spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်​ခုံမြို့က ဂိုးသွင်းချန်ပီယံ ရိုဘင်တိုင်စန်

Author

Date

Category

မူဂျာမီလှိုင် ရေးသားသည်။

ဖယ်ခုံမြို့နယ်၊ နမ့်ပေါ်လုံရွာသား ခွန်းရိုဘင်တိုင်စန်ဟာ ကျောင်းတက်တဖက်နဲ့ နေရှင်နယ်လိဂ်အဆင့်၊ ရှမ်းယူနိုက်တက်အသင်းမှာ ဘောလုံးကန်ခွင့်ရနေတဲ့ ကယန်းတိုင်းရင်းသားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနှစ် MNL(မြန်မာနေရှင်နယ်လိဂ်)ပြိုင်ပွဲရဲ့ သွင်းဂိုးတွေဟာ သူကစားလာခဲ့တဲ့ သက်တမ်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ ရာသီလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းက ရိုဘင်တိုင်စန်၊ ရိုဘင်၊ မိုက် စတဲ့နာမည်တွေ ခေါ်ကြပါတယ်။ ရိုဘင်ရဲ့ မိဘတွေဟာ တောင်ယာအလုပ်တွေကို ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ ကယန်းလူမျိုး တောင်သူလယ်သမားတွေပဲ ဖြစ်ပါတယ်။ မွေးချင်း ၅ ယောက်ထဲမှာမှ ရိုဘင်ဟာ ဒုတိယမြောက်သားပဲ ဖြစ်ပါတယ်။

ရိုုဘင်တိုုင်စန်
ရိုဘင်ဟာ ၁ဝ တန်းပြီးသွားတဲ့အချိန်မှာ သူ့ရဲ့ ရည်မှန်းချက်တွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့အတွက် တောင်ကြီးကိုသွားပြီး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။
 
မြို့ကြီးပြကြီးရှိ လေ့ကျင့်ကွင်းတွေထဲဝင်ရင် ငွေကြေးပေးပြီးဝင်ရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့ ရိုဘင်တစ်ယောက် ကွင်းထဲကိုဝင်ပြီးကစားဖို့ မတတ်နိုင်ခဲ့ပါဘူး။
 
ကွင်းနောက်မှာပဲ ကိုယ်ပိုင်လေ့ကျင့်နေရာက နည်းပြတွေက သူ့ရဲ့အရည်အချင်းကိုသိသွားပြီး ကွင်းထဲကိုခေါ်သွင်းကာ ခြေစစ်ပွဲကို ဝင်ပြိုင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

̏ ငွေကြေးကလည်းမတတ်နိုင်တော့ ဆက်ပြီးမကန်တော့ပါနဲ့ဆို ဆက်ကန်တယ်၊ သူ့ကိုကြည့်ပြီးစိတ်တိုတယ်၊ ဒါပေမယ့် နောက်ပိုင်းတော့လည်း သူ့ကိုအကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်စေချင်ပါတယ်˝ လို့ ရိုဘင်ရဲ့ တစ်ဦးတည်းသောအစ်မကြီးက ဆိုပါတယ်။

ရိုုဘင်တိုုင်စန်

တောင်ကြီးကနေ ရန်ကုန်ကိုလေ့ကျင့်ရေးဆင်းလာတော့ ရိုဘင်မှာ အခက်အခဲအများကြီးကြုံခဲ့ရပါတယ်။ အဓိက က ရာသီဥတုမတူညီမှုကြောင့်ပါ။ တောင်ကြီးရဲ့ ရာသီဥတုက အေးပြီးရန်ကုန်ရဲ့ ရာသီဥတုက ပူပြင်းတဲ့အတွက်ကြောင့် လေ့ကျင့်ရင်း နေမကောင်းဖြစ်တဲ့ပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ပွဲတွေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လေ့ကျင့်ရင်း၊ ပွဲကစားရင်းနဲ့ သူကလပ်ထဲကိုရောက်သွားခဲ့ပါတယ်။ ကလပ်ထဲရောက်တော့ နည်းပြတွေဟာ ကစားနည်းတွေကို စနစ်တကျနဲ့ ထပ်မံလေ့ကျင့်ပေးခဲ့တဲ့အတွက် ကစားကွက်တွေ ပိုတိုးတက်လာစေခဲ့ပါတယ်။
လက်ရှိ ရှမ်းယူနိုက်တက်အသင်းမှာ ဝင်ရောက်ကစားနေတဲ့ တိုက်စစ်မှူးရိုဘင်ဟာ ဘောလုံးရာသီ နှစ်ရာသီမှာ ပွဲစဉ် ၄ဝကျော်ကစာခဲ့ပြီး ဂိုးပေါင်း (၃ဝ﴿ကျော်ကို သွင်းနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိ ရိုဘင်ကိုတော့ ရှမ်းယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းချန်ပီယံ တစ်နည်းအားဖြင့် ဂိုးသွင်းဘုရင်အဖြစ် တင်စားထားကြပါတယ်။

ရိုုဘင်တိုုင်စန်

ရိုဘင်ဟာ ကလပ်ထဲကိုမဝင်ခင်ကတည်းက အကောင်းဆုံးဆုတွေအပါအဝင် အခြားဆုတံဆိပ်တွေကို တစီတတန်းကြီးကို ပိုင်ဆိုင်ဖူးခဲ့ပါတယ်။ အိမ်နံရံပေါ်မှာ ကြည့်လိုက်ရင် သူ့ရဲ့ဆုတံဆိပ်ဆွဲပြားတွေကို တန်းစီချိတ်ထားပါတယ်။ ဧည့်ခန်းဗီရိုထဲမှာလည်း ဆုတွေကပဲ နေရာယူထားတာကို တွေ့ရပါတယ်။

တက္ကသိုလ်တတိယနှစ်ဖြစ်တဲ့ ရိုဘင်တိုင်စန်ဟာ နောက်ပိုင်းတွေမှာလည်း ကျောင်းတက်ရင်းနဲ့ ဘောလုံးကို ဆက်ကစားသွာမယ်လို့ ဆိုပါတယ်။

̏ကျွန်တော် နောက်ပိုင်းမှာလည်း ဒီလိုကစားလို့ ကျွန်တော့်ကျောင်းစာကိုလည်း မလစ်ဟင်းစေရပါဘူး၊ ကျွန်တော်အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။˝

ရိုဘင်ရဲ့ အိပ်မက်က တစ်နေ့မှာ အကောင်းဆုံး ဘောလုံးချန်ပီယံတစ်ယောက်ဖြစ်ဖို့ပါပဲ။

spot_img
spot_img

Recent posts