spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

စည်းလုံးညီညွှတ်စွာ တောင်းဆိုသည့်နည်းလမ်းကသာ တန်းတူအခွင့်အရေးကို ရရှိနိုင်

Author

Date

Category

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။

စည်းလုံးခြင်းဟာအောင်မြင်ခြင်းနှင့်တိုက်ရိုက်အချိုးကျတယ် ဆိုပေမယ့် ဒီနေ့ဒီအချိန်ထိ မြန်မာ့ဒီမိုကရေစီခရီးလမ်းမှာတော့ စည်းလုံးခြင်းဟာအောင်မြင်ခြင်းနှင့် တိုက်ရိုက်အချိုးမကျနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် တန်းတူအခွင့်အရေးအတွက် မကြာခဏပြောဆိုဆွေးနွေးကြပေမယ့် စည်းလုံးညီညွှတ်မှုအတွက် ပြောဆိုဆွေးနွေးတာတွေ မရှိသလောက် နည်းပါးတာကြောင့် ဖြစ်ပါတယ်။ ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာဘက်မလိုက်ဘဲ မျှမျှတတဖြေရှင်းမယ်ဆိုရင် ပြဿနာအားလုံးပြေလည်နိုင်ပေမယ့် တန်းတူအခွင့်အရေးတွေ တောင်းဆိုတဲ့အခါမှာ တောင်းဆိုချက်တွေက ဘယ်လောက်ပဲတရားမျှတနေပါစေ စည်းလုံးညီညွှတ်မှုမပါပဲ အခွင့်အရေးတစ်ခုရရှိဖို့ မလွယ်ကူပါဘူး။

စည်းလုံးညီညွတ်မှူကိုအခြေခံတဲ့ တောင်းဆိုချက်တွေကသာ အခွင့်အရေးတစ်ခုကို အခက်အခဲမရှိရရှိနိုင်မှာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်ခြင်းဟာ အရာရာတိုင်းကိုအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာလူတိုင်းသိရှိထားပေမယ့် တစ်ဦးနှင့်တစ်ဦးအကြားစည်းလုံးညီညွတ်မှုတစ်ခုကိုမတည်ဆောက်ချင်ကြတာဘာကြောင့်ပါလဲ။ အဓိကအကြောင်းရင်းကတော့ အခွင့်အရေးတစ်ခုကိုတောင်းဆိုတဲ့အခါတိုင်းမှာ ဆန္ဒထက် မာနကိုသာဦးစားပေးတာကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတစ်ပါးရဲ့ဆန္ဒထက် ကိုယ့်ရဲ့ဆန္ဒကိုသာအလေးထားဦးစားပေးတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦးကြားမှာအတ္တတွေ၊ မာနတွေထားရှိနေသရွေ့ စည်းလုံးညီညွတ်မှုတစ်ခုကိုအကြွေးနှင့်သာတည်ဆောက်ချင်တဲ့စိတ်ဓာတ်တွေ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတုန်းက²အမှန်တကယ်ပြောင်းလဲနိုင်ဖို့ အဲန်အယ်လ်ဒီကိုမဲပေးကြပါ²ဆိုတဲ့စကားလုံးဟာ ပြည်သူတစ်ဦးစီရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ရုံမကပါဘူး၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များကိုယ်တိုင် ယုံကြည်လက်ခံပြီးများစွာမျှော်လင့်ထားတဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်သလိုအမှန်တကယ်ဖြစ်မလာတာဘာကြောင့်ပါလဲ။ အဓိကအကြောင်းရင်းကတော့ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူတစ်ဦးစီရဲ့ဆန္ဒကို ဦးစားပေးတဲ့ရွေးကောက်ပွဲမဟုတ်ပဲ ပါတီတစ်ခုရဲ့ဆန္ဒကိုသာ ဦးစားပေးတဲ့ရွေးကောက်ပွဲ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

စည်းလုံးညီညွတ်မှုတစ်ခုကိုတည်ဆောက်နိုင်ဖို့ အမြဲကြိုးစားတဲ့ ဘယ်အဖွဲ့အစည်းမဆိုအများရဲ့ဝေဖန်ပြောဆိုမှုကိုဘယ်တော့အခါမှ ခံရမှာမဟုတ်ပါဘူး။ မြန်မာပြည်သူအချင်းချင်းအကြား၊ ပြည်သူနှင့် အစိုးရအကြားခိုင်မာတဲ့ စည်းလုံးညီညွတ်မှုတစ်ခုကိုမတည်ဆောက်နိုင်သေးသည့်ကာလပတ်လုံး ဘာမဟုတ်သည့်ပြဿနာတစ်ခု ပေါ်လာသည့်အခါတိုင်း  ရေကြီးရာမိုးရွာဆိုသလို နိုင်ငံတကာကပုံကြီးချဲ့ပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်ပြောဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကုမ္ဗဏီအသီးသီးကကူညီလှူဒါန်းတဲ့ငွေဟာကျပ်သိန်းပေါင်း ၁၇၇၀၀ဝရှိတယ်လို့ ၂၀၁ရ နိုဝင်ဘာ(၁)ရက်ထုတ် မြန်မာပိုစ့်သတင်းဂျာနယ်မှာဆောင်းပါးရှင်မောင်လွင်ပြင် ရေးသားတာကိုဖတ်လိုက်ရပါတယ်။ အဲ့ဒီငွေကြေးပမာဏဟာ အောက်ခြေပြည်သူတွေ ဆယ်သက်ရှာလို့မရတဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။ အဲ့ဒီလောက်ကြီးမားတဲ့ ငွေကြေးတန်ဖိုးကိုရခိုင်ပြည်နယ်အတွက် ကူညီခဲ့ပေမယ့် ရခိုင်ပြည်နယ်နိုင်ငံရေးအခြေအနေက တိုးတက်သင့်သလောက် မတိုးတက်နိုင်သေးတာ ဘာကြောင့်ပါလဲ။ အဓိကအကြောင်းရင်းကတော့ အကူအညီအမှန်တကယ်လိုအပ်တဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် စစ်ပြေးဒုက္ခသည်တွေကိုအဓိကဦးစားပေး ကူညီနိုင်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။

