spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဆိုင်ခန်းခပိုပေးရသည်ဟု တိုင်တန်းထားသူများကို ငွေပြန်အမ်းမည်

Author

Date

Category

စိုင်းလင်းလင်းဦး

၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲဈေးဆိုင်ခန်းနေရာဝယ်ယူရာတွင် သတ်မှတ်ထားသော အခကြေးငွေထက် ပိုမိုပေးဆောင်ရသော ဆိုင်ခန်းဝယ်ယူသူများအား ငွေပြန်အမ်းပေးမည်ဟု သိရသည်။

ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများကို ဝယ်ယူရာ၌ အစိုးရမှ သတ်မှတ်ထားသော ဈေးနှုန်းထက်ကြီးနေခြင်းသာမက ယခင်နှစ်ကပေးဝယ်ရသော ဈေးနှုန်းများထက်ပင် ပိုများနေခြင်းကြောင့် ဆိုင်ခန်း ဝယ်ယူသူများမှ ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည်နယ်အစိုးရရုံးထံသို့ လာရောက်တိုင်တန်းခဲ့ကြသည်။

ထို့နောက် ငွေပြန်အမ်းပေးမည်ဟု ဆိုင်ခန်းများနေရာချထားရေး၊ စစ်ဆေးရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးရဲနိုင်အောင်က မိမိတို့ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရထံ သွားရောက်တိုင်တန်းရာတွင်ပါဝင်ခဲ့သည့် ပွဲဈေးတန်း၌ အထည်ဆိုင်ခန်းဝယ်ယူထားသော လွိုင်ကော်မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်သူက ပြောသည်။

“ကျနော်တို့ တိုင်တဲ့သူတွေကိုပဲ တာဝန်ယူပေးမယ်။ ကျန်တဲ့သူတွေကိုတော့ ကိုယ်ကိစ္စမဟုတ်ဘူး ကိုယ်နဲ့မဆိုင်ဘူး ဘာမှဝင်ပြောစရာမလိုဘူး အကုန်လုံးပြန်အမ်းမယ်ဆိုရင် တကွင်းလုံးပြန်အမ်းမယ်ဆိုရင် သူတာဝန်မယူနိုင်ဘူး။ မအမ်းလည်း မအမ်းပေးနိုင်ဘူး။ ကျနော်တို့ လက်မှတ်ထိုးထားတဲ့သူတွေကိုပဲ ပြန်ပြီးအမ်းပေးမယ်လို့ပြောတယ်။”ဟု ကိုကျော်သူက ပြောသည်။

မိမိဝယ်ယူထားသော ဆိုင်ခန်းများ၏ ၁ဝ ပေခန်း တစ်ခန်းလျှင် ကျပ် ၅ သိန်းအထိ ပေးဝယ်နေရပြီး တာဝန်ရှိသူများမှ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်းဆိုလျှင် အခန်းတစ်ခန်းလျှင် ကျပ် ၄ သိန်းသာ ပေးဝယ်ယူရမည်ဟု ကိုကျော်သူက ဆက်ပြောသည်။ ယခင်နှစ်က ၁ဝပေခန်းတစ်ခန်းလျှင် ကျပ် ၃ သိန်းသာရှိသည်ဟု သိရသည်။

မိမိ၏ ပေးခဲ့ရသော အလားတူပုံစံမျိုးနှင့် အခြားဆိုင်ခန်းဝယ်ယူသူများ အများအပြားရှိနေပြီး တာဝန်ရှိသူများက သက်သေနှင့်တကွ လာရောက်တိုင်တန်းမှသာ စိစစ်ပြီး ပိုမိုပေးသွင်းထားရသော ငွေများကို ပြန်လည်ပေးအပ်မည်ဟု တာဝန်ရှိသူက ၎င်းတို့အား ပြောဆိုထားကြောင်း ကိုကျော်သူက ပြောသည်။

ပွဲဈေးတန်းဆိုင်ခန်းများကို လေလံစနစ်ဖြင့် အစိုးရမှလုပ်ကိုင်ခွင့်ပေးခဲ့ကာ လုပ်ကိုင်ခွင့်ရရှိသူများမှ ၎င်းတို့၏ စိတ်ကြိုက်ဈေးများဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းအပေါ် မကြေနပ်ခဲ့ကြခြင်းဖြစ်သည်။

ယခုနှစ်၂၀၁ရ ဇန်နဝါရီ ၉ ရက်နေ့က စတင်ကျင်းပခဲ့သော ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် ပွဲဈေးဆိုင်ခန်းဈေးနှုန်းကြီးမြှင့်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဆိုင်ခန်းများမှ ရောင်းချသော စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ဝန်ဆောင်မှုဈေးနှုန်းများ (အိမ်သာ/ဆိုင်ကယ်အပ်ခ/ပျော်ရွင်စရာဂိမ်းများ) ဈေးကြီးခြင်းများကြောင့် ပွဲတော်လာရောက် လည်ပတ်သူများက ဝေဖန်မှုများ ရှိခဲ့သည်။

spot_img
spot_img

Recent posts