spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေး

Author

Date

Category

ထျိုးမြာ

ပထမအကြိမ် တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ ကယား(ကရင်နီ)ပြည်နယ်ရှိအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(KSWDC) ပြည်တွင်းတာဝန်ခံ ကိုဗညားက ပြောသည်။

“ကျနော်တို့စဉ်းစားထားတာက ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခုကျင်းပမဲ့ပထမဦးဆုံးအကြိမ် peace forum မှာ အဆင်သင့် မဖြစ်နေသေးတဲ့အပေါ်မှာ ကျနော်တို့ ဒီပထမအကြိမ်ကိုတော့ ကျနော်တို့ သွားနိုင်မှာမဟုတ်ဘူးပေါ့နော။ ကျနော်တို့မှာ အကြောင်းအရာတွေ ကိစ္စတွေ အများကြီးကျန်သေးတယ်။ ဖြစ်စဉ်တစ်ခုလုံးကို ကျနော်တို့က မကြေညပ်တာတွေရှိသေးတယ်။ အဲ့ဒါကြောင့်မလို့ မသွားနိုင်သေးဘူး” ကိုဗညားကပြောပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို မကြိုက်မနှစ်၍ ဖိုရမ်ကို မတက်ရောက်ခြင်းမဟုတ်ဘဲ အခြေအနေတစ်ခုအပေါ်တွင် ဂဃနဏ နှင့်အကြေအလည် ဆွေးနွေးဖို့ရန် လိုအပ်သေးသောကြောင့် ဖြစ်သည်ဟုဆိုသည်။

ဇန်နဝါရီလ(၁၄)ရက်နေ့ လွိုင်ကော်မြို့စေတမန် ခန်းမဆောင်တွင် ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့က အကြိတ်အနယ်ဆွေးနွေးပြီး သဘောထား ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

လူမှုအရပ်ဘက် အဖွဲ့အစည်းအနေနှင့်လည်း ဖိုရမ်တွင် ဒုက္ခသည်ပြန်လည်နေရာချထားရေး ကိစ္စရပ်များလည်း ဆွေနွေးသင့်သည့်အတွက် ထည့်သွင်းဆွေးနွေးမည့် မူပေါ်လစီများအဆင်သင့် မရှိသေးသည့်အတွက် ဖိုရမ်မတက်နိုင်သေးကြောင်း ကရင်နီအမျိုးသမီးအဖွဲ့အစည်း မှ အထွေထွေအတွင်းရေးမှူး မမီးမီးကပြောပါသည်။

“အမတို့ CSOs တွေအနေနဲ့ဆွေးနွေးရမှာကလည်း ပြန်လည်နေရာချထားရေးတွေလည်း ပါတယ်လေး။ ဆိုတော့ ပြန်လည်နေရာချထားရေးကိစ္စမှာ ဆွေးနွေးမယ်ဆိုတော့ အမတို့ဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုတာ ဒီ refugee ကိစ္စတွေမှာ အားလုံးသွားမဲ့သူတွေက တစ်သံတည်း ထွက်ပါ့မလားပေါ့။ အဲ့ကိစ္စတွေကမူပေါ်လစီမျိုးကို ချမှတ်ထားတာတွေမျိုးလည်း သေချာလည်း အမတို့ဘက်မှာ မဆွေးနွေးရသေးဘူးပေါ့နော” ဟု မမီးမီးကပြောသည်။
တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမည့် အကြောင်းအရာအလိုက် ခေါင်းစဉ်များမှာ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့်သယံဇာသ စသည်တို့ ပါဝင်ထည့်သွင်း ဆွေးနွေးသွားကြမည်ဟု သိရသည်။
ယခုဖိုရမ်မှ ရရှိလာသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များကို ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံတွင် ထည့်သွင်း ဆွေးနွေးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှတဆင့် ပေးအပ်သွားနိုင်ရန် ဖြစ်သည်။

တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖိုရမ် ဖြစ်မြောက်ရေးကော်မတီမှ ပထမအကြိမ်ပြုလုပ်မည့် အရပ်ဘက် အဖွဲ့အစည်းဖိုရမ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည်ဟု လျာထားကြောင်းသိရသည်။

တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖိုရမ်သို့ ယခု ပထမအကြိမ် ကယား(ကရင်နီ)ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ မတက်ရောက်နိုင်သေးသော်လည်း ဒုတိယအကြိမ်ဖိုရမ်တွင် တက်ရောက်နိုင်ရန် ပြင်ဆင်သွားမည်ဟုလည်း သိရသည်။

spot_img
spot_img

Recent posts