spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဂျပန်အစိုးရငွေဖြင့် ကုန်ထုတ်လမ်းဖောက်

Author

Date

Category

ဒွေးအယ်ခူ

ဂျပန်အစိုးရပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကို ဖောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

ကုန်ထုတ်လမ်းမရှိသည့်အတွက် အခက်အခဲများကို မြို့နယ်၊ပြည်နယ်အဆင့်ဆင့်တင်ပြခဲ့သော်လည်း အစိုးရမှ မဆောင်ရွက်ပေးနိုင်ခဲ့ ပေ။

လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးရယ်က “ ကျွန်တော်တို့ပြည်နယ်အစိုးရရန်ပုံငွေနဲ့ဖြစ်ဖြစ်ဒီလမ်းအရှည်အတိုင်းအတာထိတော့သူတို့မဆောက်လုပ်ပေးနိုင်ဘူးပေါ့။နောက်ပြီးဂျပန်ကနေအသေးစားစီမံကိန်းကနေသူတို့လာတဲ့အချိန်ကျွန်တော်တို့နဲ့ချိတ်ဆက်ပေးခါကျတော့ဒီလမ်းကိုရခဲ့ခြင်းဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါဆောင်ကန်း – ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းကိုကျေးရွာအများစုက အားထားသွားလာနေရသည့်လမ်းဖြစ်ပြီးအကျယ် ၁၂ပေအရှည်၃မိုင်ခန့်ရှိသည်။

တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ၁၆၆,၀၀ဝကျော်မြန်မာ ငွေ၂၃၅သန်းကျော်အကုန်ကျခံဆောက်လုုပ်ခဲ့သည်ဟုသိရသည်။

လွိုင်ကော်မြို့ ဆောင်ကန်း-ဆော်ခီးဒေါလယ်ယာကုန်ထုတ်ကျောက်ချောလမ်းဖွင့်ပွဲအခမ်းအနားကိုဒီဇင်ဘာလ၁ရရက်နေ့ကကျင်းပခဲ့ပါသည်။

spot_img
spot_img

Recent posts