spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ် ကုန်သွယ်ရေးစခန်းအတွက် မျှော်လင့်ချက် ကြီးကြီးမားမားထား၍ မရသေးကြောင်း ကုန်သည်ကြီးများအသင်း ဥက္ကဌပြော

Author

Date

Category

မူအက်စတာ
ကယားပြည်နယ် မယ်စဲမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ မျှော်လင့်ချက် ကြီးကြီးမားမားထား၍ မရသေးကြောင်း ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဆော်လမွန်က ဆိုသည်။
ကယားပြည်နယ် မယ်စဲမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ စက်မှုလုပ်ငန်းအတွက် စက်ပစ္စည်းများ တင်သွင်းရန်အခြေအနေမှာလည်း လုပ်ဆောင်၍ မရသေးသည့် အနေအထားတွင်သာ ရှိနေသေးသည်။
“စက်မှုဇုန်အတွက် ဒီအ ပေါက်ကနေ တင်သွင်းလို့မရသေးဘူး၊ မူဆယ်တို့ အဲ့အပေါက်ကနေတော့ တင်လို့ရတယ် အခုဆိုရင် ကားဝင်လို့မရသေးဘူး၊ ကြီးကြီးမားမားမျှော်လင့်လို့မရသေးဘူး၊ ဒါပေမယ့် နောက်ပိုင်းတော့ ဖြစ်နိုင်ပါတယ်” ဟု ဦးဆော်လမွန်ကပြောသည်။
ယခုလောလောဆယ်တွင် ထိုင်းနိုင်ငံက ကယားပြည်နယ်စပ်မှ နေပြီး ပြည်နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်များမှာ စားသောက်ကုန်များနှင့် လူသုံးကုန်များသာ ဖြစ်ပြီး စက်မှုထုတ်ကုန်များ၊ စက်မှုဇုန်အတွက် ကုန်များမှာ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ကုန်များတင်သွင်းနိုင်ရန်အတွက် လိုင်စင်တစ်ခုရရှိထားပြီဖြစ်သော်လည်း ကုန်စည်စီးဆင်းရန်အတွက် ယခုထိခွင့်မပြုသေးသောကြောင့် မတင်သွင်းနိုင်သေးကြောင်း ဒေါငံခါးရပ်ကွက်မှ ဦးပေါလ်သယ်မောအီက ပြောသည်။
“ကျနော်တို့ တင်သွင်းဖို့တော့ လိုင်စင်တော့တစ်ခုရပြီ ဒါပေမယ့် အခုလောလောဆယ်မဖွင့်သေးဘူးကော တရားဝင်မဖွင့်ရသေးဘူးကော။ ဖွင့်တော့ဖွင့်ပြီ ဒါပေမယ့် တရားဝင်ကုန်စည်စီးဆင်းမှုတွေအတွက် ပြင်ဆင်နေတုန်းပဲကော ” ဟု ၎င်းကပြောသည်။
ယခုတွင် မယ်စဲမြို့မှ ဘီပီ ၁၃ အထိ အဆင်ပြေပြေသွားလာနိုင်စေရန်အတွက် နိုင်ငံတော်မှ ဘတ်ဂျက်မြောက်များစွာသုံးပြီး လမ်းကိုအဆင့်မြှင့်တင်နေသည်။

spot_img
spot_img

Recent posts