spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသား အခွင့်အရေးတန်းတူရရှိရေး ကြိုးပမ်းလျက်ရှိဟု သမ္မတဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်၊ တိုင်းဒေသမခွဲခြားပဲ တိုင်းရင်းသားအခွင့်အရေးများအတွက် တန်းတူရရှိရေးကြိုးပမ်း ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကယားပြည်နယ်နေ့ အခန်းအနားမိန့်ခွန်းမှာပြောဆိုသွားပါသည်။ 

“ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း ပြည်နယ်၊ တိုင်းဒေသမခွဲခြားဘဲတောင်ပေါ်မြေပြန့်မခွဲခြားဘဲ ပြည်နယ်တိုင်းအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ထို့အတူပဲ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ခံစားသင့်၊ ခံစားထိုက်တဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ဦးစားပေးပြီးတော့ ပုံဖော်လျှက်ရှိပါတယ်။” 
ယနေ့ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မြဲစေရန် ထိမ်းသိမ်းကာကွယ်ရန်နှင့် မြှင့်တင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်ဟု ထပ်လောင်းပြောဆိုသွားပါသည်။

တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ငြိမ်းချမ်းသည့်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ပေးကြရန်လည်း အားလုံးဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနိုးဆော်သွားပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားခေါင်းဆောင်သဘာပတိဝင်များမှ နေရာယူပြီးနောက် ကယားပြည်နယ်နေ့အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးတော့ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အားအလေးပြုခြင်းများဆောင်ရွက်ခဲ့ပါသည်။ 

(၆၇)နှစ်မြောက်၊ ကယားပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီးအပါအဝင် ပြည်နယ်အတွင်းရှိဌာနဆိုင်ရာအသီးသီးများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များစုံလင်စွာတက်ရောက်ခဲ့ကြပါသည်။ 

ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်နေ့(ကယားဒေး)ဖြစ်ပြီး ယခုကဲ့သို့ နှစ်စဉ် ပွဲတော်ကို စည်ကားသိုက်မြိုက် စွာကျင်းပလျက်ရှိပြီး ယခုဆိုလျှင် ၆ရနှစ်မြောက်ရှိခဲ့ပြီးဖြစ်သည်။
ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံမှာ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်ဟု စတင်ပြောင်းလဲခေါ်ဆိုလိုက်သည့် နေ့အထိမ်းအမှတ်အနေဖြင့် ပွဲတော်ကျင်းပလာရခြင်းဖြစ်သည်။ 

ခူးဦးရယ် (အမျိုးသားရေးလုပ်ရှားမှုနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏အခန်းကဏ္ဍတစေ့တစောင်း) စာအုပ်မှ “ကောက်နုတ်ထားချက်အရ ကရင်နီမှ ကယားသို့အမည်နာမပြောင်းလဲခြင်း” ခေါင်းစဉ်တွင် ကရင်နီဆိုသည်မှာ ကရင်ဖြူများနှင့် ဆင်တူရိုးမှား အဓိပ္ပာယ်ဆောင်သည့်အပြင် အခြားသောလူမျိုးများအကြားတွင်လည်း ထင်ယောင်ထင်မှားဖြစ်စေသဖြင့် မူလအမည်စစ်၊ အမည်မှန်ဖြစ်သော “ကယား” သို့ ပြောင်းလဲပေးရန် ၁၉၄၉ ခုနှစ် ဩဂုတ်လ( ၁၀)ရက်နေ့တွင် တစ်ကြိမ်၊ ၁၉၅ဝ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် တစ်ကြိမ်၊ ဦးစ်ိန်က တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်သည့်အရေးကြီးသော အရေးအရာကိစ္စမျိုး၌ပင်လျှင် ပြင်ဆင်ရန် လွယ်လင့်တကူ လုပ်ဆောင်ဖို့မလွယ်ကူပါ။

လူထုများ၏ဆန္ဒသဘောထားကို လိုက်လျောသောအားဖြင့် ပြင်ရမည်ဆိုပါလျှင် အခြားသောနည်းများရှိပါက ဖြေရှင်းသွားရန်အကြံပြုခဲ့သည်။

သို့ဖြင့် အဆိုပါ တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) တွင် အဖွဲ့ဝင် (၁၀) ဦးပါ ကရင်နီပြည်နယ် အထူးစုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး လူထု၏ဆန္ဒသဘောထားအမှန်ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူစေခဲ့သည်။

အဆိုပါကော်မရှင်မှ မေးခွန်းလွှာပေါင်း (၁၉,၅၀၀) စောင်ကို ဖြန့်ဝေခဲ့ပြီး အဖြေလွှာပေါင်း (၇,၆၆၅) စောင်ကို ပြန်လည်လက်ခံရရှိခဲ့သည်။

ဖြေကြားလွှာများနှင့် လူတွေ့မေးမြန်းမှုများမှ ရရှိလာသော ရလဒ်များအပေါ်အခြေခံကာ ကရင်နီပြည်အား အများဆန္ဒပြုခဲ့ကြသည့် “ကယား” အမည်သို့ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် နာမကရဏမင်္ဂံလာသဘင် အခမ်းအနား ဆင်ယင်ကျင်းပရင်း တရားဝင်သတ်မှတ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

အဆိုပါနေ့ကို ကယားပြည်နယ်နေ့ (ကယားဒေး) အဖြစ်လည်း နှစ်စဉ်ပွဲတော်ကျင်းပလေ့ရှိသည်။

spot_img
spot_img

Recent posts