spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်ရန် တာဝန်ရှိအဖွဲ့မှ စစ်ဆေး

Author

Date

Category

မူအက်စတာ

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ စားသုံးနိုင်ရန်အတွက် ဈေးကွက်အတွင်းတွင် ရောင်းချနေသော ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီပြီး အာမခံချက်ရှိသည့် စားသောက်ကုန်များဖြစ်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြသည်။

“ထုတ်ကုန်ပစ္စည်းတွေမှန်သမျှ စားသုံးသူပြည်သူအတွက် လုံခြုံစိတ်ချအောင် စားသုံးနိုင်ဖို့အတွက် ကျွန်မတို့စစ်ဆေးတာပါ” ဟု ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်မြို့ရီက ပြောသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် လချီ၊ နှစ်ချီကာ လွန်နေသည့် စားသောက်ကုန်များကို စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ လှတယ်ဟေ့အမှတ်တံဆိပ် အာလူးချောင်းအထုပ်သေး (၆၀)ထုတ်၊ ချစ်လွန်းလို့ အာလူးချောင်းအထုပ်သေး (၂၀၀)၊ Tom yum အမှတ်တံဆိပ်အာလူးချောင်း အထုပ်သေး(၄၀)၊ Pcci အမှတ်တံဆိပ် မုန့်ကြွပ်(၃)ဗူး၊ Snowe fall အမှတ်တံဆိပ် အချိုရည်ဗူးသေး(၃၀)၊ Coconut cookies အထုပ်သေး(၄၈)ထုပ်၊ ဆားချိုမှင်ဗူး(၈)ဗူး တို့ကို ရွှေတောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်နှစ်ဆိုင်မှ စစ်ဆေးတွေ့ရှိခဲ့သည်။

ဦးရွှေကုန်စုံဆိုင်မှ ဆိုင်ရှင်က စားသုံးသူရေးရာဦးစီးဌာနမှ ယခုလို လာရောက်စစ်ဆေးခြင်းကို ကြိုဆိုကြောင်း၊ ထို့အပြင် လာရောက်စစ်ဆေးပြီးလျှင် ဤဆိုင်တွင် စစ်ဆေးပြီးကြောင်းနှင့် စားသုံးရန်သင့်တော်ကြောင်း၊ စိတ်ချယုံကြည်မှုရှိကြောင်း ထောက်ခံချက်ပေးခဲ့သင့်ကြောင်း အကြံပြုသွားခဲ့သည်။ 
“သူတို့တွေ ဒီလိုလာစစ်တာကိုတော့ ကျွန်မတို့ကြိုဆိုပါတယ်၊ ဒါမှလည်း စားသုံးသူပြည်သူတွေ အကောင်းတွေစားရမှာလေ၊ ရက်လွန်တဲ့ဟာတွေလည်း မစားရတော့မှာ။

ကိုယ့်ကလေးတွေကို ရက်လွန်တာတွေ မစားစေချင်သလို သူများကလေးတွေလည်း စားချင်မှာမဟုတ်ဘူး၊ ဒါကြောင့် ဒီလိုလာလုပ်ပေးတာကောင်းပါတယ်၊ နောက်ပြီးတော့ သူတို့စစ်ပြီးသွားရင် စစ်ပြီးကြောင်း၊ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်ပါပေးသွားရင် ပိုအဆင်ပြေမယ်လို့ထင်တယ် ” ဟု ပြောသည်။

သို့ရာတွင် ထောက်ခံချက်ပေးရာတွင် ၎င်းတို့ဆိုင်မှ စားသုံးရန်မသင့်သည့် အစားအသောက်များ မရှိမှသာလျှင် ထောက်ခံနိုင်ပါသည်။ ထို့အပြင် စစ်ဆေးတွေ့ရှိသည့် အစားအသောက်များကို ဆက်လက်ပြီး မရောင်းချရန် ဝန်ခံဂတိလက်မှတ်ထိုးရပါသည်။

အခြားမြို့နယ်ဝေးမှ ကုန်စုံဆိုင်များသည် လွိုင်ကော်မြို့ကြီးတွင် လက်လီလက်ကားရောင်းချပေးသည့် ဆိုင်များတွင် လာရောက်ဖောက်သည်ယူပြီး ၎င်းတို့ဒေသတွင် ပြန်လည်ရောင်းချကြသည်။ တဆင့်တဆင့် ပြန်လည်ရောင်းချကြရာ တောရွာများတွင် ရက်လွန်မလွန်၊ စားသုံးရန်သင့်မသင့် အသိပညာမရှိကြခြင်းတို့ကြောင့် ဝယ်ယူမိကြသည်။ အခြားသော စားသောက်ကုန်တို့သည် စားသုံးသူကာကွယ်ပေးရေးတို့၏ ထောက်ခံချက်မပါဝင်သည့် တံဆိပ်မပါသည့် အစားအစာများရှိနေသည်။ သို့သော် အရောင်အဆင်း၊ထုပ်ပိုးမှုပုံစံ ဒီဇိုင်းဆန်းသစ်မှုကိုသာ ကြည့်ပြီး ဝယ်ယူစားသုံးကြသည်။

ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနတို့မှလည်း အချိန်နှင့်တပြေးညီ ဈေးကွက်တွင်းတွင်ရောင်းချနေသော စားသောက်ကုန်များတို့ကို စစ်ဆေးပြီး တွေ့ရှိချက်များကို စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုပေသည်။

spot_img
spot_img

Recent posts