချိန် ၅၀ဝ ကျော် ဖမ်းမိ

Author

Date

Category

လင်းသန့်

ခဲသတ္တုများ တရားမဝင် တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယဉ်တစ်စီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက် မိုင်းလုံးဈေးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

ဓါတ်ပုံ-အောင်နိုင်ဦး

လွိုင်ကော်မှ တောင်ငူသို့ ပြေးဆွဲနေသော “လွင်ဒေါန” BGO 9I/90** ခရီးသည်တင်ပေါ်တွင် တရားမဝင် ခဲသတ္တုများ တင်ဆောင်လာကြောင်း သတင်းပေးချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းသူ၏ ထိုင်ခုံ အနောက် အံဖုံးထဲ၌ ဝှက်၍ သယ်ဆောင်လာသော ခဲသတ္တု (၂၆) အိတ်၊ ပိသာချိန် (၅၀၀) ကျော်အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ-အောင်နိုင်ဦး

စစ်ဆေးချက်အရ ယာဉ်မောင်း ဦးစောနိစ်ကစင်(ခ)ကရင်လေး၊ ယာဉ်နောက်လိုက် ဖြိုးဝေယံ(ခ)ဖြိုးဝေ၊ ကားဂိတ်မှူး ဦးစောဒေးဘိုး(ခ)ဖထီးလွင်ဒေါန နှင့် ပစ္စည်းပိုင်ရှင် ဒေါ်ကြူအပါအဝင်(၅)ဦးတို့အား လွိုင်ကော် မြို့မရဲစခန်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

spot_img
spot_img

Recent posts