spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စည်းကမ်းမဲ့ အပြုအမူတွေကြောင့် ဖရူနူဂူမှာ ဧည့်သည်လာရောက်လည်ပတ်တာကို တားမြစ်မယ်

Author

Date

Category

လင်းသန့်

ဒီနှစ်ပို်င်းအတွင်း မြေအောက်ရေလိုဏ်ဂူကမ္ဘာလို့ လူသိများလာတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်က မော်သီဒိုရွာအနီးမှာရှိတဲ့ ဖရူနူဂူမှာ လာရောက်လည်ပတ်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်လာကြတဲ့အတွက် ဧည့်သည်လာရောက်လည်ပတ်တာကို ကန့်သတ်ဖို့ ဒေသခံတွေ ဆန္ဒရှိနေကြပါတယ်။

စည်းကမ်းမဲ့စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ရေဝင်ပေါက်လမ်းတွေကို ပိတ်ဆို့စေနိုင်တာ၊ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာရင် ဒေသခံတွေရဲ့ စိုက်ပျိုးမြေနဲ့ တိရိစာ္ဆန်တွေရဲ့ စားကျတ်တွေကို ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။ ဒါ့အပြင် ဖရူနူဂူမှာ ခရီးသွားလုပ်ငန်းလုပ်အစပြုတာတွေ ကြားသိနေရပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်တာတွေ အစပြုလုပ်ဆောင်တာ မရှိသေးလို့ ဒေသခံတွေ ဆိုနေကြပါတယ်။ 

ဖရူနူဂူပတ်ဝန်းကျင်မှာ ဒေသခံတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ လိုက်နာမှု မရှိတဲ့အတွက် လူမှုရေးဆိုင်ရာစံနှုန်းပြဿနာတွေကို တွေ့နေရတယ်လို့ မော်သီဒိုကျေးရွာနေ ဒေါ်ဇူဇန်နာက ပြောပါတယ်။

“ပြဿနာတော့ စီးပွားရေးပြဿနာ လူမှုရေးပြဿနာ အဲဒီတိရိစာ္ဆန်ကစ အကုန်လုံး ပြဿနာထိခိုက်နိုင်တယ်လို့ ကျမတို့ ယူဆတယ်ပေါ့နော။ ဒီရေတွေကစ သူတို့ ညစ်ပတ်တဲ့ အမှိုက်သရိုက်တွေ အဆိပ်အတောက်တွေလာပြီးတော့မှ အကုန်လုံးထိခိုက်မှာ ကျမတို့ စိုးရိမ်တယ်ပေါ့နော။”လို့ သူက ပြောပါတယ်။

ဖရူနူဂူပတ်ဝန်းကျင်မှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့ ပြည်နယ်အစိုးရက မကြားသေးတဲ့ လပိုင်းတုန်းက လာရောက်လေ့လာတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဖရူနူဂူနဲ့ ပတ်ဝန်ကျင်အနေအထားက အခြားခရီးသွားလုပ်ငန်းနေရာတွေနဲ့ ကွဲပြားခြားနာချက်တွေရှိနေပြီး သဘာဝတ်ပတ်ဝန်းကျင်နဲ့ ဆက်နွယ်ပြီး အထိအခိုက်မခံနိုင်တဲ့ အနေအထားတွေကြောင့် တာဝန်ရှိသူတွေက ခရီုးသွားလုပ်ငန်းကို အကောင်အထည်အဖေါ်ခင် ဒေသခံတွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ထောက်ပြနေကြပါတယ်။

“ထိပ်ဆုံးကတော့ ဒေသခံတွေနဲ့ပေါ့နော။ အရင်ဆုံးကျေလည်အောင် ညှိနှိုင်းဖို့လိုတယ်ပေါ့နော။ ခရီးသွားလာရေးရဲ့ သဘောတဘာဝတွေပေါ့နော။ နောက်ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူကတာဝန်ယူမလဲ။ နောက်အကျိုးမြတ်တွေဘယ်လိုရှိမလဲ အဲဒါဘယ်လိုခွဲဝေကြမလဲ၊ စသည်ဖြင့် ရွာသားတွေ နားလည်တဲ့အထိပေါ့နော အဲဒါကို ရှင်းပြသင့်တယ်ပေါ့။”လို့ ကိုဒီးဒီက ပြောပါတယ်။
ဖရူနူဂူရဲ့ ရေအရင်းအမြစ်တွေကို ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့နဲ့ ဒီးမော့ဆိုမြို့နယ်က ငွေဆောင်ဆည်အပါအဝင် ကျေးရွာတော်တော်များများက အသုံးပြုနေကြရတာပါ။ ခရီးသွားတွေရဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ဖရူနူဂူရဲ့ ရေလမ်းတလျှောက်မှာ ရေညစ်ညမ်းမှုတွေကို ရှိလာနိုင်တဲ့ ယူဆမှုတွေကြောင့် ဒီရေကို အဓိကထား သုံးစွဲနေတဲ့ ဒီနေရာကို ပြင်ပဧည်သည်လာရောက်လည်ပတ်မှုတွေကို ကန့်သတ်ပေးဖို့ ကျေးရွာ ၂၃ ရွာက စုပေါင်းလက်မှတ်ပြီး ပြည်နယ်အစိုးရကို တောင်းဆိုသွားပြီး လုပ်ဆောင်နေပါတယ်။

“ကျနော်တို့ ရပ်ရွာအတွက် အဓိကစိုးရိမ်ချက်ကတော့ ကျနော်တို့ အများအားဖြင့် လယ်ယာတောင်ယာ လုပ်စားတဲ့ တောင်သူလယ်သမားတွေပါ။ ဒါကြောင့်မို့လို့ ဒီစနစ်ကိုလုပ်ခြင်းအားဖြင့် ကျနောတို့အတွက် တောင်ယာတွေခုတ် ၊နေရာတွေပြုန်းတီးသွားမှာ ကျနော်တို့လည်းစိုးရိမ်တယ်။ နောက်ပြီးတော့ တောရိုင်းတိရိစာ္ဆန်တွေ တည်းခိုဖို့ နေရာတွေ ပြုန်းတီးသွားမှာ၊ လိုက်စားဖို့ နေရာ နည်းသွားမှာပေါ့။”လို့ ဟန်လင်းကျေးရွာနေ ဦးဆယ်ဘာခူးတာရယ်က ပြောပါတယ်။

ကယားပြည်နယ်မှာ ဒီနှစ်အတွက် ခရီးသွားဦးရေ ၁၂၀၀ဝ အထိ ဝင်ရောက်ဖို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက မျှော်မှန်းနေတာပါ။ ပြည်နယ်အတွင်းမှာ ပန်ပတ်ဒေသနဲ့ တနီးလာလဲက ကန်ခုနှစ်ဆင့်မှာ ရပ်ရွာအခြေပြုခရီးသွားလုပ်ကို အကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိထားပါတယ်။

spot_img
spot_img

Recent posts