spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသား ရိုးရာဓလေ့ မြေယာအသုံးချမှု ဘာလဲ ဘယ်လဲ။

Author

Date

Category

ဖဲဘီး ရေးသားသည်။

ကျနော်တို့တိုင်းရင်းသား တောင်သူတွေဟာ နှစ်ပေါင်းများစွာကတည်းက မိဘဘိုးဘွားဆီကနေ  လက်ဆင့်ကမ်း အမွေဆက်ခံရထားတဲ့ မြေယာပေါ်မှာ  လွတ်လပ်စွာနဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်လာခဲ့ကြရင်း အခုချိန်မှာ အသစ်ထွက်လာတဲ့ မြေယာဥပဒေေကြာင့် ရာဇဝတ်သား၊ တရားခံ ဖြစ်ကြရတော့မလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပြီ။

ဒါကတော့ အခုတလော အင်တာနက် လူမှုကွန်ယက် (Facebook) စာမျက်နှာနဲ့ သတင်းတွေမှာ တွေ့မြင်ဖတ်ရှုကြရတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေ (၂၀၁၈ ခုနှစ်) ကိစ္စပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က ပြည်ထောင်စုလွတ်တော်ကနေ အတည်ပြ ပြဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ပြင်ဆင်ဥပဒေက ဘာများထူးခြားပြီး၊ ဘာေကြာင့်များ မီဒီယာစာမျက်နှာများမှာ ပွက်လောရိုက်သွားတာပါလဲ။

မြေယာဥပဒေ ဖြစ်တည်ပြောင်းလဲလာတဲ့ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရက ဆိုရှယ်လစ်ခေတ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေကို ဖျက်သိမ်းပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြဌာန်းလိုက်တဲ့ နောက်ပိုင်း နိုင်ငံတဝန်းမှာ မြေယာပြဿနာတွေ ဒုနဲ့ဒေး ပေါ်ထွက်လာပါပြီး တောင်သူတွေလဲ တရားရုံးမှာ တန်းစီ တရားစွဲဆိုခံနေကြရပါတယ်။

အခု ၂၀၁၈ ခုနှစ်အတွင်း ပြင်ဆင်လိုက်တဲ့ မြေလွတ်၊ မြေလပ်မြေရိုင်းဥပဒေပါ ပုဒ်မတချို့အရ တောင်သူတွေက တရားရုံးမှာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံစရာ မရှိတော့ဘဲ ဥပဒေအရ ပြစ်မှုမြောက်ရင် သတ်မှတ်ထားတဲ့ ထောင်ဒါဏ်၊ ငွေဒါဏ် ချမှတ်ခံရနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒီလို ပစ်ဒဏ်ခံရမည့် တောင်သူတွေကို ဆက်စပ်ပြီး အားပေးကူညီသူတွေ အဖွဲ့အစည်းတွေ ၊ ပညာရှင်တွေ၊ ရှေ့နေတွေရှိခဲ့မယ်ဆိုရင်လည်း ထိုနည်းလည်းကောင်း ပြစ်ဒါဏ်ပေးခံရနိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

တောင်သူတွေရဲ့အဖြစ်က ၂၀၁၃ ခုနှစ်မှာ ပြည်ထောင်စုလွတ်တော်က ပြဌာန်းလိုက်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေးဥပဒေလို ၎င်းတို့ကို အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဥပဒေရဲ့ အကျိုးကျေးဇူးကို မခံစားကြရတဲ့အပြင် ၎င်းတို့ရဲ့ အသက်မွေးဝမ်းေကြာင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် အစိုးရမှပံ့ပိုးလုပ်ဆောင်ပေးရမည့် တာဝန်ရှိေကြာင်း ပြဌာန်းထားတဲ့ ဥပဒေကိုလည်း သိရှိပြီး တောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ မသိရှိကြပါဘူး။

သို့ပေမဲ့ မြေယာဥပဒေ များကဲ့သို နောက်ဆက်တွဲ ဆိုးကျိုးကိုတော့ သူတို အလူးအလဲ ခံစားခဲ့ကြရပါတယ်။

မြေယာဥပဒေက ပြည်သူတွေ ဆိုးကျိုးချည်း ခံစားကြရခြင်းတော့လဲ မဟုတ်ပါဘူး၊ ကောင်းကျိုးခံစားရသူတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက တောင်သူတွေ မဟုတ်ပဲ ဥပဒေတွေ အသက်ဝင်အောင် ကြပ်မတ်လုပ်ဆောင်နေကြတဲ့ တာဝန်ရှိသူတွေ၊ ပြည်သူ့ဘဏ္ဌာငွေနဲ့ လခ ခံစားရတဲ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတချို့တွေ နဲ စီးပွားရေးသမားတွေ အပါအဝင် ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အခွင့်အရေးသမား တစ်စုတို့ပဲဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ ရေွှးကောက်ပွဲမှ တက်လာသည့် ဒီမိုကရေစီ အစိုးရလက်ထက်မှာ အတည်ပြုပြဌာန်းထားတဲ့  မြေလွတ်မြေလပ် မြေရိုင်းဥပဒေသည် လာမည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ဆိုရင် ၆ လပြည့်ပါတော့မယ်။

၆ လပြည့်ရင်တော့ ပြင်ဆင်ဥပဒေအရ တောင်သူလယ်သမားတွေ အနေနဲ အထူးသဖြင့် အနားပေးတောင်ယာ (ရေွှ့ပြောင်းတောင်ယာ) စနစ်နဲ လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ရင်တထိတ်ထိတ် နဲ့ကျီးလန့်စာစားရသလို လုပ်ကိုင်စားသောက်ကြရတော့မလား ဆိုတာ စဉ်းစားစရာပါ။

ထို့အပြင် ၂၀၁၈ ခုနှစ် မြေယာဥပဒေဟာ တိုင်းရင်းသားတို့ရဲ့ မိရိုးဖလာ မြေယာအသုံးချမှုနှင့် အခွင့်အရေးကို အသိအမှတ်ပြု၊ ကာကွယ်ရန် ပြဌာန်းထားတဲ့ အမျိုးသားမြေယာ အသုံးချမှုမူဝါဒနဲ့လည်း ဆန့်ကျင်နေပါတယ်။

တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာကတည်းက ဓလေ့အရ အေးချမ်းစွာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း လုပ်စားလာတဲ့ မြေယာတွေဟာ မိမိတို့ကို ကိုယ်စားပြုရန် ရေွှးချယ်လိုက်တဲ့ လွတ်တော်အမတ်တွေ ရှိနေပါလျက်နဲ ဥပဒေက မိမိတို့တိုင်းရင်းသားဒေသနဲ့ ကိုက်ညီမှု မရှိပဲ အတည်ပြုလိုက်တဲ့အခြေအနေအောက်မှာပဲ ကျနော်တို့တောင်သူတွေ ငွေဒါဏ်၊ထောင်ဒါဏ်တွေနဲ စခန်းသွားရတော့မှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts