spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားပါတီနှစ်ပါတီပူးပေါင်းပြီး ပါတီအသစ်ထူထောင်ရန်စီစဉ်

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။

“ အဲဒီမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဖျက်သိမ်းလိုက်ပြီးမှ ပါတီအသစ်ထောင်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲဒီပါတီကို မနက်ဖြန်သဘက်ခါပဲ ပုံတင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်။” ဟု ဦးဖိုးရယ်က ပြောသည်။

ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီသည် ပါတီအသစ်တစ်ပါတီကို ပူးပေါင်းတည်ထောင်ကြပြီးနောက် ကယန်းအမျိုးသားပါတီက အနီးစပ်ဆုံးမဟာမိတ်အနေအထားဖြင့် ဆက်လက်ရှိနေမည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။

“ အဓိက,ကတော့ ကယန်းအမျိုးသားပါတီအတွက်က ရှမ်းပြည်နယ်မှာရော ကရင်ပြည်နယ်မှာရော ရှိတဲ့ ပါတီဝင်တွေရဲ့ ဆုံးဖြတ်တဲ့အနေအထားမျိုးအပေါ်မှာလည်း အရမ်းမူတည်ပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီက အတင်းအကြပ်ပူးပေါင်းမယ့်အနေအထားမျိူးမရှိဘဲနဲ့ ကျနော်တို့သုံးပါတီမှာတော့ အနီးစပ်ဆုံးမဟာမိတ်ဖြစ်ပြီးတော့မှ ကယားပြည်နယ်မှာတော့ ကျနော်တို့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ အဲ့ဒီလိုပဲ လုပ်ဆောင်သွားဖို့လည်း ယုံကြည်နေပါတယ် ” ဟု ခွန်းဘီထူးကပြောသည်။

လတ်တလောတွင် နှစ်ပါတီပူးပေါင်းဖွဲ့စည်းဖြင့် နာမည်ကို ညှိနှိုင်းဆွေးနွေးကြရာတွင် ပါတီအမည်ကို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(Kayah State Democratic Party ) ဟုပေးထားကြပြီး မှတ်ပုံတင်နိုင်ရန်စီစဉ်သွားကြမည်ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဟာမိတ်သုံးပါတီအနေဖြင့် ရပ်တည်သွားကြမည်ဖြစ်ကြောင်းနှင့် ဝင်ပြိုင်မည့်မဲဆန္ဒနယ်အတွင်းတွင် ကိုယ်စားလှယ်တစ်ဦးသာ စုပေါင်းသဘောတူညီချက်ဖြင့် ရွေးခြယ်ထားကြပြီး ပါတီအသစ်အမြန်မှတ်ပုံတင်ရရှိပါက ပါတီအသစ်အမည်ဖြင့် ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts