spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ပွဲခွင့်ပြုမိန့် ကြန့်ကြာမှု ဖြေရှင်းပါ

Author

Date

Category

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဟိုတယ်များတွင် ဆွေးနွေးပွဲများ ၊ဟောပြောပွဲများပြုလုပ်လိုလျှင် ပြည်နယ်အစိုးရသို့ ၁၅ရက်ကြို တင်ကာ စာတင်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဘာသာရေးအဆောက်အဦးများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောပွဲများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ NGO၊ INGOနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမှုရေးနှင့် အသိပညာပေးသင်တန်းများ ပြုလုုပ်ရာတွင် ခွင့်ပြုမိန့်များ စောင့်ဆိုုင်းနေရခြင်းကြောင့် အခက်အခဲကြုံနေကြရသည်။

အစည်းအဝေးပွဲလုပ်ရန် ၁၅ရက်ကြိုတင်ကာ စာတင်ရမည်ဖြစ်သော်လည်း
၎င်းတို့ အစိုးရဘက်မှ ၎င်းရက်အတွင်း အကြောင်းမပြန်နိုုင်ခြင်းကြောင့်
အဖွဲ့အစည်းများက အခြားပြည်နယ်ဘက်ကို ပြောင်းရွှေ့ကာပြုလုုပ်ရန် စဉ်းစာလာကြပြီဖြစ်သည်။

သင်တန်း၊ ဟောပြောပွဲ၊ ဖိုုရမ်နှင့် ညီလာခံအစရှိသည့်ပွဲများကိုုအခြားပြည်နယ်ဘက်ကိုပြောင်းရွှေ့
ပြုလုပ်ရသည့်အတွက်ကြောင့် ၎င်းနှင့် ဆက်စပ်၍ ဝင်ငွေရသည့် လုုပ်ငန်းများအတွက် အထိနာစေမည်ဖြစ်သည်။

ယခင်က NGOsများ ဗုန်းဘောလအောဝင်ရောက်လာမှုကြောင့် ပြည်နယ်အတွင်း
လုပ်ငန်းများထပ်ကာ ဒေသခံများစိတ်ရှုပ်ခဲ့ရဖူးသည်။ ထိုသို့ကိစ္စမျိုး
ထပ်မံမဖြစ်ရန် ရည်ရွယ်လိုုက်သည်ဟုု ယူဆရသည်။

INGOSနှင့် NGOsများကို စနစ်တကျကိုင်သွယ်ခြင်းအား မပြောလိုုသော်လည်း
ပြည်နယ်အတွင်း နေရာအနှံ့ လူမှုဖွံ့ဖြိုးရေးလုုပ်ငန်းများ ထဲထဲဝင်ဝင်လုုပ်ဆောင်နေသည့် ပြည်နယ်အခြေစိုုက် CSOsများကိုပါ
ညွှန်ကြားချက်အတွင်း ထည့်သွင်းခြင်းမှာမဖြစ်သင့်ပေ။

ခွင့်ပြုမိန့်တင်ရမည်ဟုု သတ်မှတ်လိုုက်သလိုု ခွင့်ပြုချက်အတွက် ၎င်းအချိန်အတွင်းအစိုုးရမှ အချိန်မီစီမံခန့်ခွဲပြီး လုုပ်ဆောင်ရန်လိုအပ်ကြောင်း ရေးသားအပ်သည်။

spot_img
spot_img

Recent posts