spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

တပိုင်တနိုင်ဆိုင်လေးတွေ မပျောက်ဖို့ရာ

Author

Date

Category

မူအက်စတာ

ထားလဲကျေးရွာ ကားလမ်းမကြီးဘေးမှာ တဲကလေးနဲ့ရောင်းနေတဲ့  ရိုးရာခေါင်ရည်ဆိုင်လေးတွေမှာ အမျိုးသမီးလေးတွေပဲ ရောင်းနေတာကိုတွေ့ရပါတယ်။

တချို့အမျိုးသမီးငယ်များက နွေရာသီကျောင်းပိတ်ရက်ရောက်လို့ အပိုဝင်ငွေလေးတွေ ရရှိအောင်ဆိုပြီးမှ ဈေးလာရောင်းတဲ့သူတွေရှိသလို၊ ငယ်ငယ်လေးတည်းက ကျောင်းထွက်ပြီး ဈေးရောင်းနေတဲ့ အမျိုးသမီးငယ်လေးတွေ ရှိပါတယ်။ 

ထားလဲခေါင်ရည်ချိုဆိုရင် မသိသူမရှိ၊ မကြိုက်သူမရှိ နာမည်ကြီးနေပြီး ဖရူဆိုမြို့နယ် ထားလဲရွာ ကားလမ်းမကြီးဘေးမှာ ရှိနေတဲ့ ခေါင်ရည်ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။

 ထားလဲခေါင်ရည်ချိုကို ရောင်းချနေကြတဲ့ အမျိုးသမီးလေးတွေရဲ့ တဲအိမ်ဆိုင်လေးတွေထဲကို ဝင်ကြည့်မယ်ဆိုရင် ခေါင်ရည်၊ အချိုရည်၊ ကြက်ဥပြုတ်၊ ရေသန့် ၊ မြေပဲပြုတ် စတာတွေပဲ တွေ့ရတတ်ပါတယ်။ အချို့ဆိုင်လေးတွေမှာ မုန့်ထုတ်လေးတွေပါ တင်ရောင်းထားကြပါတယ်။

ထားလဲရွာရဲ့ ကားလမ်းမကြီးနှဘေးမှာ တပိုင်တနိုင်ချက်ပြုတ်ရောင်းချတဲ့ ခေါင်ဆိုင်လေးတွေ တနှစ်တခြားတိုးလာတာတွေ့ရတယ်။ တနည်းအားဖြင့် မိသားစု ဝင်ငွေတိုးဖို့ တဖက်တလမ်း အသက်မွေးဝမ်းကျောင်းတခု ဖြစ်လာတာတွေ့နေရ

ဆိုင်တွင်တင်ရောင်းထားသည့် ခေါင်ရည်ဗူးများ

ပါတယ်။

 

အဲဒီဆိုင်တွေထဲမှာ ခေါင်ရည်နဲ့ တွဲဖက်မြည်းစားသင့်တဲ့ ကယားရိုးရာ ကြက်သားထုပ်၊ ဝက်သားထုပ်၊ ဝက်အူချောင်း၊ အမဲလုံး၊ ဝက်သားလုံး ၊ ကြက်သားကြော် ရိုးရာဟင်းထုပ် စတာတွေ မတွေ့ရှိရပါဘူး။

အကြောင်းကတော့ အသားငါးတွေ ဈေးတက်လို့ မရောင်းနိုင်တော့တာဖြစ်တယ်လို့ ထားလဲကားလမ်းမဘေး တဲလေးထဲမှာ ခေါင်ရည်ရောင်းနေတဲ့ အဒေါ် ဒေါ်ကလောမာက ပြောပါတယ်။

ခရီးသွားတွေ လာရောက်စားသောက်တဲ့အချိန်မှာဆိုရင် ရိုးရာအစားအသောက်တွေ စားချင်နေပေမယ့် ရှာမရပါဘူး။ အရင်တုန်းက ဒေါ်ကလောမာဟာ ကယားဝက်အူချောင်း၊ အမဲခြောက်ကြော် စတာတွေ လုပ်ရောင်းပေမယ့် နောက်ပိုင်းမှာ ဝက်သား၊ အမဲသားဈေးတွေမှာ မြှင့်တက်လာတဲ့အတွက်ကြောင့် ဒေါ်ကလောမာတို့ခမျာ တင်မရောင်းနိုင်တော့ပါဘူး။ ရှိနေတဲ့ မြေပဲပြုပ်၊ ခေါင်ရည် ၊ အချိုရည် စတာတွေပဲ ရောင်းနေရပါတော့တယ်။

