spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပွန်ချောင်းအရှေ့ဘက်ကမ်းတလျှောက် တောင်ယာ တိုးချဲ့ခြင်းမပြုရန် ကန့်သတ်ထား

Author

Date

Category

စိုင်းလင်းလင်းဦး

ဘောလခဲ – ရှားတောမြို့နယ် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ပွန်ချောင်းအရှေ့ဘက် ကမ်းတလျှောက်တွင် တောင်ယာတိုးချဲ့လုပ်ကိုင်ခြင်းမပြုလုပ်ရန် ကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးတိုးချဲ့လုပ်ကိုင်လိုသူများ အခက်တွေ့နေကြရကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာသား တစ်ဦးမှ ကန္တာရဝတီတိုင်း(မ်)သို့ ဇန်နဝါရီ ၁၆ ရက်နေ့က စာရေးသား ပေးပို့ထားသည်။

“ပွန်ချောင်းအရှေ့ဖက်ကမ်း တောင်ယာခြံမြေ လုပ်ကိုင်ခြင်းမပြု (ပုံ-ဒေသအာဏာပိုင်)” ဟူသော တားမြစ်စာကို သစ်ပင်များတွင် လိုက်လံကပ်ထားကြောင်း နှင့် ပွန်ချောင်းအနောက်ဖက်ကမ်းတွင် တည်ရှိသော ဒေါတမကြီးကျေးရွာနေ ရွာသားအချို့မှ စိုက်ပျိုးမြေများရှားပါးလာခြင်းကြောင့် လိုအပ်ချက်အရ သီးနှံစိုက်ပျိုးရန်အတွက် သွားရောက် လုပ်ကိုင်လိုကြသော်လည်း တားမြစ်စာကြောင့် အခက်တွေ့နေခြင်းဖြစ်ကြောင်း ပေးပို့ထားသော စာတွင်ပါရှိပါသည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ကယားပြည်နယ်ဒေသလေ့လာစောင့်ကြည့်ရေးကွန်ရက် ဒီးမော့ဆိုအရှေ့ခြမ်း မြို့နယ်ကိုယ်စားလှယ် ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာနေ ဦးကေးရယ်ဝင်းမောင်းနှင့် မေးမြန်းခဲ့ရာ “ဒေါတမအရှေ့ဖက် ပွန်ချောင်း ထီးဆိုးခူးဆိုတဲ့ အရှေ့ဖက် နေရာတစ်ခြမ်းလုံးမှာ တောင်ယာခုတ်ခွင့်မရှိဘူးလို့ နောက်ပြီး သစ်ခုတ်ခွင့်မရှိဘူးလို့ လူထုတွေဆီမှာ ကျနော် သတင်းအချက်အလက်ကြားသိရပါတယ်။” ဟု သူက ပြောပြပါသည်။

ထိုကဲ့သို့ ကန့်သတ်ချက်များ ပြုလုပ်ထားခြင်းရှိမရှိကို သက်ဆိုင်ရာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေး ရုံးသို့ သွားရောက်မေးမြန်းခဲ့ပါသည်။

ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများကိုယ်စား KNPP အမှတ် (၁) ခရိုင်အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောက အဆိုပါနေရာများသို့ လာရောက် ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် သစ်ပင်များ ခုတ်လှဲကာ ထိုသစ်ပင်များမှ ပွန်ချောင်းအတွင်းသို့ လှဲချသဖြင့် ရေနေ သတ္တဝါများ ခိုအောင်းရာ နေရာများပျက်စီးလာနိုင်ခြင်း၊ သစ်များခုတ်ယူရာတွင် တပိုင်တနိုင်ခုတ်ယူရာမှ စီးပွားဖြစ်အထိ ခုတ်ယူရောင်းချခြင်းကြောင့် သစ်တောပြုန်းတီးလာနိုင်ခြင်းနှင့် ယင်းနေရာထံ ဒုက္ခသည်စခန်းမှ လူများ ပြန်လည်အခြေချ နေထိုင်ပါက ၎င်းတို့၏ စားသောက်လုပ်ကိုင်နေထိုင်ရန်အတွက် အခက်တွေ့လာနိုင်ခြင်းကြောင့် တားမြစ်ထားရခြင်းဖြစ်ကြောင်း ရှင်းပြသွားသည်။

“ဒီဖက်မှာက သူဒေသအလိုက် ရပ်ရွာတွေရှိတယ်။ တနေ့တချိန်ကျရင် ပြောလို့မရဘူး ဒုက္ခသည်တွေ ပြန်လာနိုင်တယ်။ ရပ်ရွာမှာ ပြန်လာနေမယ် သဘောက ဒီယာမြေတွေမှာ ပြန်လာလုပ်စားမှာပဲ။” ဟု ဦးဖိုးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ဒေါတမကြီးကျေးရွာအုပ်စုသည် အိမ်ခြေ ၄၀ဝ ကျော်ရှိပြီး လူဦးရေး ၁၈၀ဝ ကျော်ရှိသည်။ လူဦးရေတိုးပွားလာသည်နှင့်အတူ ဝမ်းစာရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် စိုက်ပျိုးမြေနေရာများ လိုအပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံအများစုမှာ ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသော်လည်း မြေဧရိယာအချို့မှာ ကျောက်တုံးများထူထပ်သဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ရန် မဖြစ်ထွန်းဟု သိရသည်။

spot_img
spot_img

Recent posts