မြန်မာပြည်သူအချင်းချင်းစည်းလုံးညီညွတ်မှုကိုအထောကအကူမပြုတဲ့ ဘယ်အကူအညီမျိုးကိုမဆိုအကူအညီတွေကအောင်မြင်မှာမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသမှာအခြေစိုက်လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာဟာတိုင်းရင်းသားဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးရေးလည်းမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာကတော့ အဖွဲ့အစည်းအချင်းချင်းအကြားစည်းလုံးမှုကိုမတည်ဆောက်နိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတောင်းဆိုတဲ့ တန်းတူအခွင့်အရေးနှင့် ဖက်ဒရယ်စနစ် ယနေ့ထိမရနိုင်သေးတာဟာအချင်းချင်းအကြားစည်းလုံးညီညွတ်မှုကိုမတည်ဆောက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘူးလို့ ပြောဆိုနေရုံနှင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြားယုံကြည်မှုကိုတည်ဆောက်လို့မရပါဘူး။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအကြားစစ်မှန်တဲ့ ယုံကြည်မှုတစ်ခုကိုတည်ဆောက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ၂၁ ရာစုတတိယပင်လုံညီလာခံ အဖွင့်မိန့်ခွန်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့တပ်မတော်ဟာ အင်အားချိနဲ့တဲ့ တပ်မတော်မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။ မြန်မာ့တပ်မတော်ဟာစည်းလုံးညီညွတ်တဲ့ တပ်မတော်သားများဖြစ်တယ်ဆိုတာအဓိကဆိုလိုရင်းပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနှင့် ပတ်သက်ပြီးကာကွယ်ရေးဦးစီးချုပ်ကနောက်ထပ်စကားတစ်ခွန်းပြောကြားသွားတာကို ကြားလိုက်ရပါတယ်။ အဲ့ဒီစကားကတော့ ကိုယ့်လူကို နို်င်အောင်ထိန်းပါ ဆိုတဲ့စကားပဲဖြစ်ပါတယ်။

အဖွဲ့အစည်းအချင်းချင်းစည်းလုံးညီညွတ်မှုရှိဖို့ အဖွဲ့အစည်းခေါင်းဆောင်တွေ တာဝန်ယူလုပ်ဆောင်ပေးကြပါလို့ ဆိုလိုချင်တာပဲဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တွေ တာဝန်ယူလုပ်ဆောင်ပေးကြပါလို့ ဆိုလိုချုင်တာပဲဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ပြောကြားသွားတဲ့စကားအပေါ် ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းအားလုံးထဲမှာ မြန်မာ့တပ်မတော်အဖွဲ့အစည်းတစ်ခုတည်းကသာစည်းလုံးညီညွတ်မှုရှိတဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကိုသိရှိနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဥယျာဉ်ထဲမှာရှိနေကြတဲ့ အဖွဲ့အစည်းအားလုံးဟာ ပန်းကလေးများဖြစ်ကြပါတယ်။ ဟိုအဖွဲ့အစည်းကသာပန်းများဖြစ်ကြပြီး ဒီအဖွဲ့အစည်းက ပန်းမဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်ဟာစည်းလုံးညီညွတ်မှုကို အထောက်အကူပြုတဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ အဖွဲ့အစည်းကိုခေါင်းဆောင်တဲ့ ခေါင်းဆောင်တစ်ဦးစီတိုင်းမှာ စည်းလုံးညီညွတ်မှုကို အထောက်အကူမပြုတဲ့ စိတ်ဓာတ်တွေ မရှိဖို့ အလွန်အရေးကြီးပါတယ်။ စည်းလုံးညီညာမှ တိုင်းပြည်သာယာမှာ ဖစ်သလို စည်းလုံးညီညွတ်မှ တိုင်းပြည်အထွတ်အထိပ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားဒေသမှာ ယမ်းငွေ့များလွင့်ပြယ်ပြီး မေတ္တာရနံ့များ သင်းပျံ့နိုင်ပါစေ။

 

 

spot_img
spot_img

Recent posts