ဟင်းသီးဟင်းရွက်တို့စိုက်ပြီး ရောင်းချဖို့ဆိုရင်လည်း အခုချိန်မှာဆိုရင် ကိုယ်ကိုယ်တိုင် စိုက်စားစရာမလိုတော့ပဲ ရပ်ကွက် ကျေးရွာ လမ်းကြို လမ်းကြားထိအောင် လှည့်ပတ်ရောင်းနေတဲ့ ဟင်းသည်တွေ အဆင်သင့်ရှိနေပါတယ်။

ခေါင်ရည်ရောင်းနေတဲ့အဒေါ်နှင့်တွေ့ခဲ့ရစဉ်။ပုံ-မူအက်စတာ

ဒါကြောင့် ကိုယ့်ရွာနဲ့ကိုယ် စိုက်ရောင်းမယ်ဆိုရင်လည်း သူတို့ဟင်းသည်လို အသီးအရွက်မလှပတဲ့အတွက်ကြောင့် ဝယ်သူမရှိဖြစ်နေဦးမယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ်တိုင်စိုက်တော့လည်း သဘာဝအသီးအရွက်ဖြစ်တဲ့အတွက်ကြောင့် ဈေးတင်ချင်နေရင် အညာကနေလာတဲ့ မုန်ညှင်းတစ်စည်း ၁၀ဝ ကိုပဲ အားပေးမိကြမှာပါ။

ဒါကြောင့် ကျမတို့ဒေသမှာ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်လုပ်တဲ့ အစားအစာတွေ ရှားပါးလာပြီး ပြည်မကနေလာတဲ့ အဆင်သင့်ဈေးပေါတဲ့ စားစရာတွေကိုပဲ ဝယ်စားကြပါတယ်။

တကယ်တမ်း ကျမတို့ ကိုယ်တိုင်ဖော်ဆောင်တဲ့ အစားအစာတွေကိုက ဈေးကြီးနေပါတယ်။ ပြည်မနေလာတဲ့ အသီးအရွက်တွေက စားချင်စရာဖြစ်ပြီး ဈေးချိုပါတယ်။

ကျမတို့ ပြည်နယ်မှာရှိတဲ့ ကျေးလက်တောရွာတွေမှာ ကိုယ်ပိုင်စီးပွားရေးဆိုတာ မရှိသလောက်ရှိနေပြီး ပြည်မတို့ကိုပဲ အားကိုးအားထားပြုကြတာ ပိုများပါတယ်။

အစိုးရကနေလည်း ကျေးလက်တောရွာတွေအတွက် သူတို့ဒေသလေးတွေကနေ ထွက်ရှိတဲ့ ဒေသအစားအစာလေးတွေကို ဈေးကွက်တစ်ခုလောက် ဖော်ဆောင်ပေးနိုင်ရင် ပြည်မကို အားကိုးရတာ ပိုလျော့လာနိုင်ပါတယ်။

ထားလဲရွာလမ်းဘေးမှ တပိုင်တနိုင်ဖွင့်ထားကြသည့် ဆိုင်ငယ်လေးများမြင်တွေ့ရစဉ်။ပုံ-မူအက်စတာ

ကျမတို့ဒေသမှာတော့ ဝယ်စရာတွေသာရှိပြီး ရောင်းစရာမရှိတဲ့ အဖြစ် ဖြစ်နေပါတယ်။ သူတို့ဆီကနေဝင်လာတဲ့ မုန်ညှင်းရွက်တစ်စည်းကအစ ကျမတို့နေ့စဉ်ဝယ်စားနေကြပါတယ်။ ကျမတို့အိမ်ကနေတော့ ပြန်ရောင်းစရာဘာမှ မတွေ့ရဘူးဖြစ်နေတယ်။

တပိုင်တနိုင်ဝင်ငွေတိုးစေတဲ့ ဒေါ်ကလောမာတို့လိုဆိုင်တွေ မပျောက်သွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

ဒါကြောင့် ကျမတို့ပြည်နယ်ဒေသအတွင်းမှာ အခုလို ဈေးဆိုင်ငယ်လေးတွေ ၊ တခြား မွေးမြူရေးလုပ်ငန်း တွေကို အားပေးမြင့်တင်ဖို့ လိုအပ်လာပါတယ်။

 

 

spot_img
spot_img

Recent posts