spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ချင်းပြည်နယ်ရှိ CBT ခရီးသွားလုပ်ငန်းစိတ်ဝင်စားသူများ ကယားသို့ လာရောက်လည်ပတ်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ချင်းပြည်နယ်ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း စိတ်ပါဝင်စားသူများ ကယားပြည်နယ်ရှိ CBT လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၄ရက်တာ လာရောက်လေ့လာခဲ့ကြသည်။

“ဒီဖက်က ITC က Train ပေးတာကြာပြီဆိုတော့ အဆင်ပြေတယ် ဟိုဘက်မှာကတော့ ဘယ်လိုစလုပ်မှာလဲ၊ ပြီးတော့အခုမှစမှာ၊ ပြီးတော့ အသိပညာက အရမ်းနည်းတယ်၊ ဗဟုသုတလည်းနည်းတယ် လေ့လာဖို့အများကြီးလိုသေးတယ်။ ဟိုဘက်မှာက ရှိသင့်ရှိထိုက်တဲ့ ပညာရပ်တွေခေါင်းပါးနေသေးတယ် ဒီဘက်မှာက သူတို့အရမ်းလေ့ကျင့်ပေးထားတော့ အရမ်းအဆင်ပြေတယ်။”ဟု ဟိုတယ်နှင့် ခရီးသွားရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ကိုဆလိုင်းဘွဲ့လှယ်ကြွာန်းက ပြောသည်။

ချင်းပြည်နယ်တွင် CBT နှစ်ခုရှိပေမယ့် နောက်ထပ်အကောင်အထည်ဖော်ရန် များစွာကျန်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ၎င်းတို့ သွားရောက်လည်ပတ်ခဲ့သည့် ပန်ပက်ကျေးရွာသည်လည်း သယံဇာတပေါကြွယ်ဝသည့် ကျေးရွာဖြစ်သည့်အတွက် CBT လုပ်ငန်းလုပ်ဆောင်ရန် ကိုက်ညီသည့်ကျေးရွာ ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

” အောင်မြင်တယ်လို့ပြောရမလား။ ကျမအနေနဲ့မပြောတတ်ဘူး၊ ကျမအမြင်က ဒီCBT လုပ်တာကပေါ့နောလုပ်ရမှာတော့ အများကြီးရှိသေးတယ်၊ ဒီကယားပြည်နယ် CBT နာမည်ကြီးနေတယ်ဆိုတာက ကျမတို့လုပ်နေတဲ့ CBT လမ်းကြောင်းပေါ်မှာ ကောင်းကောင်းမွန်မွန် ရောက်နေတယ်လို့ ကျမထင်တယ်ပေါ့နော။ အောင်မြင်တာမအောင်မြင်တာတော့ ကျမတို့ မပြောနိုင်ဘူး။ အောင်မြင်နေတယ်လို့ ပြောရအောင်လည်း နောက်မနက်ဖြန် နောက်တစ်နေ့ တစ်မျိုးဖြစ်သွားရင်လည်း မကောင်းဘူး။ ဒီ CBT သွားနေတဲ့ လမ်းကြောင်းပေါ် ကျမတို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျမတို့ရောက်နေတယ် လို့ပဲပြောရမယ်ပေါ့နော။ ဒီထက်ရေရှည်လုပ်နိုင်ဖို့အတွက်လည်း ကြိုးစားဖို့လိုတာပေါ့နော”ကယား CBT TOT၊ Regional Tour Guide မကလားရာက ပြောသည်။

ကယားပြည်နယ်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်သည့် ကျေးရွာများမှာ ကယန်းဒေသတွင် ပန်ပက်ကျေးရွာ၊ ကယားကျေးရွာအဖြစ် တနီးလာလဲကျေးရွာနှင့် ကယောကျေးရွာအဖြစ် ထေခိုကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့်ကျေးရွာများသည် သယံဇာတများ၊ လူ့အရင်းအမြစ်များ ကောင်းမွန်သည့်ကျေးရွာများဖြစ်သည်။

Advertisement

” ကျွန်တော်တို့ဒီလို လူထုအခြေပြု ခရီးသွားလုပ်ငန်းက ပတ်ဝန်းကျင်ကို တစ်ခုမှမထိခိုက်ဘူး၊ ကျောက်တုံးတစ်လုံးမှ မကုန်ဘူး၊ သစ်ပင်ဆိုလည်း ခုတ်စရာမလိုဘူး၊ မီးခိုးတိတ်ပေါ့ နောက်ပြီး ဒေသကအလုပ်အကိုင်မရှိတဲ့ လူတွေ အလုပ်အကိုင်ရှိတယ်” ဟု တနီးလာလဲကျေးရွာဒေသခံ CBT ကော်မတီဥက္ကဌ ဦးတီရယ်က ပြောသည်။

ချင်းပြည်နယ်မှ လာရောက်လည်ပတ်သူများသည် ပထမရက်တွင် ကယားပြည်နယ်၏ CBT လုပ်ငန်းများနှင့် မိတ်ဆက်ပြီး ဒုတိယရက်တွင် CBT လုပ်ငန်းဆောင်ရွက်ရာ ပန်ပက်ကျေးရွာရှိ လက်မှုလုပ်ငန်းများအကြောင်းကို သွားရောက်လေ့လာခဲ့ကြသည်။ တတိယရက်တွင် တနီးလာလဲရှိ ကယားရိုးရာအကြောင်းကို လာရောက်လေ့လာခဲ့ကြပြီး နောက်ဆုံးရက်တွင် အတွေ့အကြုံများကို ပြန်ဖလှယ်ကြသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံး ယနေ့တွင် ၎င်းတို့ဒေသ ချင်းပြည်နယ်သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts