spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသူ/သား နှစ်ဆတိုးခေါ်

Author

Date

Category

စိုးရယ်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယခင်နှစ်ထက် ကျောင်းသား၊သူများကို နှစ်ဆပ်ကျော် လက်ခံခေါ်ယူမယ်လို့ ၎င်းကျောင်းမှ ကျောင်းအုပ် ဦးထွန်းအောင်က ပြောပါတယ်။

ယခင်နှစ်တွေမှာ ၅ဝ ယောက်ဘဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။

အရပ်ဝေးအရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနှင့် မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဥင်္ီးစားခေါ်ယူထားပါတယ်။

ကျောင်းက ကလေးတွေကို စလက်ခံတာကတော့ အစိုးရကျောင်းအောင်စာရင်း ထွက်ပြီးတစ်ပတ်အကြာ စတင်ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

ခေါ်ယူပုံအဆင့်ဆင့်မှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် အသိပေးခေါ်ယူပြီး ကွင်းဆင်းတာတွေ လုပ်တယ်လို့သိရပါတယ်။

၎င်းကျောင်းရဲ့ စည်းမျဉ်းအရ မိန်းခလေး ၅ တန်းအထိ ခေါ်ယူမှာဖြစ်ပြီး ယောကျင်္ားလေးမှာ ၈ တန်းအထိ လက်ခံတာဖြစ်တယ်လို့ ဦးထွန်းအောင်က ပြောပါတယ်။

“အဓိကကတော့ ၁ဝ တန်း မအောင်ချင်ဘဲ ထွက်သွားမဲ့ ကလေးကို မခေါ်ချင်ဘူး နိုင်ငံတော်က ငွေအကုန်ကျခံပြီး ကျနေ်ာတို့ နတလကျောင်းအတွက် သုံးစွဲရတဲ့အတွက် တကယ့် မိဘမဲ့၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ တချို့က ပညာရေးပို်င်းမှာ စိတ်ဝင်စားမှုအားနည်းနေတာ တွေ့ရပြီး တချို့ စာစိတ်ဝင်စားမှုအားကောင်းတဲ့ ကလေးကိုသာ လိုက်စုရတဲ့အခါ တကယ် အခက်ခဲကြုံနေရပါတယ်။” ဦးထွန်းအောင်က ပြောပါတယ်။

ထို့ပြင် ဝင်ခွင့် အရည်အချင်းတွေ သတ်မှတ်ချက်ရှိပြီး ယင်းကျောင်းမဝင်ခင် စာမေးပွဲ ပြန်လည်ဖြေဆိုမှု ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့   မိခင်ဘာသာစကားကို တတ်ကျွမ်းထားရမယ်လို့လည်း သိရပါတယ်။

ကျောင်းသူ/သားတွေကို နေစရိတ်၊ စားစရိတ် နှင့် စားစရိတ်များကို အဓိကထောက်ပံ့ပေးကာ အနီးဆုံးကျောင်းဖြစ်တဲ့ အ.ထ.က (၇) ကျောင်းမှာ ပညာသင်ကြားစေတာဖြစ်ပါတယ်။

၎င်းကျောင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသူ/သားတွေကတော့ သူတို့ကျောင်းရဲ့  အတွေ့အကြုံတွေကို အခုလို ပြောပြသွားကြပါတယ်။

ဒေါတမကြီးရွာမှ မောင်စူးရယ်က “အစတော့ ဒီမှာ အများနဲ့နေတော့ သိပ်မနေတတ်ဘူး။ ခုတော့ အများနဲ့ နေတတ်လာတယ် အပေါင်းသင်းများလာတယ် ပြီးတော့ သူတပါးပေါ် ကိုယ်ချင်းစာစိတ် ရှိလာတယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြို့  မှ မောင်ဝင်းထွန်းနိုင်ကတော့ “သင်တန်ုးကျောင်းမှာ လာနေတာ ၅ နှစ်လောက်ရှိပါပြီ ပျော်ပါတယ် တခါတလေတော့  မပျော်ဘူး အများအားဖြင့်တော့ ကောင်းပါတယ် အကျိုးအများကြီးတက်ရောက်ပါတယ် အပြင်မှာက ဒီမှာလောက် အခွင့်အရေးမရှိဘူး”  

ဘောလခဲမြို့မှ မရီးမြာက “ ဒီကျောင်းမ လာတော့ ပညာတတ်ကြီးဖြစ်အောင်တော့ ကြိုးစားမှာပေါ့ မိဘကတော့ ဆင်းရဲတယ် တောင်ယာဘဲ လုပ်စားတယ် တရက်လုပ် တရက်စားပေါ့ ကိုယ်မွေးတဲ့မြေမှာ တိုးတက်အောင်ပြန်လုပ်မယ်” လို့ ပြောဆိုသွားကြပါတယ်။

ယင်းကျောင်းသည် ၁၉၉၄ ခုနှစ်  ဗိုလ်မှူးချုပ်မောင်ကြီးကနေ စပြီးတော့ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ မြို့မိမြို့ဖနှင့် လူမှုဝန်ထမ်းအောက်ကနေပြီးတော့ ပရဟိတ ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလမှာ အစိုးရအဖွဲ့မှ အစည်းဝေးဆုံးဖြတ်ချက်အရ နယ်စပ်ဒေသလူငယ် သင်တန်းကျောင်း ဖွင့်လှစ်ဖို့ စတင်ဆွေးနွေးပါတယ်။

၁၉၉၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင်  နယ်စပ်ရေးရာကနေတဆင့် လက်လွှဲ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အစိုးရ ပညာရေးဦးစီးရေးဌာနအနေနဲ့ကတော့ ၁၉၉၈ ခုနှစ် အောက်တိုဘာလ မှာ ယင်းကျောင်းကို လက်တွဲဖို့ လက်ခံလာခဲ့တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts