spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

“ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာလည်းဘဲ ဘိ်န်းအစားထိုးမှုကိစ္စတွေက်ို လျစ်လျူမရှု့သင့်ဘူး”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗုဒ္ဓဘာသာကယန်းမျိုးချစ်လူငယ
်အသင်းကနေပြီးတော့ ဘိန်းအစားထိုးသီနှံအနေနဲ့ ထောပတ်နှစ်ရှည်ပင် စီမံကိန်းကိုဆောင်ရွက်နေတဲ့
 စီမံကိန်းမန်နေဂျာ ဆရာစောဘို

အနောက်ကယန်းဒေသတွေဘက်ခြမ်းထဲက ဒေသခံအများစုဟာဆိုရင် ဘိန်းစိုက်ပျိုးခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြတာဆိုရင် ဘိုးဘွားစဉ်ဆက်ကတည်းကပဲလို့ သိရပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေ ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းတွေကြောင့် ယခုဆိုရင် ဒေသခံတချို့က ဘိန်းအစားထိုးတခြားသီးနှံတွေ စိုက်ပျိုးဖို့ လိုလာနေကြပါပြီ။

ယခုဆိုရင် ဗုဒ္ဓဘာသာကယန်းမျိုးချစ်လူငယ်အသင်းကနေပြီးတော့ မေတ္တာဖောင်ဒေးရှင်း ကနေ ပံ့ပိုးကူညီမှုနဲ့ ဘိန်းအစားထိုး ထောပတ်စိုက်ပျိုးဖို့ စီမံကိန်းကို ရီနွဲ့ကျေးရွာအုပ်စုဒေသတွင်း စတင်ဆောင်ရွက် နေပါတယ်။

ဘိန်းအစားထိုးသီနှံအနေနဲ့ ထောပတ်နှစ်ရှည်ပင် စီမံကိန်းကိုဆောင်ရွက်နေတဲ့ စီမံကိန်းမန်နေဂျာ လည်းဖြစ် ဒေသခံတောင်သူလည်းဖြစ်တဲ့ ဆရာစောဘိုနဲ့ ကန္တာရဝတီတိုင်း(မ်)မှ ဝိုင်းတော်သားတွေ တွေ့ဆုံမေးမြန်းထားချက်တချို့ကို တင်ပြထားပါတယ်။

မေး ။ ။ ထောပတ် စိုက်ဧကကဘယ်လောက်ရှိလဲ ။ စီမံကိန်းကဘယ်လောက်ဧကစိုက်သလဲ။ ဒီ့အပြင် စီမံကိန်းထဲမပါပဲ တခြားရွာသူရွာသားတွေကကော ဘယ်လောက်စိုက်လဲ။

ကျတော်တို့စီမံကိန်းအတွင်းမှာကတော့ ပြီးခဲ့တဲ့နှစ်မှာကအပင်(၂၀၈၉၀)ပေါ့နော် ပုံမှန်အားဖြင့် ပင်(၂၀)ခြားဆိုရင် ကျတော်တို့ ပျမ်းမျှယူလိုက်တာပေါ့နော် တစ်ချို့က(၂၅)ပေခြားရှိတယ်။ တစ်ချို့က(၁၈)ပေခြားတာရှိတယ်ဆိုတော့ ကျတော်တို့ပင်(၂၀)နဲ့ပျမ်းမျှယူတော့ တစ်ဧကကိုပင်(၁၀၀)ဆန့်တယ်ပေါ့ အခုပင်(၂၀၀၉၀)ဆိုရင် (၂၀၉)ဧကလောက်ပေါ့နော် စီမံကိန်းအတွင်းထဲမှာပေါ့ မေတ္တာဖောင်ဒေးရှင်း ပံ့ပိုးမှုနဲ့စိုက်တာပေါ့နော် အပြင်မှာကောက်တဲ့စစ်တမ်းအရဆိုရင်တော့ အပြင်မှာဧကသုံးရာလောက်ရှိတယ်ဗျ သုံးရာအထက်မှာရှိတယ်။

ကြော်ငြာ

မေး ။ ။ စီမံကိန်းထဲမှာမပါတဲ့ရွာတွေကလည်း ဘိန်းအစားထိုးအနေနဲ့ ထောပတ်ပင်တွေကို စိုက်လာကြတယ်ဆိုတော့ သူတို့အနေနဲ့ ဘယ်လိုရည်ရွှယ်ချက်နဲ့စိုက်ဖြစ်လာတာလဲ။

ဖြေ ။ ။ သူတို့ကဘယ်လိုရည်ရွှယ်ချက်နဲ့စိုက်တာလည်းဆိုတော့ ကျတော့အနေနဲ့ဘယ်လိုပြောရမလဲ သူတို့က ဒါကအလား အလာရှိတယ်ပေါ့နော် စီမံကိန်းအတွင်းမှာပေါ့ စီမံကိန်းမှာ ကျတော်တို့လုုပ်လိုက်တဲ့ဟာက သူတို့အနေ နဲ့လည်း စိုက်သင့်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော် ဒါပေမယ့် သူတို့ကိုပြန်မေးကြည့်လိုက်တော့ ဘာလို့စိုက်တာ လည်းဆိုတဲ့ဟာကဈေးကွက် အခိုင်အမာလည်းကျတော်တို့မပြောသေးဘူးပေါ့ ဒါပေမယ့် သူတို့စိုက်ချင် တယ်ဆိုတဲ့ အနေအထားနဲ့ ပေါ့နော် တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အနည်းဆုံးဈေးရခဲ့မယ်ဆိုရင်တော့ သူတို့အတွက် ချေကိုက်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်။

မေး ။ ။ အရင်နှစ်ကဆရာတို့စိုက်ပြီးတဲ့အခြေအနေမှာ နှင်းခါးရိုက်တဲ့ဒဏ်တွေ အခုလက်ရှိအခြေအနေကကော ဆရာတို့ထပ်စိုက်ပြီးပြီဆိုတော့ ဘယ်လောက်ထိဒီဟာကိုမျော်လင့်ထားလဲပေ့ါနော် အရင်နှစ်ကလည်းနှင်းခါးရိုက်တယ် ဒီနှစ်လည်းထပ်စိုက်ထားသေးတယ်ဆိုတော့ ဘာဖြစ်လို့အရှုံးမပေးသေးတာလဲပေါ့နော်။ 
ဖြေ။ ။ ကျတော်တို့ရဲ့ခံယူချက်ကဒိလိုရှိတယ်ဗျ ဘာဘဲလုပ်လုပ် သူကအဆုံးစွန်းထိလုုပ်ကြည့်မယ် ဒါပေမယ့် လက်လျော့သင့်တဲ့ချိ်န်လက်လျော့ရမယ် ကျတော်တို့အခုဒေသမှာ ဖြစ်ပျက်နေတဲ့ထောပတ်ပေါ့ နှင်းခါးကြောင့် သေသွားတဲ့ထောပတ်တွေက နှင်းခါးရဲ့ အန္တရာယ်ကဒေသအခြေအနေရကြည့်မယ်ဆိုရင် ဒါနှစ်တိုင်းကျနေကျ အကြီးအကျယ် ဖြစ်နေကျကိစ္စမဟုတ်ဘူးပေါ့ ဥပမာကျတော်တို့စိုက်လိုုက်တယ် သုံးနှစ်လောက်ခြား ပြီးမှပြန်ကျမယ်ဆိုရင်တော့ အပင်လည်းကြီးပြီဆိုရင်တော့ ကျတော်တို့ မှာမျှော်လင့်ချက်ရှိတယ်ပေါ့ အရင်နှစ်က သုံးပုံနှစ်ပုံလောက်သေသွားပေမမယ့် ဒီနှစ်ကကျတော်တို့အစားထိုးပြန်လုုပ်ကြည့်တယ်ပေါ့နော် ဥပမာတစ်ခါဆုံးရှုံးသွား တာနဲ့ ကျတော်တို့အနေနဲ့လက်မလျော့သင့်ဘူးပေါ့နော် ဒါပေမယ့် အထူးသဖြင့်နှင်းခါးကျတာကတော့ ဒေသခံအသိ ဆုံးပေါ့နှစ်တိုင်းကျနေကျမဟုတ်ဘူးအကြီးအကျယ်ဖြစ်နေကျကိစ္စဟုတ်ဘူးပေါ့။

မေး ။ ။ ဒီမှာရှိတဲ့တောင်သူအများစုက သူတို့ရဲ့အသက်မွေးဝမ်းကြောင်းက အရင်ကတည်းက ဘိန်းဘဲစိုက်လာခဲ့ကြတာလား၊ တခြားဘာအသက်မွေးဝမ်းကြောင်းကြလဲ ။

ဖြေ ။ ။ ဟုတ်ကဲ့ဗျ ဒီကျေးရွာအုပ်စုနဲ့ကြည့်မယ်ဆိုရင်တော့ ၆ဝ ရာခိုင်နှုန်း အနေနဲ့စောနက ကျတော်ပြောခဲ့တဲ့အတိုင်းပေါ့ ဘိန်းစိုက်ပျိုးကြတယ်။ နောက်ကျတော်တို့အောက်ပိုင်းမှာကျ ဘာလုပ်လည်းဆိုတော့ အမဲလိုက်တယ် လက်ယက်ကန်းပေါ့နော် ပလိုင်းရက်တာတို့ရှိတယ် အထူးသဖြင့် ဒိဘက်ဒေသတွေဆိုရင် ကျတော်တို့အနောက်ဘက်ကြည့်မယ်ဆိုရင် ငရုတ်စိုက်တဲ့ ဟာလည်းတော်တော်လေးအဆင်ပြေပါတယ် အုပ်စုအနေနဲ့ကြည့်လိုက်မယ်ဆိုရင် ၆ဝ ရာခိုင်နှုန်းကတော့ဒီမှာတော့ အားလုံးနီးပါးမဟုတ်ဘူး ဆယ်ယောက်မှာ ကျတော်တို့ဒီဘက်ဒေသမှာခြောက်ယောက်ခုနှစ်ယောက်လောက်ကဘိန်းစိုက်နေသေးတယ် ဟိုးအရင်ကတည်းကပေါ့။ အဲ့တာဆိုရင်ခုလက်ရှိကစိုက်လို့ရသေးတာပေါ့နော် ဒါပေမယ့်ခုနကဆွေးနွေးနေကြတဲ့အပေါ်မှာလည်းနိုင်ငံတော်ကမှ မလုပ်နိုင်သေးတာ ..ဘာလို့လုပ်နေသေးလည်းသူများကအဲ့လိုမျိုးဝေဖန်စရာရှိနေသေးတယ်လေးနော် တစ်ချို့ ကပြန်ထောက်ပြတယ် ဒါကလည်း ကြိုတင်ပြင်ဆင်တာပေါ့နော်။

မေး ။ ။ အဲ့တာဆိုရင်ဆရာအနေနဲ့ကောတောင်သူတွေနဲ့ ပေါင်းပြီးတော့ လုပ်တဲ့အချိန်မှာ ဘာအခက်အခဲရှိလဲ ဘာပြောချင်လဲဆရာတို့ဘာဖြစ်လို့လုပ်ရတာလဲ။

ဖြေ ။ ။ ဘိန်းအစားထိုးလုပ်မယ်ဆိုတာနဲ့ ဘိန်းပပျောက်အောင်လုပ်မယ်ဆိုတာကမတူဘူးဗျ ဥပမာအနေနဲ့ ဘိန်းအစားထိုးလုပ်မယ်ဆိုရင် ဘိန်းကိုဖျက်ရမယ် မဟုတ်ဘူး ဆိုလိုချင်တာက နကိုယ်ကတည်းကကျတော်တို့ ဒေသမှာ ဒီဘိန်းကဆယ်စုနှစ်တစ်ခုုမှာပေါ့နော် ဒါကျတော်တို့ မိဘတွေရဲ့ ပံ့ပိုးမှုနဲ့အတူအဆင်မပြေမှု နဲ့အတူဒါကျတော်တို့ ပညာတတ်ဖြစ်လာအောင် ကျောင်းထားနိုင်အောင် နောက်စားဝတ်နေရေး အစစအရာရာ ဖြေရှင်းနေရတာပဲပေါ့ ဒီဘိန်းအစားထိုးမှု ကိစ္စကယခုလက်ရှိစီမံကိန်းမှာတော့ ကျတော်တို့ဘယ်လိုလုပ်ချင်လည်းဆိုတော့ ဥပမာကျတော်တို့ အစိုးရက ဒါမလုပ်ရတော့ဘူးဆိုတဲ့အချိန်မှာ ခုနပြောတဲ့အတိုင်းကျတော်တို့ ဘက်ကအဆင်သင့်ဖြစ်အောင် ဒါကျတော်တို့ ရည်ရွှယ်ချက်ရှိရှိလုပ်တာပါလို့ နောက်တစ်ဘက်မှာလည်းကျတော်တို့ ခုနကဘိန်းပပျောက်ရေး ဆိုတာကကျတော်တို့ နဲ့မဆိုင်ဘူးပေါ့။

မေး ။ ။ တခြားဘာအခက်အခဲတွေရှိသေးလဲ။ 
ဖြေ ။ ။ အခုမှအခြေခံအစမှာစလုပ်နေကြတာဆိုတော့ ဥပမာတစ်ချို့ကပြောကြတာပေါ့နော် ဘာဘဲလုပ်လုပ် ဈေးကွက်ခိုင်မာဖို့လိုတယ် ပြောလေ့ရှိတယ်ပေါ့နော် ကျတော်ကြုံဖူးခဲ့တဲ့တစ်လျောက်မှာပေါ့နော် ကျတော်တို့ဘာပဲ လုပ်လုပ် ဘယ်ဟာမှ ကျတော်တို့အတွက် အာမခံချက်ရှိတယ်ဆိုတဲ့သီးနှံမရှိဘူး ဈေးကတော့ တက်လိုက် ကျလိုက်ပဲပေါ့ တစ်နည်းအားဖြင့် စီးပွားရေးအမြင်နဲ့ကြည့်မယ်ဆိုရင် ရောင်းလိုအားနဲ့ဝယ်လိုအားပေါ့ ဒီလောက်တော့ ကျတော်တို့ နားလည်ပါတယ် ဈေးကဒီလောက်ဖြစ်ရမယ်ဆိုတဲ့ အာမခံချက်ကိုလည်းကျတော်တိုှ့ ကိုယ်တိုင်မပေးနိုင်ဘူး ဒီကိစ္စတွေကပုံသေဈေးဆိုတာက အစိုးရတောင်မလုပ်န်ိုင်တဲ့ကိစ္စပေါ့နော်။

မေး ။ ။ အဲ့တာဆိုရင်ဆရာအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါမှမဟုတ် ပြည်ထောင်းစုအစိုးရဖြစ်ဖြစ် ပြည်နယ်အစိုးရဖြစ်ဖြစ်ဆရာ့ အနေနဲ့ကော ဘာတိုက်တွန်းနိုးဆော်ချင်လဲ။

ဖြေ ။ ။ ဒိလွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရတွေကိုကျတော်မေးချင်တာပေါ့နော် ဥပမာဒ်ီအစားထိုးလုပ်ဖို့ကတော့ ဘာ့ပဲလုပ်လုပ်တောင်သူတွေရဲ့ အသိစိတ်နဲ့ အတူအစိုးရလည်းထိုက်သင့်တဲ့ အလျောက်ပံ့ပိုးပေးရမယ် ဒီလိုမှမပံ့ပိုးဘူး ဆိုရင်တော့ ဒါကအတိုင်းအတာတစ်ခုထိအနေနဲ့ အဆင်ပြေနိုင်မှာတော့ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာလည်းပဲဘိ်န်းအစားထိုးမှုကိစ္စတွေက်ိုလျစ်လျူမရှု့သင့်ဘူး။ ပြည်သူတွေက ဘယ်လိုအသက်ဆက်ကြမလဲ ဘာတွေလုပ်ခြင်းအားဖြင့် ဘိန်းထက်ကောင်းတဲ့ဝင်ငွေကိုကျတော်တို့ ဘယ်လိုစိုက်ကြမလဲ ဘယ်လိုလမ်းကြောင်းမျိုးနဲ့သွားကြမလဲဆိုတာ ဥပမာကျတော်တို့ စကာဝိုင်းပဲဖြစ်ဖြစ် ဆွေးနွေးပွဲတစ်ခုဖြစ်ဖြစ် လွတ်တော်ကိုယ်စားလှယ်တွေနဲ့တောင်သူတွေနဲ့ ကျတော်တို့ လိုအဖွဲ့အစည်းတွေနဲ့ တွေ့ပြီးမှ လာရောက်ဆွေးနွေးပေးကြပါလို့ ပေါ့နော်။

spot_img
spot_img

Recent posts