spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တစ်နှစ်စာ ဝမ်းရေးဖြောင့်ဖြူးရန် ကူညီပါ

Author

Date

Category

စက်တင်ဘာလ ၁  ရက်နေ့ထုုတ် ကန္တာရဝတီတိုုင်း(မ်)သတင်းဂျာနယ်ပါ အယ်ဒီတာအာဘော်

များမကြာခင်ကာလတွင် တောင်သူများ၏ တစ်နှစ်ပတ်လုုံး သီးနှံများထွက်ရှိလာတော့မည်ဖြစ်သည်။ လုုပ်အား၊ ငွေအားဖြင့် ရင်းနှီးထားသည့် ၎င်းတိုု့၏ ချွေးနည်းစာကိုု ဖျက်ဆီးရန် အသင့်စောင့်ကြိုနေသော အရာများလည်း ရှိနေသည်။

မူမမှန်သော ရာသီဥတုကိုု ဒီကာလအတွင်း ကြုံခဲ့ကြရပြီးဖြစ်သည်။ မိုုးမမှန်၍ နောက်တစ်ကြိမ်ထပ်မံ စိုုက်ပျိုးရသည့် စိုုက်ခင်းအများအပြားရှိသည်။ မိုုးများ၍ သီးနှံပင်များမအောင်မြင်မှုလည်း ထိုုနည်းတူတူဖြစ်သည်။ ကုုန်ကျစရိတ်များ ပုုံမှန်ထက်ပိုုကုုန်ရသည်။

ယင်းကဲ့သိုု့ အခက်အခဲများကြောင့် စိုုက်ပျိုးရေးတွင် ရင်းနှီးမြှပ်နှံလိုုက်သော ငွေများအတွက် ပူပင်သောကရောက်ကြရသည်။ ပုုံမှန်မဟုုတ်သော ငွေကုုန်ကြေးကျအတွက် အတိုုးများများနှင့် ပြင်ပမှ ချေးယူနေကြရသည့် တောင်သူများမနည်းပေ။

ဒီကြားထဲ သီးနှံဖျက်ပိုုး ငမြောက်တောာင်လည်း ဒုုက္ခပေးလိုုက်သေးသည်။ ဆွတ်ခူးခါနီး ပြောင်းပင်များ ပိုုးဖျက်၍ ဆုုံးရှုံးမှုထပ်ကြုံပြန်သည်။ ရင်းထားသမျှ သဲထဲရေသွန်ဖြစ်သွားသည်။ ဒါတင်မကသေး တောင်သူများ နောက်ထပ် စိန်ခေါ်မှု တစ်ခုုထပ်တွေ့ရအုုန်းမည်။ သီးနှံဈေးဖြစ်သည်။

လွန်ခဲ့သည့်နှစ်များက ပုုံမှန်တင်ပို့နေသည့် နိုုင်ငံခြား၏ မူဝါဒများကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုုက်ဖြစ်ကာ အရင်းပင်ပြန်မရသည့် အဖြစ်က ၎င်းတိုု့အား သင်ခန်းစာကောင်းကောင်းကြီးပေးခဲ့သည်။

သိုု့ဖြစ်၍ ယခုုနှစ် သီးနှံထွက်ရာသီရောက်လာတော့မည်ဖြစ်သည်။ တစ်နှစ်စာ ဝမ်းရေးဖူလုုံမှုကိုု အဆုုံးအဖြတ်ပေးမည့် သီးနှံဈေးနှုန်းသည် အရေးကြီးသည်။ ပုုံမှန်သဘောတရားအရ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သော်လည်းပဲ ဈေးကွက်ပျက်သွားသည့်အခါမျိုး အစိုုးရမှ ဝင်ရောက်ထိန်းညှိပေးနိုုင်သည်။

ကယားပြည်တွင် အများစုုစိုုက်ပျိုးသော တစ်ရာသီထွက် သီးနှံ ၂ မျိုးရှိသည်။ ၂၀၁၆ ခုုနှစ်တွင် ပြောင်းဈေးကျသည်။ နှမ်းဈေးလည်း ကျသည်။ ၂၀၁ရ တွင် ပြောင်းဈေးကောင်းသည်။ နှမ်းဈေးမာမူ တက်လာခြင်းမရှိသည့်အပြင် ဈေးထပ်ကျသည်။ တောင်သူများ အရင်းသာပြန်ရပြီး ပိုုလျှံငွေများများမရကြပေ။

သိုု့အတွက် လိုုအပ်သော ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း တိုုးတက်ရေးအတွက် ငွေများမသုုံးစွဲနိုုင်တော့ပေ။ ယင်းသည် ဆင်းရဲမှု၏ အစပင်ဖြစ်သည်။ ငွေကြေးမလုုံလောက်သည့် အောက်ခြေတောင်သူများ၏ ဘဝမလှပမှတော့ နိုု်င်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုများ နှေးကွေးစေသည်။

ယခုုကတည်းက ထွက်ရှိလာမည့် တောင်သူများ၏ ဈေးကွက်သတင်းအချက်အလက်နှင့် အခြားသော ပံ့ပိုုးကူညီမှုများကိုု အသင့်ပြင်ဆင်ထားရန် လိုုအပ်ကြောင်း ရေးသားအပ်သည်။

spot_img
spot_img

Recent posts