spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းထားသည့် ငွေတောင်ရွာဟောင်းမြေပြန်ရဖို့ ဒေသခံများတောင်းဆိုကြ

Author

Date

Category

ဖဲဘူး

ခမရ ၁၀၂ တပ်သိမ်းထားသော ငွေတောင်ရွာဟောင်းမြေနေရာပြန်ရဖို့ အတွက် ငွေတောင် ဒေသခံတွေနဲ့ မြေပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်က တပ်လုံခြုံရေးအတွက် ၁၀၂ တပ်က ထံမံသိမ်းထားတဲ့မြေနေရာ ၃၁ ဧကကျော်ကို ပြန်ရဖို့ တောင်းဆိုကြတာပဲဖြစ်ပါတယ်။

တပ်သိမ်းထားသည့် ငွေတောင်ရွာဟောင်းမြေပြန်ရဖို့ ဒေသခံများတောင်းဆိုကြ

“ကျနော်တို့ တတွေ ဒီမှာပြန်နေထိုင်ဖို့ ပေါ့။ ဘေးမှာနေဖို့ မရှိတော့တဲ့အတွက် ကျနော်တို့ ရဲ့ ဒီမြေနေရာလေးကို ပြန်ပေးဖို့၊ ဒီနေရာကိုပြန်ပေးခြင်းအတွက်လည်း သူတို့အတွက် တစုံတရာထိခိုက် နစ်နာမှု မရှိနိုင်ပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အတွက် မိမိတို့ ရဲ့ ဘိုးဘွားပိုင် မြေကို ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်းပြန်လည်နေထိုင်ချင်တာ ဒါအများပြည်သူရဲ့ ဆနဒ ပဲဖြစ်ပါတယ်။” ဦးကျော်ဝင်း ငွေတောင် တပ်သိမ်းမြေယာ ပြန်လည်ရရှိရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

လက်ရှိငွေတောင် ကျေးရွာ အနေအထားအရ လူဦးရေတိုးပွားလာတဲ့အပြင် ရွာရဲ့ တခြားအဆောက်အုံတွေဆောက်လုပ်ဖို့ အတွက် မြေနေရာတွေဟာ မရှိတော့တာကြောင့် တပ်သိမ်းမြေကို ပြန်တောင်းဆိုရတာဖြစ်တယ်လို့ အသက် ၈ရနှစ်အအရွယ် ဖွားကြည် ကပြောပါတယ်။

“ရွာချဲ့ဖို့လည်းမရှိဘူး။ ရွာချဲ့ဖို့မပြော နဲ့ အခုလုပ်ဖို့တောင်မှ ဟို ဂေဟာ လုပ်မယ်။ အဆောက်အဦးပေါ့နော။ လိုတဲ့အဆောက်အဦး ဆောက်ဖို့တောင်မရှိဘူး။” ဖွားကြည် ကပြောပါတယ်။

မြေသိမ်းခံရတဲ့ထဲပါသွားတဲ့ မြေပိုင်ရှင်တွေကလည်း အခု ငြိမ်းချမ်းနေတဲ့ ကာလရောက်နေပြီးဖြစ်တာကြောင့် လုံခြုံရေးအတွက် သိမ်းထားတဲ့ သူတို့ မြေနေရာဟောင်းတွေကို ပြန်လိုချင်နေကြပါတယ်။ သိမ်းခံရတဲ့ မြေတွေမှာ ပေ ၂၀ဝ ပတ်လည် ပါသွားတဲ့ ဒေါ်ဘေဘီဖော ခေါ် အမိုးကလည်း မြေပြန်ရဖို့ ဆုတောင်း နေကြောင်းပြောပါတယ်။

ငွေတောင်ဒေသခံဒေါ်ဘေဘီဖော် ခေါ် အမိုး“ရလို့ရှိရင် ဝမ်းသာတယ်လေး။ ရလို့ရှိရင် ပြန်နေမှာပဲ။”လို့ပြောပါတယ်။

လက်ရှိမှာ တပ်လုံခြုံရေးအတွက် ထပ်မံ သိမ်းထားတဲ့ ငွေတောင်ရွာဟောင်း မြေနေရာကို တပ်က ခြံစည်းရိုးကာနေတာရှိနေတာကြောင့် ဒေသခံတွေက မိမိတို့ မြေပြန်မရမှာကို စိုးရိမ်နေကြပါတယ်။

ဒီးမော့ဆိုမြို့နယ် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကနေ အဲဒီမြေတွေ မှာ တိုင်းတာ တာတွေ မလုပ်ဖို့ ၁၀၂ တပ်ကို ညွန်ကြားထားပေမဲ့ တပ်က ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်အစိုးရ ကလည်း ဒီမြေတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံတွေနဲ့ ညှိနှိုင်းတာတွေရှိပေမဲ့ ဒေသခံတွေက လျော်ကြေးငွေထက် မိမိတို့ ပိုင်မြေကိုပဲ ပြန်လိုချင်နေကြတယ်လို့ ဦးကျော်ဝင်းကပြောပါတယ်။

သိမ်းဆည်းခံမြေပြန်လည်ရရှိဖို့ အတွက် သက်ဆိုင်ရာ မြေယာကော်မတီတွေနဲ့ လွတ်တော်တွေ၊ အစိုးရနဲ့ နိုင်ငံတော်သမတ တွေဆီထိ တင်ပြေတောင်းဆိုခဲ့ပေမဲ့ ပြေလည်တဲ့ ညှိနှိုင်းမှု တစုံစရာမရသေးဘူးလို့ ဦးကျော်ဝင်းကဆက်ပြောပါတယ်။

သိမ်းထားတဲ့ မြေတွေကို ပြန်မရဘူးဆိုရင်တော့ ဒေသခံတွေကနေ ငြိမ်းချမ်းစွာ ဥပဒေနဲ့ အညီ ဆန ဖော်ထုတ်မယ်လို့ ဦးကျော်ဝင်းကပြောပါတယ်။

သိမ်းထားတဲ့ ငွေတောင်ရွာဟောင်း မြေ ၃၁ ဧကကျော်ကို ၁၉၉၁ ခုနှစ်က ၁၀၂ တပ်ရင်းအနီး ဗုံးကွဲမှုဖြစ်ပြီးနောက်မှာ တပ်လုံခြုံရေးအတွက် နေအိမ် ၃၈ လုံးကို ၂ရက်အတွင်း ပြောင်းရွေ့ စေပြီး သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts