spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဆုံးရှုံးနေသော စားသုံးသူအခွင့်အရေး

Author

Date

Category

ဖဲဘူးနှင့် မူအက်စတာရေးသားသည်။

သတ်မှတ်ထားတဲ့ ရက်ကျော်လွန်တာတွေ ၊ နေ့စွဲမပါတာတွေ ၊ ဆေးဆိုးထားတဲ့ ကလေးသရေစာနဲ့ မစားသင့်တဲ့အစားအစာတွေ ကယားပြည်နယ် ပြည်သူတွေအကြားမှာ မစားသုံးသင့်ပဲ စားမိနေတာတွေ ရှိနေပါပြီ။ 

ဒီအချက်အလက်တွေက စားသုံးသူရေးရာ ဦးစီးဌာနက ဈေးတွေမှာ လိုက်လံစစ်တွေ့ရှိချက်အရ သိနေ ၊ မြင်နေ၊ ကြားနေရတာပဲဖြစ်ပါတယ်။ 

သို့ပေမယ့်လို့လည်း လက်ရှိမှာတော့ စားသုံးဖို့မသင့်တဲ့စားသောက်ကုန်တွေကို ရောင်းချနေတယ်ဆိုတာ သိပေမယ့်လို့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မကြားဖူးသေးပါဘူး။ 

လွိုင်ကော်မြို့ကြီးမှာ အဓိက ကျေးလက်တွေကို ဖြန့်တဲ့ ကုန်စုံဆိုင်ကြီးတွေ ၊ ဈေးဆိုင်တွေအပြင် ဒီးမော့ဆိုမြို့မဈေး စတဲ့နေရာတော်တော်များများမှာ စားသုံးဖို့မသင့်တဲ့ မုန့်တွေ ၊ အစားအသောက်တွေကို ဖမ်းဆီးပြီး မီးရှို့လိုက်ပါတယ်။ ဒီလိုမစားသုံးသင့်တဲ့ အစားအစာတွေကို မီးရှို့ဖျတ်ဆီးပစ်နေတာလည်း အကြိမ်ရေ မနည်းတော့ပါဘူး။

အခုလို စားသုံးသူအခွင့်အရေးချိုးဖောက်နေတဲ့သူတွေကို တွေ့ရင်လည်း ကော်မတီဆုံးဖြတ်ချက် 
အရဆောင်ရွက်နေကြရတာဖြစ်တယ်လို့ စာသုံးသူရေးရာဦးစီးဌာန ဌာနခွဲတာဝန်ခံ ၊ ဦးမီးမှူး ဒေါ်မြို့ရီ က ပြောပါတယ်။ 

“အရေးယူမှုတွေစပြီးလုပ်ဆောင်လာမှာဖြစ်တဲ့အတွက်ကြောင့် အစည်းဝေးမှာလည်း ၇/၂၀၁ရ ပြည်နယ် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ကျမတို့ဒါ သိမ်းဆည်းပြီးတော့ အစည်းဝေးဆုံးဖြတ်ချက်တွေအရ၊ အငြင်းပွားမှူ ဖြေရှင်းရေးအဖွဲ့နဲ့ပဲ ဒါတွေကိုဖြေရှင်းသွားမှာပါ။”လို့ ဒေါ်မြို့ရီက အောက်တိုဘာလ ၁ဝ ရက်နေ့က တောင်ဈေးရှိ ကုန်စုံဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီးနောက် ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုပါတယ်။ 
သိမ်းဆည်းလာတဲ့ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို အငြင်းပွားမှူ ဖြေရှင်းရေးကော်မတီ ရဲ့ ဆုံးဖြတ်ချက်ကိုတောင်းခံပြီး မီးရှိူ့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ စားသုံးဖို့မသင့်တဲ့စားသောက်ကုန်တွေကို ရောင်းချနေတာကို လိုက်လံစစ်ဆေး ပြီး သိမ်းဆည်းတဲ့အဆင့်သာရှိ နေသေးပေမဲ့ နောက်ပိုင်းမှာ အရေးယူမှုတွေပြုလုပ်လာမယ်လို့ ဆိုပါတယ်။
သို့ပေမယ့်လို့ တိတိကျကျအရေးအရေးယူဆောင်ရွက်ဖို့ နည်းဥပဒေတွေ မရှိသေးတာကြောင့် အခက်အခဲတစ်ခု ဖြစ်နေပါသေးတယ်။ 

“ဘယ်လိုအရေးယူရမလဲဆိုတာ အခုချိန်ထိ နည်းဥပဒေမှ ကောင်းကောင်းမရှိသေးတာ အဲဒါက တခြား ကိုယ်စားလှယ်တွေမှာ တာဝန်ရှိသွားတာပေါ့။” လို့    ပြောဆိုထားပါတယ်။ 

ဒါကြောင့် စားသုံးသူအခွင့်အရေး ပြည်သူတွေအကြားမှာ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ 

 

ခေါင်းစဉ်းဓါတ်ပုံ-စားသုံးသူ ကယား (facebook)

spot_img
spot_img

Recent posts