spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

တတိယအကြိမ် စုပေါင်းကျင်းပနိုင်ခဲ့သော ၅ဝ နှစ်မြောက် ကယောအမျိုးသားနေ့

Author

Date

Category

မူအက်စတာ

ဧပြီလ ၁၅ ရက်နေ့သည် ကယောအမျိုးသားနေ့ဖြစ်သည်။

၁၉၆၈ ခုနှစ်က စစ်အစိုးရမှ “ပရဲ”နာမည်ကို “ကယော”ဟု ပြောင်းလဲခေါ်ဆိုလိုက်သည့် နေ့မှစ၍ အမျိုးသားနေ့အဖြစ် စတင်ရေတွက် မှတ်ယူသည်။

ယခုနှစ် ၂၀၁၈ ဧပြီလ ၁၅ ရက်နေ့သည် ကယောအမျိုးသားနေ့၏ နှစ် ၅ဝ ပြည့်နေ့ဖြစ်သည်။

ယခုနှစ်အတွက် ကယောအမျိုးသားနေ့ကို ဧပြီလ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ် ဟိုယာဒေသ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသားနေ့အထိမ်းအမှတ်ကျောက်တိုင်ကို ဦးစွာ မင်္ဂလာပေးသည်။

ယင်းနောက် ကယောအမျိုးသားအလံတော်ကို သယ်ဆောင်လာပြီး အလံတော်ကိုု လွှင့်ထူသည်။

အမျိုးသားနေ့ နှစ် ၅ဝ ပြည့်နှစ်အတွက် ကယောဖားစည်ကို အချက် ၅ဝ တီးခတ်ပြီး ဖွင့်လှစ်သည်။

ထို့နောက် အဖွဲ့အစည်းအသီးသီးက ပေးပို့လာသည့် သဝဏ်လွှာနှင့် စာတမ်းကို ဖတ်ကြားသည်။

ကရင်နီပြည်အတွင်းရှိ ကယန်း၊ ကယား၊ ကယော အစရှိသည့် တိုင်းရင်းသားလူမျိုးကြီး သုံးခုသည် ဖိုခနောက်နှင့် တူသည်။ ဖိုခနောက်သည် ခြေထောက်သုံးချောင်းရှိမှ ရပ်နိုင်သကဲ့သို့ တိုင်းရင်းသားများကလည်း တစ်ခုနှင့် တစ်ခု အပြန်အလှန် မှီခိုနေကြောင်း ကယောအမျိုးသားဗဟိုကော်မတီမှ ဦးမာခိုးအီချစ်ထွန်းက ပြောသည်။

“ကယန်း၊ ကယား၊ ကယောလို့ပြောလိုက်တာဟာ ကျန်တဲ့ တိုင်းရင်းသားတွေ မပါဘူးလို့ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် မျိုးနွယ်စုကြီး သုံးခုကိုပဲ ကိုယ်စားပြု ဥပမာပေး နှိုင်းထားတာပါ။”ဟု ၎င်းက ပြောသည်။

ကယောလူမျိုးတွေအာလုံး ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံးနဲ့ နေထိုင်သွားကြဖို့လည်း ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ဥက္ကဌ ဦးထွန်းကျော်က ပြောသည်။

“ကျွန်တော်တို့ ကယောလူမျိုးတွေ ဘောလုံးအသင်းလိုနေရမယ်၊ အဓိက Team work စိတ်ဓာတ်ရှိရမယ်။ ဘောလုံးအသင်းက စည်းလုံးညီညွတ်မှုရှိရင် ကျန်တဲ့သူတွေကို ကျွန်တော်တို့နိုင်မှာပဲ။ ကျွန်တော် နောက်ဆုံးစကားလက်ဆောင်ပေးချင်တယ် We Are One လို့”ဟု ဦးထွန်းကျော်က ပြောသည်။

ကယောအမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့သည်မှာ ၃ ကြိမ်ရှိသွားပြီဖြစ်သည်။ ပထမဆုံးအကြိမ်ကို ကယောဒေသ ထီးဆိုဒူး၊ ဒုတိယအကြိမ်ကို လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက်တွင် ကျင်းပခဲ့သည်။

ယခုနှစ် ကယောအမျိုးသားနေ့အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ကယောတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများအပါအဝင် လူဦးရေစုစုပေါင်း ၄ ထောင်ကျော် တက်ရောက်သည်။

spot_img
spot_img

Recent posts