spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တယော ရွှေတံဆိပ်ဆုရှင်နှင့် တွေ့ဆုံခြင်း

Author

Date

Category

ထျိုးမြာ

ယခုနှစ် နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မောင်ကျော်သီဟနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်တင်ပြထားပါတယ်။

မေး။ ။ မောင်းလေးက တယောကို ဘယ်အချိန်က စတီးခဲ့တာလဲ။
ဖြေ။ ။ ကျနော်တယောတီးတာကတော့ ခုနှစ်တန်း၊ ရှစ်တန်းလောက်ကတည်းက စတီးခဲ့ပါတယ်။ ကျနော်တို့ကို ကသလစ်ဘုရားကျောင်းတို့မှာ သင်ပေးတယ်။ နှစ်ခြင်းက ဆရာတွေလည်း သင်ပေးတယ်။ နောက်ပိုင်းကျရင် ကျင့်ရင်းနဲ့ပေါ့နော။ ဆရာတွေကိုတွေ့ရင်လည်း ဟိုနားမေး ဒီနားမေးရင်းနဲ့ ကျင့်ခဲ့ပါတယ်။

မေး။ ။ ဒီကျောင်းမှာ တယောပြိုင်ပွဲကို ဘယ်လိုစဝင်ပြိုင်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ကယားပြည်နယ်အဆင့်ကျောင်းတွေမှာ ဝင်ပြိုင်ခိုင်းတော့ဝင်ဖြစ်သွားတာပေါ့နော။ အဲ့ဒီမှာပထမရခဲ့တယ်။ ပြီးတော့ ဗဟိုအဆင့်အထိ နေပြည်တော်မှာ အောက်တိုဘာလ (၁၀) ရက်နေ့တုန်းက သွားပြိုင်ရတယ်။ ဒုတိယနှစ် ကျောင်းသူ နော်စေးစေးဝါးနဲ့ သွားပြိုင်ခဲ့တယ်။ အဲ့ဒီမှာ ကျနော်တို့ နှစ်ယောက်စလုံး ရွှေတံဆိပ်ဆု ရခဲ့တယ်ပေါ့။

မေး။ ။ မောင်လေးက ဒီတက္ကသိုလ်မှာ ဘယ်ဘာသာနဲ့အဓိကထားတက်ခဲ့သလဲ။
ဖြေ။ ။ ဒီကျောင်းမှာ ရူပဗေဒအထူးပြုဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပါတယ်။ အခုနောက်ဆုံး အောင်စာရင်းထွက်ပါပြီ၊ ကျောင်းပြီးသွားပါပြီ။

မေး။ ။ အခုကျောင်းပြီးသွားပြီဆိုတော့ မောင်လေးဘာဆက်လုပ်ဖို့စဉ်းစားထားလဲ။
ဖြေ။ ။ အခု ကျနော်က ကျောင်းပြီးသွားပြီဆိုတော့ ခုနကပြောတဲ့ မှော်ဘီက ဂီတကျောင်းကိုဆက်တက်သွားဖို့ရှိတယ်။ အဲ့ဒီကျောင်းမှာ လေးနှစ်တက်ပြီးရင်တော့ သူတို့ ဘွဲ့ပေးမယ်ပေါ့နော။ ကျနော်ဒီဂီတကျောင်းပြီးရင်တော့ ပြည်နယ်အတွက်၊ ရပ်ကွက်အတွက် ကိုယ့်ရဲ့အသင်းတော်အတွက်ပေါ့နော ဒီဂီတလိုင်းကနေ ကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ မောင်လေးကျောင်းတက်ရင်းနဲ့ ပြိုင်ပွဲမှာ ဆုတွေရခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲပြောပြပေးပါအုံး။
ဖြေ။ ။ ဒီကျောင်းမှာပေါ့နော ကျောင်းလည်းတက်ရတယ်။ ပြိုင်ပွဲတွေလည်းသွားရတယ်။ ဆုတွေရခဲ့တယ်ဆိုတော့ စိတ်ထဲမှာအရမ်းပျော်ပါတယ်။ အရင်နှစ်ကလည်းသွားပြိုင်ခဲ့တယ်။ တတိယဆုရခဲ့တယ်ပေါ့နော။ ဒီနှစ်က ရွှေတံဆိပ်ရတယ်ပေါ့နော။ ဟိုမှာရောက်ရင်လည်း သူငယ်ချင်းတွေနဲ့ အများကြီး တွေ့ရလို့ပျော်ပါတယ်။ ကျနော်တို့ဆို တယောတီးတာကြာပြီ။ ဒါပေမဲ့ တစ်ချို့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကလည်း ဒီအနုပညာအလုပ်ကို တက္ကသိုလ်ရောက်မှ တွေ့ဖြစ်တယ်ပေါ့နော။ ဒါပေမဲ့ ကြိူးစားရင်တော့ ဖြစ်ပါတယ်လို့ ကျနော်လည်း ဟိုမှာရောက်တော့ အရမ်းပင်ပန်းတယ်။ နေ့ရော ညရော ကျင့်ရတယ်။ ကြိုးစားခဲ့တော့ အခုဆုရတာပျော်တာပေါ့။

မေး။ ။ မောင်လေးအဖြစ်ချင်ဆုံးအရာတစ်ခု ပြောပြပေးပါအုံး။
ဖြေ။ ။ ကျနော် ဂီတနဲ့ပတ်သက်လို့ အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်တဲ့အထိ ပညာရှင်ဖြစ်ချင်တယ်။ ဒါပေမဲ့ အသက် မွေးဝမ်းကျောင်းအလုပ်အနေနဲ့က မပြောတတ်သေးဘူးပဲ။
မောင်ကျော်သီဟက လွိုင်ကော်တက္ကသိုလ်တက်ရင်း ကျောင်းမှာ ဝါသနာပါတဲ့ တယောဂီတအမျိုးအစားကို တီးခတ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ် ကယားလူမျိုးတစ်ဦးဖြစ်ပြီး လွိုင်ကော်မြို့ ဒေါဥခူကွက်သစ်ရပ်မှာနေထိုင်ပါတယ်။ ရူပဗေဒအထူးပြုဘာသာရပ်ဖြင့် လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts