spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စားသုံးသူအခွင့်အရေး ပြည်သူများကိုချပြရန် ဝန်ထမ်းအင်အားမရှိ

Author

Date

Category

ထျိုးမြာ

ပြည်သူလူထုများအနေနှင့် စားသုံးသူဆိုင်ရာ အခွင့်အရေးကို မသိခြင်းသည် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ၏ အားနည်းမှုကြောင့်ဟု ကယားပြည်နယ် စာသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်း က ပြောသည်။

ပြည်သူများအနေနှင့် ၎င်းတို့၏စားသုံးသူဆိုင်ရာ အခွင့်အရေးများကို မသိသောကြောင့် ပြည်နယ်တွင် ဖွဲ့စည်းထားသော စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တိုင်းကြားမှုအားနည်းနေသည်ကို တွေ့ရသောကြောင့် ၎င်းတို့အနေနှင့် များစွာလုပ်ရှားရန်လိုအပ်နေသည်ကို တွေ့ရသည်ဟုသူကပြောပါသည်။

“နယ်ခြားတိုင်းမှာဆိုရင် စားသုံးသူအငြင်းပွားဖြေရှင်းရေးအဖွဲ့က မိနစ်ထက် စက္ကန့်ပိုင်းလေးတောင်မှ တိုင်စာတွေ တစ်စောင်ပြီးတစ်စောင် တက်လာတာတွေ့ရပါတယ် ” ဟု ပြောပါသည်။

မတ်လ (၁၅) ရက်နေ့၌ ကယားပြည်နယ်လွိုင်ကော်မြို့ ၊ နောင်ယား(ခ) ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခန်းအနားတွင် ပြောသွားခြင်းဖြစ်သည်။

စားသုံးသူပြည်သူများအခွင့်အရေး အပြည့်အဝရရှိစေရန် ပြည်နယ်၊ ခရိုင်အဆင့်တွင် စားသုံးသူဖြေရှင်းရေးအဖွဲ့ကိုဖွဲ့ပြီး အသိပညာရေးဟောပြောပွဲများ ကွင်းဆင်းပြီး စစ်ဆေးရေးလုပ်နေသည်ကို တွေ့ရသည်။

သို့သော် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်နှင့် ပြည်သူများ လွတ်လပ်စွာစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်၊ သတင်းအချက်များ ပြည့်စုံမှန်ကန်စွာရရှိနိုင်ရေးအတွက် ပြည်သူကို ကာကွယ်ပေးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်မှုများကို ဆက်လက်ပြီး ပိုမိုကြိုးစားဆောင်ရွက်ပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က တိုက်တွန်းပြောကြားလိုက်ပါသည်။

ဖွံ့ဖြိုးတိုးတက်လာသော ခေတ်အခြေအနေအရ စိုက်ပျိုးစားသုံးကုန်များသည်လည်း ဇာတ်မြေဩဇာ အမျိုးမျိုးသုံးစွဲလာကြသည်ကို တွေ့ရခြင်းသည်လည်း အလွန်ကြောက်စရာကောင်းသည်ဟု စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးသန့် က ပြောပါသည်။

စာသုံးသူများအနေနှင့် စားသုံးဆိုင်ရာပစွည်းများကို မစားသုံးခင်တွင် ဆေးရောင်ဆိုးထားခြင်းရှိ၊ မရှိစသည့် များကိုလည်း ဆိုင်တွင်အရင်ပြနိုင်လျှင် ပိုကောင်းသည်ဟု ပြောပါသည်။

“ စားသူရေးရာ ဖြစ်တဲ့အတွက် မစားသုံးခင်မှာကျနော်တို့ဆိုင်ပြသင့်တယ်။ ဒီထဲမှာဆိုးဆေးထည့်ထားလား။ ဆိုးဆေးထည့်ထားမှန်းသိသွားမယ်ဆိုရင် ကျနော်တို့မစားတော့ဘူးပေါ့။ ကျနော်တို့စားနေတဲ့ပစွည်းတွေထဲမှာ အန္တာရာယ်ရှိနို်င်တယ်ဆိုတဲ့ အဆင့်မျိုးသိရင်တော့ ကောင်းတာပေါ့ ” ဟု သူကပြောပါသည်။

ကယားပြည်နယ်တွင်ရှိသည့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များနှင့် စားသုံးသူကာကွယ်ပေးရေးအဖွဲ့ဝင်များကို မြို့နယ် ၊ ခရိုင် အဆင့်တွင် တိုးချဲဖွဲ့စည်းလျှက်ရှိပြီး ဟောပြောပွဲများကိုလည်း ပြုလုပ်ပေးနေသည်ဟု သိရသည်။

အစိုးရသစ်ကာလနောက်ပိုင်း တွင် ဟောပြောပွဲပေါင်း (၁၃၆) ပွဲကိုကျင်းပနိုင်ခဲ့ပြီး စစ်ဆေးချက်ပေါင်း ( ၈၆) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

အစိုးရအသစ်တွင် စားသုံးသူကာကွယ်ပေးရေးဥပဒေကိုပြင်ဆင်ရေးဆွဲနေပြီဟုလည်း သိရသည်။ လာမည့်ဥပဒေအသစ်တွင် တစ်ကမ္ဘာလုံးသုံးနေသော အခွင့်အရေးနှင့် တန်းတူရှိနိုင်မည်ဟု ဦးခမ်လျန်စွမ်းက ပြောပါသည်။ စားသုံးသူကာကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ (၁၄) ရက်နေ့မှာ ပြဌာန်းခဲ့ကြောင်းသိရသည်။

spot_img
spot_img

Recent posts