spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စစ်လေ့ကျင့်ရေးကျောင်းအနီး တောင်ယာ၌ ဗုံးသီး ၂ လုံး တွေ့ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ၊ လောဂျာကျေးရွာအနီးရှိ ​တောင်​ယာစိုက်​ခင်​းတွင်​း မပေါက်ကွဲ​သေးသည်​့ ဗုံးသီးနှစ်​လုံးကို စက်​တင်​ဘာလ ၂၃ ရက်​​နေ့တွင် ​တွေ့ရှိခဲ့​ကြောင်​း ​လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးတီရယ်​ ထံမှသိရှိရသည်။​

ကျောင်းသားက​​​လေးနှစ်​ဦးမှ ေ​တာင်ယာခင်းတွင် ​​​နွားသွား​ကျောင်​း​နေစဉ်​ ​​အမှတ်၁၄ တန်​းမြှင့်​စစ်​​သင်တန်း​​ကျာင်​းမှ ​လေ့ကျင်​့ပစ်​ခတ်​ခဲ့​သော အဆိုပါ ဗုံးသီးကို​တွေ့ရှိခဲ့ကြောင်း အုပ်​ချုပ်​​ရေးမှူးက ​ပြောသည်။​

လေ့ကျင့်ရေးကျောင်းအနီး တောင်ယာခင်းတွင် ကျရောက်လာသည့် လက်နက်ကြီးအစိတ်အပိုုင်းများ(ဓါတ်ပုုံ-နော်ဒွေးအယ်ခူ/ကန္တာရဝတီတိုုင်းမ်)

၎င်းက “အ​ကြောင်​းကြား​ပေးတယ်​ ဒီမနက်​မှသွားကြည်​့ရတယ် သွားကြည်​့ပြီး​တော့ ​အမှတ်​အသား​တွေနဲ့ လုပ်​ထားတယ်​” ဟု​ပြောသည်​။

ယခင်​က စစ်​​ရေး​လေ့ကျင်​့မည်​ဆိုပါက စစ်​သင်တန်း​​ကျောင်​းမှ တာဝန်​ရှိသူတို့သည်​ ကျေးရွာ​အုပ်​ချုပ်​​ရေးမှူး ကို အသိ​ပေး​သော်​လည်​း ယခု​နောက်​ပိုင်​းတွင်​ အသိ​ပေးခြင်​းမရှိ​​သဖြင်​့ ရွာသူရွာသားများမှ စိုးရိမ်​ထိတ်​လန်​့​နေရသည်။

​စစ်​ရေး​လေ့ကျင်​့​သော​နေရာသည် နေ့စဉ်​သွားလာ​နေ​သော ​တောင်​သူများ ရှိသဖြင်​့ ​စစ်​​​လေ့ကျင်​့​ရေး​ကျောင်​းမှ ယခုလို စစ်​​ရေး​လေ့ကျင်​့ပစ်​ခတ်​​နေမှုများသည် မဖြစ်​သင်​့​ကြောင်​း လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသဲရယ်​ က ဆိုသည်​

” ဒီဟာ​တွေက တကယ်​တမ်​း ဒီလိုပဲဆက်​လုပ်​သွားမယ်​ဆိုရင်​ ကျွန်​​တော်​တို့အတွက်​ အများကြီးထိခိုက်​နစ်​နာမှုရှိတာ​ပေါ့ ကျွန်​​တော်​တို့​တောင်​သူလယ်​သမား​တွေ အလုပ်​သွားတဲ့​နေရာမှာ ​နောက်​ပီး​တော့ ယမ်​းက​နေ ​ပေါက်​ကွဲပီး​တော့မှ ထွက်​လာတဲ့အနံ ့အသက်​​တွေကလည်​း တစ်​ဖက်​တစ်​လှမ်​းက​နေ ​ကျန်​းမာ​ရေးရှု​ထောင်​့က​နေ ကြည်​့မယ်​ဆိုရင်​ ထိခိုက်​မှုရှိလာနိင်​တဲ့ အ​နေအထားမျိုး ရှိလာမယ်​ဆိုရင်​​တော့ မ​ကောင်​း​တော့ဘူး​ပေါ့​နော ဒီအ​ပေါ်မှာလည်​း ပြည်သူလူထုတစ်​ယာက်လုံးအ​နေနဲ့ သိသင်​့တာ​ပေါ့ ​နောက်​ ဒီလိုက​ျန်းမာ​ရေးရှု​ထောင်​့က​နေဆိုလို့ရှိရင်​လည်​း သုတေသနပြုပီး​တော့ ဒါမဖြစ်သင့်ဘူးဆိုရင်​လည်​း
​​တာဝန်​ရှိတဲ့ပုဂ္ဂိုလ်​​တွေကလည်​း အ​လေးထား​ဆောင်​ရွက်​​​ပေးဖို့ ကျွန်​​တော်​အ​နေနဲ ့ အကြံပြုတာ​ပေါ့” ဟု ဦးသဲရယ်​က ဆိုသည်​

လေ့ကျင့်ရေးကျောင်းအနီး တောင်ယာခင်းတွင် ကျရောက်လာသည့် လက်နက်ကြီးကိုု ဒေသခံနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့မှာ သွားရောက်ကြည့်ရှုစစ်ဆေးနေစဉ်(ဓါတ်ပုုံ-နော်ဒွေးအယ်ခူ/ကန္တာရဝတီတိုုင်းမ်)

အမှတ်၁၄ တန်းမြှင့်​​​စစ်​သင်​တန်​း​ကျောင်​းမှ ​လေ့ကျင်​့ပစ်​ခတ်​ခဲ့​သော လက်​နက်​ကြီး လက်​နက်​ငယ်​များမှ မ​ပေါက်​ကွဲ​ဘဲ ကျန်​ခဲ့​သော ဗုံးသီးများကို မကြာခဏ ​တွေ့ရတတ်​ပြီး က​လးများမှာ မသိရှိဘဲ သွားကိုင်မိ​​သော​ကြောင်​့ ​ပေါက်ကွဲမှုများ ဖြစ်​ပွားခဲ့​ရကြောင်​း ၎င်းထံမှ သိရသည်​။

​လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးမှ အဆိုပါ ဗုံးသီး​တွေ့ရှိမှု​ကို သက်​ဆိုင်​သည်​့ အမှတ်​ ၁၄ တန်​းမြှင်​့စစ်​သင်​တန်​း​ကျောင်​းကို အသိ​ပေးသွားပြီး ဖယ်ရှားခိုင်းမည် ​​​​ဖြစ်​​ကြောင်​း သိရသည်​။

spot_img
spot_img

Recent posts